ထားဝယ်မြို့ဝင်ဂိတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံး

RFA Burmese
2025.01.28
ထားဝယ်မြို့ဝင်ဂိတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်သား ခုနစ်ဦးသေဆုံး တနင်္သာရီတိုင်း ထားဝယ်မြို့ စစ်ဆေးရေးဂိတ်အား တိုက်ခိုက်နေ့သည့် ဓဝယ်အမျိုးသား လွတ်မြောက်ရေးတပ်မတော် (DNLA) ပူးပေါင်းတပ်ဖွဲ့ဝင်များအား ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁၈ ရက်နေ့က ဒူရကစစ်ကြောင်းမှ ထုတ်ပြန်ထားစဉ်။
ဓာတ်ပုံ - ဒူရက စစ်ကြောင်း

တနင်္သာရီတိုင်း ထားဝယ်မြို့အဝင်မှာရှိတဲ့ ကမြောကင်းတံတားစစ်ဆေးရေးဂိတ်ကို ဒူရကစစ်ကြောင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်သား ခုနစ်ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ ဇန်နဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်ပါတယ်။

လမ်းသွားလမ်းလာတွေကို ဖိနှိပ်တာကြောင့် ဇန်နဝါရီလ ၂၇ ရက်နေ့ညနေက သွားရောက် တိုက်ခိုက်ခဲ့တာလို့ ဒူရကစစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက RFA ကို ပြောပါတယ်။

"လမ်းသွားလမ်းလာတွေကို မတရားဖိနှိပ် အတင်းအကျပ် စစ်ဆေးတာရယ်၊ အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးတာတွေ Smart card မရှိရင် အတင်းလုပ်ခိုင်းတာတွေကြောင့်ပါ၊ ခုနစ်ဦးလောက်သေဆုံးနိုင်ပြီး အများအပြား ဒဏ်ရာရရှိတာတွေ ရှိပါတယ်၊ ပစ်ခတ်မှုဖြစ်ပြီးမကြာဘူး အရေးပေါ်လူနာတင်ယာဉ်တွေ ရောက်လာတယ်လို့ ကြားပါတယ်"

ဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်သား ခုနစ်ဦးထက်မနည်းသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရခဲ့သလို ပူးပေါင်းတပ်ဖွဲ့ဘက်က ထိခိုက်မှုမရှိဘူးလို့လည်းဆိုပါတယ်။ သေဆုံးဒဏ်ရာရတာတွေနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးပါဘူး။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ဆက်သွယ်မေးမြန်းပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။

ထားဝယ်မြို့ဝင်ဂိတ်တိုက်ခိုက်မှုကို ဒူရကစစ်ကြောင်းဦးဆောင်ပြီး ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (DNLA)၊ ရေဖြူပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (YPPDF) နဲ့ ဖက်ဒရယ်ဓူဝံဒရုန်းတပ်ခွဲ (FPF) တို့ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။