သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-06-27
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၀၄ ခုနှစ်မှာ သူ့ကို ချီးမြှင့်ထားတဲ့ ပါရီမြို့ ဂုဏ်ထူးဆောင် မြို့သားဘွဲ့ကို ဒီကနေ့မှာပဲ လက်ခံရယူ လိုက်ပါတယ်။
2012-06-27
မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေးအဖြစ် ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး သဘောတူ လက်မှတ်ရေးထိုး လိုက်တယ်လို့ သတင်းရရှိပါတယ်။
2012-06-27
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က NLD အတွင်းရေးမှူး ဦးဉာဏ်ဝင်းကို သတင်းမှားထုတ်ပြန်မှုနဲ့ တရားစွဲထားတဲ့ကိစ္စ ကို နေပြည်တော်မှာ မနေ့က သက်သေတစ်ဦး စစ်ဆေးခဲ့ပါတယ်။
2012-06-27
မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ ခေါင်းဆောင် ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနဲ့ အဖွဲ့ဟာ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့က မယ်တော်ဆေးခန်းကို ဒီကနေ့ မနက် (၆) နာရီကျော်က သွားရောက်ပြီး ဒေါက်တာစင်သီယာမောင် နဲ့ တွေ့ဆုံကာ ဆေးခန်းက လူနာတွေကို လိုက်လံကြည့်ရှုပြီး အကူငွေ ပေးအပ်ခဲ့ပါတယ်။
2012-06-27
ပျဉ်းမနားနေပြည်တော်မှာ ဒီကနေ့ ကျင်းပတဲ့ နိုင်ငံပိုင် သတင်းစာများ ရဲ့ အသွင်သဏ္ဍာန်နဲ့ အနှစ်သာရ ပြုပြင်ပြောင်းလဲရေး စာတမ်းဖတ် ပွဲမှာ သတင်းအရ တန်ဖိုးရှိတဲ့ သတင်းတွေ အလေးပေးဖော်ပြဖို့ တင်ပြ ဆွေးနွေးခဲ့ကြတယ်လို့ ကိုယ်တိုင် စာတမ်းတင်သွင်း ခဲ့တဲ့ ပေါ်ပြူလာမြန်မာ သတင်းဂျာနယ် အယ်ဒီတာချုပ် စာရေးဆရာ ဟိန်းလတ်က RFA ကိုပြောပါတယ်။
2012-06-27
သာယာဝတီထောင်မှာ နှစ်ရှည်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား ကိုလကျ်ာထွန်းက သူ့ကို ဂျပန်နိုင်ငံရောက် မြန်မာတွေချီးမြှင့်ထားတဲ့ အညတြသူရဲကောင်းဆု ချီးမြှင့်ငွေထဲက ကျပ်ငွေ (၄) သိန်းကို ရခိုင်ပြည်နယ်က ဘေးဒုက္ခကြုံတွေ့နေကြရသူတွေအတွက် ပြန်လည် လှူဒါန်းလိုက်ပါတယ်။
2012-06-27
အခုရက်ပိုင်းအတွင်း မိုးသည်းထန်နေတာကြောင့် တရုတ်-မြန်မာနယ်စပ် ကချင်စစ်ပြေး ဒုက္ခသည်စခန်းတွေမှာ ဝမ်းနဲ့ပတ်သက်တဲ့ရောဂါ၊ အဆုတ် အအေးမိ ရောဂါတွေ အဖြစ်များလာနေပြီး အရေးပေါ်ဆေးဝါးနဲ့ အာဟာရတွေ လိုအပ်နေတယ်လို့ သိရပါတယ်။
2012-06-26
မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံကြဖို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်ပြီး တချိန်တည်းမှာ ဒီမိုကရေစီ နည်းလမ်းကျကျ ရင်းနှီးမြှုပ်နှံဖို့လည်း ဆော်သြလိုက်ပါတယ်။
2012-06-26
