ထိုင်းရောက်မြန်မာလုပ်သားတွေ ပြန်ဖို့မလိုဘဲ သက်တမ်းတိုးခွင့်ရမည်
2023.02.14
ထိုင်းနိုင်ငံမှာ တရားဝင်ရော တရားမဝင်ပါအလုပ်လုပ်နေတဲ့ မြန်မာအလုပ်သမားလေးသန်း နီးပါးရှိနေပြီး အဲဒီအထဲမှာ နေထိုင်ခွင့် သက်တမ်းကုန်နေတဲ့ မြန်မာအလုပ်သမား တစ်သိန်းကျော်ရှိနေတယ်လို့ ထိုင်းအစိုးရရဲ့စာရင်းအရသိရကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာအလုပ်သမားအရေးဆောင်ရွက်နေတဲ့ ပညာရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းရဲ့ အမှုဆောင်ဒါရိုက်တာဦးထူးချစ်က ပြောပါတယ်။
အခု ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကနေ မေလ ၁၅ ရက်နေ့အတွင်း စာရွက်စာတမ်းအပြည့်အစုံနဲ့ လျှောက်ထားရင် သက်တမ်းတိုးပေးမယ်လို့ ဘန်ကောက်မြို့ မြန်မာသံရုံးက ကြေညာလိုက်တာကို ကြိုဆိုတယ်လို့သူကပြောပါတယ်။
သက်တမ်းတိုးဖို့ကို အလုပ်သမားတွေရှိတဲ့နေရာတွေအထိ သံရုံးတာဝန်ရှိသူတွေ သွားရောက်ဆောင်ရွက်ပေးမယ်ဆိုတဲ့ သတင်းတွေလည်း ကြားနေရပြီး ဒီလိုလုပ်ဆောင်ပေးမယ်ဆိုရင် အလုပ်သမားတွေအတွက် အဆင်ပြေနိုင်ကြောင်းနဲ့ တစ်ဖက်မှာလည်း အလုပ်သမားတွေအတွက် ဝန်ထုပ်ဝန်ပိုးဖြစ်စေမယ့် ငွေကြေးကောက်တာတွေ မလုပ်ဖို့ လိုအပ်တယ်လို့ သူကထောက်ပြပါတယ်။
ဦးထူးချစ်ကို RFA နှင့် စကားပြောခြင်းအစီအစဉ်ကနေ မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။