ရှေးဟောင်းအမွေအနှစ်ဖျက်ဆီးမှုက အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း ကျွမ်းကျင်သူပြော
2023.02.23
အာဏာသိမ်းပြီးနောက် တော်လှန်ရေးအင်အားစုတွေ အားကောင်းရာနေရာတွေက ကျေးရွာတွေ မီးရှို့ခံရလို့ ရှေးဟောင်း အဆောက်အဦတွေ ပျက်စီးမှုတွေ တစ်နှစ်ထက်တစ်နှစ် ပိုများလာတယ်လို့ ရှေးဟောင်းသုတေသနအရေးကျွမ်းကျင်သူ ကိုသူရအောင်က ပြောပါတယ်။
လူ့ယဉ်ကျေးမှုသမိုင်းကို ကိုယ်စားပြုတဲ့ ရှေးဟောင်းအမွေအနှစ်တွေကို ဖျက်ဆီးတာဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်ပြီး လူမျိုးတုံးသတ်ဖြတ်မှုနည်းတူ ပြစ်မှုကြီးတယ်လို့ သူကပြောပါတယ်။
ရှေးဟောင်းအမွေအနှစ်တွေကို ကာကွယ်စောင့်ရှောက်ဖို့ ပြဋ္ဌာန်းထားတဲ့ နိုင်ငံတကာဥပဒေတွေကို မြန်မာပြည်က ပါဝင်လက်မှတ်ရေးထိုးထားပေမယ့် လိုက်နာမှုမရှိဘူးလို့လည်းထောက်ပြပါတယ်။
မြောက်ဦးဒေသကို ကမ္ဘာ့ကုလသမဂ္ဂ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်စာရင်း (UNESCO) ဝင်ဖို့ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ကတည်းက ရှေးဟောင်းသုတေသနဌာနနဲ့ပညာရှင်တွေက စတင်ကြိုးပမ်းခဲ့ပေမယ့် အာဏာသိမ်းမှုကြောင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်မယ့် လုပ်ငန်းစဉ်က ရပ်တန့်သွားပြီလို့ သူက သုံးသပ်ပါတယ်။
ရှေးဟောင်းသုတေသနအရေးကျွမ်းကျင်သူ ကိုသူရအောင်ကို RFA နှင့် စကားပြောခြင်း အစီအစဉ်ကနေ မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။