ကချင်ပြည်နယ်တွင်း စစ်ရေး ပဋိပက္ခတွေကြောင့် တရုတ်နိုင်ငံ ယူနန်ပြည်နယ်ထဲကို ထွက်ပြေးခိုလှုံနေကြတဲ့ ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာတဲ့ အကူအညီတွေ ပေးနေတာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဌာန ပြောခွင့်ရပုဂ္ဂိုလ် ဟုန်လီက သတင်းစာရှင်းလင်းပွဲ မှာ ပြောဆိုလိုက်ပါတယ်။
2012-06-26
မြန်မာနိုင်ငံဘက်ခြမ်းကို တင်ပို့ရောင်းချမယ်လို့ ယူဆရတဲ့ ထိုင်းဘတ်ငွေ (၅) သန်းခန့် တန်ဖိုးရှိတဲ့ လက်နက်မျိုးစုံ (၄၇) လက်ကို ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့ တဘက်ကမ်း ထိုင်းနိုင်ငံ မယ်ဆိုင်မြို့မှာ ထိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဇွန်လ (၂၅) ရက်နေ့ ညနေပိုင်းက ဖမ်းဆီးမိခဲ့တယ်လို့ ထိုင်းနယ်စပ် အာဏာပိုင်တွေဆီက သတင်းရရှိပါတယ်။
2012-06-26
အစိုးရ အင်တာနက် စာမျက်နှာမှာ ဖော်ပြထားတဲ့ စာရင်းဇယားအရ - ဌာနေ ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ ဘင်္ဂါလီတွေကြား ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ရခိုင်ပြည်နယ်မှာ မေလ (၂၈) ရက်ကနေ ဇွန်လ (၂၄) ရက်အထိ နှစ်ဘက် တိုက်ခိုက်မှုပေါင်း ( ၉၂) ကြိမ် ဖြစ်ပွားခဲ့ရာမှာ စုစုပေါင်း သေဆုံးသူ (၇၈) ယောက်၊ ထိခိုက်ဒဏ်ရာရသူ အရပ်သား (၈၅) ယောက်နဲ့ ရဲတပ်ဖွဲ့ဝင် (၂) ယောက်၊ မီးလောင်ကျွမ်း ပျက်စီးခဲ့ ရတဲ့ အိမ်ခြေပေါင်း (၃၁၅၈) လုံး ရှိကြောင်း ဖော်ပြထားပါတယ်။
2012-06-26
Shan Drug Watch ရှမ်းပြည်နယ် မူးယစ်ဆေးဝါး စောင့်ကြည့်ရေး အဖွဲ့ကနေ ပြုစုထားတဲ့ Win - Win Solution သူနိုင်ကိုယ်နိုင် ဖြေရှင်း မည့် နည်းလမ်း ဆိုတဲ့ ၂၀၁၂ ခုနှစ် မူးယစ်ဆေးဝါး အစီရင်ခံစာ တစ်စောင် ဒီကနေ့ ထုတ်ပြန်လိုက်ပြီး သတင်းစာရှင်းလင်းပွဲ တစ်ရပ်ကိုလည်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ပြုလုပ်ခဲ့ပါတယ်။
2012-06-26
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံကနေ ဒီနေ့ ပြင်သစ်စံတော်ချိန် မွန်းလွဲပိုင်း မှာ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ ကို ရောက်ရှိခဲ့ ပါတယ်။
2012-06-26
မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်းမှာ ထင်ရှားတဲ့ ကျောင်းသား ခေါင်းဆောင် ဆလိုင်းတင်မောင်ဦး ကျဆုံးတဲ့နေ့ကို “မြန်မာနိုင်ငံ နိုင်ငံရေး အကျဉ်းသားများနေ့” အဖြစ် သတ်မှတ်ဖို့ ၁၉၇၄- ၇၅- ၇၆ နိုင်ငံရေး မျိုးဆက်တွေက ဒီကနေ့ အဆိုပြု လိုက်ကြပါတယ်။
2012-06-26
မြန်မာအစိုးရ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့ ခေါင်းဆောင် မီးရထားဝန်ကြီး ဦးအောင်မင်းနဲ့အဖွဲ့ဟာ ထိုင်းမြန်မာ-နယ်စပ်က KNU ကရင်အမျိုးသားအစည်းအရုံး၊ ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင်တို့နဲ့ မဲဆောက်မြို့မှာ ဒီကနေ့ တွေ့ဆုံခဲ့ကြပါတယ်။