သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-07-07
မန္တလေးမြို့မှာ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခဖြစ် စဉ်တွေနဲ့ ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူ ၁၆ဦးကို မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့က ဖမ်းဆီးအရေးယူထားပြီးဖြစ်ကြောင်း မန္တလေး တိုင်းဒေသကြီး ရဲတပ်ဖဲွဲ့မှူးရုံးက ဒုတိယရဲမှူးကြီး ဇော်မင်းဦး က ဒီနေ့ ပြောပါတယ်။
2014-07-07
တောင်ကိုးရီးယားနိုင်ငံ အခြေစိုက် Truth Foundation က ကွယ်လွန်သွားပြီဖြစ်တဲ့ သတင်းစာဆရာကြီး ဟံသာဝတီဦးဝင်းတင်ကို ပေးအပ် ချီးမြှင့်တဲ့ လူ့အခွင့်အရေးဆုငွေ အမေရိကန်ဒေါ်လာ တစ်သောင်းကို ဟံသာဝတီဦးဝင်းတင် ဖောင်ဒေးရှင်း ရန်ပုံငွေအတွက် ထည့်သွင်းအသုံးပြုသွားမှာဖြစ်ကြောင်း ဒီနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ကြေညာခဲ့ပါတယ်။
2014-07-07
မန္တလေးမှာပြီးခဲ့တဲ့ ဇူလိုင်လ ၂ရက်နေ့ က ဖြစ်ပွားခဲ့တဲ့ လူစုလူဝေးနဲ့ အကြမ်းဖက် တိုက်ခိုက်မူတွေဟာ အင်တာနက်မှာ သစ်ထူးလွင်ဘလော့စာမျက်နှာက ဖေါ်ပြခဲ့တဲ့ ဓါတ်ပုံကြောင့် ဖြစ်ပွားရတယ်ဆိုတဲ့ စွပ်စွဲချက်တွေ နဲ့ပတ်သက်ပြီး ဒီဓါတ်ပုံတွေကို မိမိဘလော့မှာ တင်ထားခြင်း မရှိကြောင်း ဘလော့ တာဝန်ခံ ကိုသစ်ထူးလွင်က ငြင်းဆို ပါတယ်။
2014-07-06
မြန်မာ နဲ့ သီရိလင်္ကာ နိုင်ငံတွေက ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ မွတ်စလင်တွေအပေါ် အကြမ်းဖက်တာတွေ ရပ်တန့်ကြဖို့ တိဘက်ဘုန်းတော်ကြီး ဒလိုင်းလားမား က မနေ့က ထပ်မံပန်ကြားလိုက်ပါတယ်။
2014-07-06
ကယားပြည်နယ် ဖရူဆိုမြို့နယ် ဆိုလျားကူးကျေးရွာမှာ စစ်တပ်က သိမ်းထားတဲ့ လယ်ယာမြေတွေမှာ ဝင်ရောက်ထွန်ယက် ခဲ့တဲ့ တောင်သူတွေထဲက တောင်သူ ၁၉၀ ဦးကို အမှတ် ၅၃၁ ခြေမြန်တပ်ရင်းမှူးက ပိုင်နက်ကျူးလွန်မှုနဲ့ အမှုဖွင့် ထားတယ်လို့ တောင်သူတွေက ပြောပါတယ်။
2014-07-06
၂၀၀၈ ဖဲ့ွစည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့ တောင်းဆို တဲ့ ပြည်သူတွေရဲ့ လက်မှတ်တွေ မကြာခင် လွှတ်တော် ထဲရောက်တဲ့ အခါ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လုပ်ဆောင်ပေးနိုင်ရဲ့လားဆိုတာ သိရတော့မယ်လို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့ အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီက ပြော ကြားလိုက်ပါတယ်။
2014-07-06
