သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-01-06
ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ နှင်းပန်း (၁) လမ်းက အိမ်အမှတ် - ၄၅ မှာ ရိုဟင်ဂျာ ၂၇ ဦးကို ဒီနေ့ ဇန်နဝါရီလ ၆ ရက်၊ နေ့လယ်ပိုင်းမှာ စစ်ကောင်စီက ဖမ်းဆီးသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-06
အင်တာနက်လိုင်းတွေ တစ်နှစ်ကျော်ထိပိတ်ထားတဲ့ ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်နဲ့ စစ်ကိုင်တိုင်းအထက်ပိုင်းမြို့နယ်တွေမှာ စစ်ကောင်စီက ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၃ ရက်နေ့က အင်တာနက်လိုင်းတွေကို ပြန်ဖွင့်ပေးခဲ့ပေမယ့် တစ်ရက်အကြာမှာပဲ ပြန်ပိတ်သွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-06
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲ၊ ဖယ်ခုံနဲ့ ကယားပြည်နယ်အတွင်းမှာ စစ်တပ်က အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၂ ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အချိန် ၂၃ လတာကာလအတွင်း အရပ်သား ၄၁၉ ဦး သေဆုံးခဲ့ရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု PKPF တာဝန်ရှိသူ တစ်ဦးက RFA ကို ပြောပါတယ်။
2023-01-06
ရှမ်းပြည်နယ်တောင်ပိုင်း၊ အင်းလေးကန်အနောက်ဘက်ခြမ်း ငါးမိုင်ခန့်အကွာက ညောင်ရွှေမြို့နယ်၊ သန်းထောင်ရွာနဲ့ ဘုရားနီရွာအနီးမှာ ဇန်နဝါရီလ ၃ ရက်နေ့က စစ်ကောင်စီတပ်နဲ့ PDF အမှတ် ၁၀၀၉ တပ်ရင်းတို့ တိုက်ပွဲဖြစ်ပွားပြီး PDF သုံးဦးသေဆုံးကာ တစ်ဦးဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-06
စစ်ကောင်စီတပ် စစ်ကြောင်းထိုး ဝင်ရောက်လာတာကြောင့် စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နဲ့ ညောင်ပင်ကြီးရွာသွား ကားလမ်းပေါ် လမ်းတလျှောက်ရှိ ရွာပေါင်း ၂၀ ဝန်းကျင်က လူတစ်သောင်းနီးပါး ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-06
၂၂ ခုနှစ် တစ်နှစ်အတွင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အနေနဲ့ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေအတူ ကယား (ကရင်နီ)ပြည်နယ်မှာ တိုက်ပွဲပေါင်း ၃၄၁ ကြိမ် ဖော်ဆောင်နိုင်ခဲ့တယ်လို့ KNDF က ဇန်နဝါရီလ ၆ ရက် ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။
2023-01-06
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့က ချောင်းဆုံ (တ) ကျေးရွာကို အင်အား ၁၀၀ ဝန်းကျင်ရှိတဲ့ စစ်ကောင်စီတပ် စစ်ကြောင်းတစ်ခုဟာ ဒီနေ့ မနက် ၉ နာရီ ဝန်းကျင်မှာ ရွာထဲကို ဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2023-01-05
