ပြည်သူ့ဆန္ဒကို လွှတ်တော်က ဖြည့်ပေးနိုင်၊ မနိုင် သိရတော့မည်


2014.07.06

၂၀၀၈ ဖဲ့ွစည်းပုံ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ပေးဖို့ တောင်းဆိုတဲ့ ပြည်သူတွေရဲ့ လက်မှတ်တွေ မကြာခင် လွှတ်တော်ထဲရောက်တဲ့အခါ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ လုပ်ဆောင်ပေးနိုင်ရဲ့လားဆိုတာ သိရတော့မယ်လို့  ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဂျင်မီက ပြော ကြားလိုက်ပါတယ်။

ရှမ်းပြည်နယ် တာချီလိတ်မြို့ ဟုတ်တတ်တရုတ်ဘုံကျောင်းမှာ ဒီကနေ့ ကျင်းပတဲ့ ၂၀၀၈ အခြေခံဥပဒေ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဟောပြောပွဲ ကိုဂျင်မီက ပြောခဲ့တာဖြစ်ပါတယ်။

"ပုဒ်မ ၄၃၆ တံခါးကြီးကို ဖွင့်မယ်ဆိုလို့ဆိုရင် သော့တစ်လုံးတော့ခတ်ထားတာပဲ၊ ၇၅ ယောက်သော ကျနော်တို့ ပြည်သူ့ကိုယ်စားလှယ်များ မိဘပြည်သူများ ကိုယ်စားလှယ်တွေက ၇ ချောင်း၊ တစ်ဘက်က ခန့်အပ်ခံပုဂ္ဂိုလ် အစိတ်သားက ၇ ချောင်း၊ ၇၅ ကျပ်သားက ဖွင့်လို့ပြီးရင်တောင်မှ နောက်ထပ်သော့ တစ်ချောင်းနဲ့ ထပ်ဖွင့်ဖို့အတွက် ကျနော်တို့က တောင်းပန်ရမယ်၊ အဲ့ဒီတော့ ဒီလိုအခြေအနေမျိုး ကို ပြန်စဉ်းစားလို့ရှိရင် ဘယ်မှာလဲ ဒီမိုကရေစီ၊ ဘယ်မှာလဲ ပြည်သူရဲ့ဆန္ဒ အဲ့ဒီတော့ လွှတ်တော်ဆန္ဒ ပြည်သူ့ဆန္ဒ၊ လွှတ်တော်အသံ ပြည်သူ့အသံဆိုတာ တကယ်မှ ဟုတ်ပါရဲ့လားဆိုတဲ့ မေးခွန်း ပါ၊ မကြာခင်မှာ အခြေအနေကို ကျနော်တို့ သိရပါတော့မယ်၊ ပြည်သူ့အသံက လွှတ်တော်အသံ ဟုတ်ပါရဲ့လား ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ဟုတ်ပါရဲ့လားဆိုတာ ကျနော်တို့ မကြာခင်သိရမှာပါ"

ဒီကနေ့ ဟောပြောပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နာယက ဦးတင်ဦး၊ တရားလွှတ်တော် ရှေ့နေ ဦးအောင်သိန်းနဲ့ စာရေးဆရာ ဦးထင်လင်းဦးတို့လည်း ဟောပြောခဲ့ကြပါတယ်။

အဲ့ဒီဟောပြောပွဲကို ဒေသခံ တစ်ထောင်နီးပါးတက်ရောက်ခဲ့ပြီး တက်ရောက်လာသူတွေက ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လက်မှတ်တွေလည်း ရေးထိုးခဲ့ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။