ခွင့်ပြုချက်မပါလို့ဆိုပြီး ဦးသန့် ဓာတ်ပုံပြပွဲ အပိတ်ခံရ
2015.02.01
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့် ဈာပန အရေးအခင်းနဲ့သက်ဆိုင်တဲ့ မှတ်တမ်းဓာတ်ပုံပြပွဲကို ရန်ကုန်မြို့မှာ ဒီနေ့ စတင်ပြသဖို့စီစဉ်ရာမှာ တိုင်းဒေသကြီးအစိုးရရဲ့ ခွင့်ပြုချက်မပါလို့ဆိုပြီး ပြသခွင့် ပိတ်ပင်ခံရကြောင်း ပြပွဲစီစဉ် သူတွေက ပြောပါတယ်။
ပုဇွန်တောင်မြို့နယ် Orchid Hotel မှာ ဒီနေ့ကစပြီး ၅ ရက်ကြာပြသဖို့ စီစဉ်ထားတာကို တိုင်းအစိုးရရဲ့ ခွင့်ပြု ချက်တောင်းဖို့ မနေ့က ပြန်အကြောင်းကြားတယ်လို့ ပြပွဲစီစဉ်သူ ဓာတ်ပုံဆရာ ထိန်ဝင်းက ပြောပါတယ်။
"ဒီနေ့ကနေ ၅ ရက်ပြမယ့်ဟာကို မနေ့က ဇန်နဝါရီလ ၃၁ ရက်နေ့နေ့လယ်ပိုင်းမှာ ဓါတ်ပုံပြပွဲနဲ့ပတ်သက် ပြီးတော့ တိုင်းအစိုးရအဖွဲ့ရုံးထံ ခွင့်ပြုချက်ရယူပြီးမှ ပြသရန်နဲ့ ခွင့်ပြုချက်မရရှိပဲ ပြသခြင်းမပြုရန် ညွှန်ကြား လာကြောင်း ခွင့်ပြုချက်ရမှသာ ပြန်ပြဖို့ဆိုပြီး ကျနော်ကိုအသိပေးလာတာပေါ့၊ ဒီဟာကိုအမိန့်ချလိုက်တာ တိုင်းအစိုးရအဖွဲ့ရုံးက အမိန့်ချလိုက်တာပါ"
အဲ့ဒီဓာတ်ပုံပြပွဲမှာ လွန်ခဲ့တဲ့ ၁၉၇၄ ခုနှစ်က ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်ရဲ့ရုပ်အလောင်းကို ကျောင်း သားတွေ သယ်ဆောင်ခဲ့တဲ့ပုံတွေနဲ့ ကျောင်းသားတွေကို ရဲတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးခေါ်ဆောင်ခဲ့တဲ့ ဓါတ်ပုံတွေကို ပြသ ဖို့စီစဉ်ခဲ့တာဖြစ်ပါတယ်။
ဓာတ်ပုံဆရာ ထိန်ဝင်းဟာ ၁၉၇၄ ဦးသန့်အရေးအခင်း ဓါတ်ပုံစာအုပ်ကို ပုံနှိပ်ထုတ်ဝေခဲ့သူဖြစ်ပြီး အဲ့ဒီစာအုပ်မှာပါတဲ့ ဓာတ်ပုံတွေကို ပြသဖို့စီစဉ်သူဖြစ်ပါတယ်။