အဲဒီဆွေးနွေးပွဲမှာ ဖိလစ်ပိုင်ဗိုလ်မှူးကြီး Gilbert I Gapay က သူတို့တပ်မတော်က ငြိမ်းချမ်းရေးနှင့် လူ့အခွင့်အရေး ဖော်ဆောင်နေတာနဲ့ပတ်သက်လို့ ရှင်းလင်းပြောဆိုသလို၊ ၈၈မျိုးဆက် ကျောင်းသားတွေရဲ့ မေးမြန်းချက်တွေကို ဖိလစ်ပိုင် တပ်မတော်ရဲ့ သက်ဆိုင်ရာဌာန အသီးသီးက အရာရှိကြီးတွေနဲ့ ကာကွယ်ရေးဦးစီးချုပ်တို့က ပြန်လည်ဖြေကြားခဲ့ပါတယ်။
ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့က ကိုယ်စားလှယ် ၁၆ ဦး ဟာ ကမ္ဘောဒီးယားနိုင်ငံ အခြေစိုက် “ငြိမ်းချမ်းရေးနဲ့ ပဋိပက္ခလေ့လာရေးဌာန” ရဲ့ အစီအစဉ် နဲ့ ဖိလစ်ပိုင်နိုင်ငံကို ၄ ရက်ကြာခရီးထွက်နေတာဖြစ်ပြီး၊ ဒီခရီးစဉ်အတွင်း ဖိလစ်ပိုင်နိုင်ငံမှာ ငြိမ်းချမ်းရေးဆောင်ရွက်နေတဲ့အဖွဲ့တွေနဲ့ တွေ့ဆုံမယ်လို့ သိရပါ တယ်။