အပစ်ရပ်ပြီးနောက် ရက္ခိုင့်တပ်တော် AA နဲ့ စစ်ကောင်စီ နီးစပ်သွားပြီလား
ဝေမာထွန်း(ဝါရှင်တန်ဒီစီ)
2023.01.05
2023.01.05
လွတ်လပ်ရေးနေ့မတိုင်ခင် စစ်ကောင်စီနဲ့ ရက္ခိုင့်တပ်တော် AA အကြား စစ်သုံ့ပန်းလဲလှယ်တာ၊ ဖမ်းဆီးခံထားရတဲ့ ရခိုင်တိုင်းရင်းသားတွေကို ပြန်လွှတ်ပေးဖို့ ညှိနှိုင်းခဲ့တာနဲ့ ဒီရက်ပိုင်းအတွင်း AA က အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု CDM မှာပါဝင်ထားတဲ့ အုပ်ချုပ်ရေးမှူး တစ်ရာကျော်ကို တာဝန်ပြန်ထမ်းဆောင်ဖို့ ခေါ်ယူတွေ့ဆုံပြီး တိုက်တွန်းတာတွေရှိခဲ့ပါတယ်။
ဒီဆောင်ရွက်ချက်တွေကြောင့် ရက္ခိုင့်တပ်တော် AA က အပစ်ရပ်ပြီးနောက် စစ်ကောင်စီနဲ့ နီးစပ်သွားပြီလား ဆိုတဲ့ မေးခွန်းတွေလည်းရှိလာပါတယ်။ ရခိုင်တိုင်းရင်းသားတစ်ဦးဖြစ်ပြီး စစ်ဘေးဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ လူထုဘေးဒဏ်ခံနိုင်စွမ်းအတွက် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ က အမှုဆောင်ဒါရိုက်တာ ဦးဇော်ဇော်ထွန်းရဲ့အမြင် ဘယ်လိုရှိပါသလဲ။
"RFA နှင့် စကားပြောခြင်း” အစီအစဉ်ကနေ ဦးဇော်ဇော်ထွန်းကို မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။