ကချင်ပြည်နယ် အတွင်းက တိုက်ပွဲတွေရပ်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေ တိုက်တွန်း
2013.01.15

Photo:RFA/Kyaw Myo Min
သမ္မတဦးသိန်းစိန်ရဲ့ ဦးဆောင်မှုနဲ့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတဲ့အတွက် နိုင်ငံတကာက ချီးကျူးနေချိန်မှာ အရင်စစ်အစိုးရခေတ်က ပုံရိပ်ဟောင်းတွေ ထင်ဟပ်ခြင်းမရှိအောင် သတိပြုဖို့နဲ့ အခုလို အရေးကြီးတဲ့ အလှည့်အပြောင်းကာလမှာ အစိုးရအနေနဲ့ တိုင်းရင်းသားတွေနဲ့ စစ်မှန်တဲ့ယုံကြည်မှု တည်ဆောက်သွားဖို့လိုတယ်လို့ အဖွဲ့ ၃ဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်တဲ့ကြေညာချက်မှာ တိုက်တွန်းထားပါတယ်။
ဒါ့အပြင် နှစ်ပေါင်း ၆၀ကျော် တိုင်းရင်းသားပြဿနာတွေကို စစ်ရေးနဲ့ဖြေရှင်းလို့ မပြေလည်ခဲ့တဲ့ သမိုင်းအတွေ့အကြုံကြောင့် ဒီနေ့ကာလမှာလဲ ပြည်တွင်းပြဿနာတွေကိုစစ်ရေးနဲ့ ဖြေရှင်းတာလုံးဝဆန့်ကျင်တယ်လို့လဲ အဖွဲ့ ၃ဖွဲ့ရဲ့ကြေညာချက်မှာပါရှိပါတယ်။