နိုင်ငံလုံးဆိုင်ရာ NLD လူငယ်ညီလာခံ ပထမဆုံးအကြိမ်ကျင်းပ


2014.07.05
dassk-nld-meeting-305 ဒီနေ့မနက်က ကျင်းပတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပထမအကြိမ် နိုင်ငံလုံးဆိုင်ရာ လူငယ်ညီလာခံကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် မိန့်ခွန်းပြောကြားခဲ့ပါတယ်။
Photo: Kyaw Zaw Win,Kyaw Lwin Oo / RFA

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပထမအကြိမ် နိုင်ငံ လုံးဆိုင်ရာ လူငယ်ညီလာခံကို ရန်ကုန်မြို့ ဗဟန်း မြို့နယ် ရွှေဂုံတိုင်က  တော်ဝင်နှင်းဆီခန်းမမှာ ဒီနေ့ မနက်က ကျင်းပခဲ့ပါတယ်။

ဒီနေ့ ညီလာခံပထမနေ့မှာ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က တက်ရောက်လာတဲ့ လူငယ်ကိုယ်စားလှယ် တစ်ရာကျော်လောက်ကို တာဝန်နဲ့ ပတ်သက်လို့ အခုလို မှာကြားခဲ့ပါတယ်။

"ဒီမိုကရေစီ ပြန်ပြီးတော့ ထူထောင်မယ်၊ ပြည်သူ လူထုရဲ့ သြဇာအာဏာ လွှမ်မိုးတဲ့စနစ်ကို ပြန်လည် ထူထောင်မယ် ဆိုလို့ရှိရင် တာဝန်ကို အဓိကထား ပြီးတော့ ကျမတို့ရဲ့ လူငယ်တွေ စိတ်နှလုံသား အတွင်းမှာ ဖြစ်တည်ဖို့လိုပါတယ်၊ စံပြဖြစ်တဲ့အတွက် ကျမတို့ တာဝန်ပဲပေးမယ် နေရာမပေးဘူး နေရာပေး တဲ့ အလုပ်ကို မလုပ်ဘူး၊ တာဝန်ယူဖို့ဆိုတာ ထူး ထူးခြားခြား နှလုံးသားထဲမှာ သိမ်းထားကြပါ၊ တာဝန်ယူဖို့ဆိုတဲ့ စိတ်ဓာတ်ထားပြီး လုပ်ကြပါ"

ဒီညီလာခံကနေ အဖွဲ့ဝင် ၁၇ ဦးပါဝင်တဲ့ အဖွဲ့ချုပ်ဗဟိုလူငယ်အဖွဲ့ကို ဖွဲ့စည်းမှာဖြစ်တယ်လို့ သိရပါတယ်။

ဒီနေ့ကျင်းပတဲ့ ညီလာခံကို တက်ရောက်လာတဲ့ လူငယ်ကိုယ်စားလှယ်တွေဟာ  အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ရပ်ကျေး၊မြို့နယ်၊ ခရိုင်၊ ပြည်နယ်တိုင်း အဆင့်ဆင့်က ရွေးချယ်ခဲ့တဲ့ ကိုယ်စားလှယ်တွေ ဖြစ်ပါတယ်။

ညီလာခံပထမနေ့မှာ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပြောကြားချက်တွေကို RFA သတင်းထောက် ကိုကျော်ဇောဝင်း က ကောက်နှုတ်တင်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။