လွတ်လပ်ရေးနေ့မတိုင်ခင် စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA အကြား စစ်သုံ့ပန်းလဲလှယ်တာ၊ ဖမ်းဆီးခံထားရတဲ့ ရခိုင်တိုင်းရင်းသားတွေကို ပြန်လွှတ်ပေးဖို့ ညှိနှိုင်းခဲ့တာနဲ့ ဒီရက်ပိုင်းအတွင်း AA က အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM မှာပါဝင်ထားတဲ့ အုပ်ချုပ်ရေးမှူး တစ်ရာကျော်ကို တာဝန်ပြန်ထမ်းဆောင်ဖို့ ခေါ်ယူတွေ့ဆုံပြီး တိုက်တွန်းတာတွေရှိခဲ့ပါတယ်။
2023-01-05
လာမယ့် သြဂုတ်လအတွင်း မြန်မာမှာ စစ်ကောင်စီ ရွေးကောက်ပွဲ ကျင်းပဖို့ ရှိနေပြီး အဲဒီရွေးကောက်ပွဲဟာ တစ်ကောင်တည်း ပြိုင်မယ့် မြင်းပြိုင်ပွဲလို ဖြစ်ပါလိမ့်မယ်။
2023-01-05
တွေ့ဆုံဆွေးနွေးတဲ့အထဲမှာပါဝင်တဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှူးကြီး စိုင်းဆုကတော့ လက်ရှိအချိန်မှာ အစိုးရနဲ့လွှတ်တော်မရှိသေးတာကြောင့် ဒီကိစ္စတွေ အကြေအလည်ဆွေးနွေးနိုင်ဖို့ အချိန်ထပ်ယူရဦးမယ်လို့ RFA ကို ပြောပါတယ်။
2023-01-05
အဖက်ဖက်က ကျဆုံးနေတဲ့ စစ်ကောင်စီဟာ ဖမ်းဆီးထားတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လက်နက်သဖွယ်အသုံးချနေပြီး၊ အတုအယောင် ရွေးကောက်ပွဲကျင်းပဖို့ လုပ်နေတယ်လို့ ပြောပါတယ်။
2023-01-05
ကိုဗစ်ကပ်ရောဂါကြောင့် ပိတ်ထားရတဲ့ မြန်မာနိုင်ငံဘက်က မူဆယ်မြို့နဲ့ တရုတ်နိုင်ငံ ကျယ်ဂေါင်အကြား နယ်စပ်ဂိတ်သုံးခုကို ဇန်နဝါရီလ ၈ ရက်နေ့မှာ ပြန်ဖွင့်မယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ဇန်နဝါရီလ ၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
2023-01-05
ညောင်ပင်သာ ကျေးရွာအုပ်စုက ငှက်ပျောတောရွာ၊ တာဟိုးနားကျေးရွာအုပ်စုက တာဟိုးနား ကျေးရွာအနီးကို မြစ်ကြီးနား လေတပ်စခန်းက တိုက်လေယာဉ် သုံးစင်းနဲ့ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့တာဖြစ်ပြီး အသက် ၂၃ နှစ်အရွယ် ကိုမျိုးသက်ကျော် ဦးခေါင်းပွင့်ထွက်သေဆုံးခဲ့တယ်လို့ ရုပ်လောင်းကို သွားရောက်ကြည့်ရှုခဲ့တဲ့ မျက်မြင်တစ်ဦးက ပြောပါတယ်။
2023-01-05
ALP စစ်ဦးစီးချုပ် ဗိုလ်ချုပ်ခိုင်စောမြ၊ ဒုတိယဗိုလ်မှူးကြီး ခိုင်ကျော်စိုးနဲ့ ဗိုလ်ကြီး ခိုင်သူရိန္ဒတို့ဟာ မနေ့မနက်ပိုင်းက စစ်ကောင်စီက ဦးဆောင်ကျင်းပတဲ့ လွတ်လပ်ရေးနေ့အခမ်းအနားကအပြန် စက်ရုံစုရပ်ကွက် ဆီတန်းလမ်းမပေါ်မှာ ပစ်သတ်ခံလိုက်ရတာပါ။
2023-01-05
တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကို သက်တမ်းတစ်နှစ် ထပ်တိုးလိုက်ကြောင်း စစ်ကောင်စီက ၂၀၂၂ ဒီဇင်ဘာလ ၃၁ ရက်နေ့က ကြေညာလိုက်ပါတယ်။ နိုင်ငံရေး၊ စစ်ရေး လေ့လာသုံးသပ်သူတွေကတော့ အမှန်တကယ်တိုက်နေသူတွေ မပါတဲ့ ငြိမ်းချမ်းရေးက လက်တွေ့ အလုပ်ဖြစ်မှာမဟုတ်ဘူးလို့ ပြောပါတယ်။