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အဖွဲ့ဝင် လူငယ်အားလုံး နိုင်ငံရေးတာဝန်တစ်ရပ် အဖြစ် ၂၀၀၈ ခု ဖွဲ့စည်းပုံ အခြေခံဥပဒေကို အစအဆုံး ဖတ်ကြဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2014-07-06
လေးပြင်လေးရပ်က ဆရာတော် အပါး ၅၀ လောက်ရဲ့ သြဝါဒပေးပွဲကို မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မ တီက ဦးစီးပြီး ဒီနေ့ ကျင်းပခဲ့ပါတယ်။
2014-07-06
မန္တလေးမြို့အခြေစိုက် နိုင်ငံရေးပါတီတွေ အနေနဲ့ မန္တလေးမြို့ တည်ငြိမ်အေးချမ်းရေး အတွက် ပူးပေါင်းပါဝင်ကူညီပေးကြဖို့ မန္တလေးတိုင်းဒေသ ကြီး ရွေးကောက်ပွဲကော်မရှင်က နိုင်ငံရေးပါတီ တာဝန်ရှိ သူတွေကို မနေ့က ခေါ်ယူတွေ့ဆုံ ပြောကြားခဲ့ကြောင်း သိရပါတယ်။
2014-07-05
ရန်ကုန်မြို့မှာ ဇူလိုင် ၅ ရက်နေ့ စတင်ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်ညီလာခံ နဲ့ပတ်သက်ပြီး လူငယ်ညီလာခံ ကျင်းပရေးကော်မရှင် အတွင်းရေးမှုး ကိုအေးနိုင်ကို RFA အဖွဲ့သား ဦးခင်မောင်စိုးက ဆက်သွယ်မေးမြန်းထားပါတယ်။
2014-07-05
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်း တွင်း ဒေသဖက်ကို ကုန်းလမ်း နဲ့ ရေကြောင်းတွေကနေ စက်သုံးဆီ သယ် ယူဆောင်ခွင့် ပိတ်ပင်ထားတာကြောင့် ဖါးကန့်ဒေသ မှာ လောင်စာဆီ အဆမတန် ဈေးနှှုန်း တွေကြီးမြင့်နေ တယ်လို့ ဒေသခံတွေကပြောပါတယ်။
2014-07-05
ပုဒ်မ ၄၃၆ ကိုပြင်ဆင်တဲ့ ဟောပြောပွဲတွေ ဟာ နိုင်ငံသားတွေ ဖွဲ့စည်းပုံ အခြေခံဥပဒေ အကြောင်း သိရှိနားလည်အောင် လုပ်ဆောင်နေတာဖြစ်တဲ့ အတွက် အစိုးရအနေနဲ့ ကူညီဖို့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်းက ကိုဂျင်မီက ဒီကနေ့ တိုက်တွန်းပြောကြားပါတယ်။
2014-07-05
NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင် က တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ မနက်က ကျင်းပ ခဲ့ပါတယ်။
2014-07-05
မန္တလေးမြို့မှာ ဆူပူအကြမ်းဖက်မှုတွေ ထပ်မံမဖြစ်ပွားအောင် တားဆီးနိုင်ဖို့ အတွက် သံဃာတော်တွေ စာရေး ဆရာတွေ၊ အစ္စလာမ်ဘာသာရေး ခေါင်းဆောင်တွေ အပြင် နိုင်ငံရေးနဲ့ လူမှုရေး တက်ကြွလှုပ်ရှားသူတွေပါဝင်တဲ့ မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီကို ဒီနေ့ ဖွဲ့စည်းလိုက်ပါတယ်။
2014-07-05
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်နဲ့ တိုင်းရင်းသားနိုင်ငံရေးပါတီ က ခေါင်းဆောင်တွေဟာ PR ခေါ် အချိုးကျကိုယ် စားပြု ရွေးကောက်ပွဲစနစ် ပီအာကို လက်မခံကြောင်း ဒီကနေ့ ဆွေးနွေးဆုံးဖြတ်လိုက်ပါတယ်။