မြန်မာအစိုးရ ငြိမ်းချမ်းရေးအဖွဲ့ မဲဆောက်အတိုက်အခံအဖွဲ့တွေနဲ့ ဆွေးနွေး
2012.06.26

KNU နယ်မြေအတွင်းမှာ အစိုးရတပ်တွေနဲ့ တိုက်ပွဲဆက်ဖြစ်နေတာမျိုး မရှိတော့ပေမယ့် အပစ်အခတ် ရပ်စဲရေးမှာ နှစ်ဘက်တပ်တွေ တိတိကျကျ လိုက်နာရမယ့် အသေးစိတ် အချက်အလက်တွေကိုတော့ ဆက်လက်ဆွေးနွေးရဦးမယ်လို့ KNU အထွေထွေအတွင်းရေးမှူး နော်စီဖိုးရာစိန်က ပြောပါတယ်။
"အပစ်အခတ် ရပ်စဲရေး စည်းမျဉ်းစည်းကမ်း ဥပဒေတွေကတော့ အဲတာ ကျွန်မတို့ လုပ်နေဆဲပဲဖြစ်သေးတယ်။ အဲဒါ ကျွန်မတို့ ဒါကို အကောင်အထည် မဖော်ရသေးဘူး။ ဒါပေမဲ့ ကျွန်မတို့ ဆက်လက်ပြီးတော့ ဆွေးနွေးရမဲ့ အချက်တွေရှိသေးတယ်"
ဝန်ကြီး ဦးအောင်မင်းအဖွဲ့နဲ့ ABSDF တို့တွေ့ဆုံရာမှာ- အပစ်ခတ်ရပ်စဲရေးကိစ္စကို ပြီးပြတ်အောင် အရင်လုပ်ပြီးမှ အားလုံးပါဝင်နိုင်မယ့် နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆက်လက်သွားချင်တယ်လို့ ABSDF ဘက်က ပြောဆိုကြောင်း သိရပါတယ် ။
ဒါ့အပြင် မဲဆောက်မြို့က မယ်တော်ဆေးခန်းတာဝန်ခံ ဒေါက်တာစင်သီယာမောင်ကလည်း နယ်စပ်တိုင်းရင်းသားဒေသတွေမှာ ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေကို အစိုးရအနေနဲ့ ပူးတွဲဆောင်ရွက်ပေးဖို့ မေတ္တာရပ်ခံကြောင်း သိရပါတယ်။
ဒီအကြောင်း ကိုယ်တိုင်သတင်းတက်ရောက်ယူခဲ့တဲ့ RFA သတင်းထောက် ကိုမိုးကျော် သတင်းပေးပို့ထားတာကိုလည်း တဆက်ထဲနားဆင်နိုင်ပါတယ်။
![]() |
သတင်းပေးပို့ချက်။ |
![]() |
အသံဖိုင်ယူရန်။ |
ဒီဆွေးနွေးပွဲတွေမှာ တက်ရောက်ခဲ့တဲ့ ခေါင်းဆောင်တချို့ကို RFA အဖွဲ့သား ကိုဉာဏ်ဝင်းအောင် ဆက်သွယ်မေးမြန်းထားတာကိုလည်း နားဆင်နိုင်ပါတယ်။
![]() |
ဆက်သွယ်မေးမြန်းချက်။ |
![]() |
အသံဖိုင်ယူရန်။ |