အကြမ်းဖက် ဓါတ်ပုံကိစ္စ သစ်ထူးလွင် ငြင်းဆို


2014.07.07

မန္တလေးမှာပြီးခဲ့တဲ့ ဇူလိုင်လ ၂ရက်နေ့က ဖြစ်ပွားခဲ့တဲ့ လူစုလူဝေးနဲ့ အကြမ်းဖက်တိုက်ခိုက်မူတွေဟာ အင်တာနက်မှာ သစ်ထူးလွင်ဘလော့စာမျက်နှာက ဖေါ်ပြခဲ့တဲ့ ဓါတ်ပုံကြောင့် ဖြစ်ပွားရတယ်ဆိုတဲ့ စွပ်စွဲချက်တွေ နဲ့ပတ်သက်ပြီး  ဒီဓါတ်ပုံတွေကို မိမိဘလော့မှာ တင်ထားခြင်းမရှိကြောင်း ဘလော့ တာဝန်ခံ ကိုသစ်ထူးလွင်က ငြင်းဆို ပါတယ်။

Face book  လူမူရေးစာမျက်နှာတွေမှာ ပျံ့နှံနေတဲ့ ဓါတ်ပုံဟာ ဇူလိုင်လ ၂ရက်နေ့ညက သေဆုံးသူ ကိုထွန်းထွန်း ထိခိုက်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ဓါတ်ပုံဖြစ်ပါတယ်။ ဒီဓါတ်ပုံကို မိမိဘလော့မှာ လုံးဝ မတင်ခဲ့ဘူးလို့ ကိုသစ်ထူးလွင်က ငြင်းဆိုပါတယ်။

"ကျနော် ဝက်ဆိုဒ်မှာ ဒီဘလော့မှာပေါ့နော် အဲ့ဒီ မန္တလေးကိစ္စနဲ့ ပတ်သက်လို့ ဓါတ်ပုံတွေလဲမတင်ဘူး ဒီရက်ပိုင်းမှာ သတင်းတချို့ကိုပဲတင်တယ် သတင်းတချို့တောင်မှ ကျနော်တို့ ဟိုဒင်းပေါ့ BBC တို့ VOA တို့ တစ်ပုဒ် နှစ်ပုဒ် ပေ့ါလေ မန္တလေးပြဿနာနဲ့ ပတ်သက်လို့ဒီလောက်ပဲတင်တယ် အခုရက်ပိုင်းမှာ ကျနော်ခရီးသွားနေတော့ ဒီ Face book ကိုတော့ မစစ်ဖြစ်ဘူးဗျ ဒါပေမဲ့ ကျနော် ဝက်ဆိုဒ်မှာတော့ အဲ့ဒါတွေ လုံးဝမရှိဘူူး ရှင်းပြချင်တာတော့ အခုပြောနေတဲ့ ပျံ့နှံ့နေတဲ့ ဓါတ်ပုံတွေနဲ့ ကျနော်နဲ့ လုံးဝမပတ်သက်ဘူး ဆိုတာလောက်ဘဲ ကျနော်အခုလောလောဆယ် ပြောချင်ပါတယ်"

အခုလိုသစ်ထူးလွင်နာမည် ခေါင်းစည်းနဲ့ တွေ့မြင်နေရတဲ့ ဓါတ်ပုံနဲ့ သတင်းတွေဟာ ဖြတ်ညှပ်ကပ် လုပ်ကြံ ဖန်တီးချက်တွေဖြစ်တယ်လို့ ကိုသစ်ထူးလွင်က ပြောပါတယ်။

တကယ်လို့ သစ်ထူးလွင်ဘလော့မှာ အဲဒီ ဓါတ်ပုံတွေတင်ခဲ့ပြီး၊ နောက်မှ  မူလ တင်ထားတာတွေကို ဖျက်လိုက်တယ်ဆိုခဲ့ရင်လည်း အရင်ရှိခဲ့တာကို ပြန်ရှာလို့ရနိုင်တာကြောင့် ပြန်လည်စစ်ဆေးမှု တွေပြုလုပ်နိုင်ကြောင်း ကိုသစ်ထုူးလွင်ကပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ နေထိုင်သူ ကိုသစ်ထူးလွင်ကို  ဦးတင်အောင်ခိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။