ကလေးစစ်သား ပပျောက်ရေး မြန်မာ ကုလ သဘောတူလက်မှတ်ရေးထိုး

မြန်မာနိုင်ငံမှာ ကလေးစစ်သား အသုံးပြုမှု ပပျောက်ရေးအဖြစ် ကုလသမဂ္ဂနဲ့ မြန်မာအစိုးရတို့ လုပ်ငန်းစဉ်တွေ ချမှတ်ပြီး သဘောတူ လက်မှတ်ရေးထိုး လိုက်တယ်လို့ သတင်းရရှိပါတယ်။

2012.06.27

ကလေးသူငယ်တွေကို မြန်မာ့တပ်မတော်မှာ စစ်မှုထမ်းခြင်းမှ ကာကွယ်ဖို့နဲ့ အသက်မပြည့်သေးတဲ့ တပ်သားသစ်တွေကို လွတ်မြောက်ခွင့်ပြုဖို့ လုပ်ငန်း အစီအစဉ်တရပ်ကို လက်မှတ်ရေးထိုးကြတာလို့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒီအစီအစဉ်ကို ကုလသမဂ္ဂဆိုင်ရာ ကလေးသူငယ်များ စောင့်ရှောက်ရေးအဖွဲ့ UNICEF က ဦးဆောင်တာဖြစ်ပြီး ဒီလုပ်ငန်းတွေအတွက် အစိုးရက အကောင်အထည်ဖော်တဲ့နေရာမှာ UNICEF က အထောက်အပံ့ပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ မြန်မာ့တပ်မတော်အပါအဝင် DKBA ခေါ် ဒီမိုကရက်တစ် ကရင်ဗုဒ္ဓဘာသာစစ်တပ်၊ KIA ခေါ် ကချင်လွတ်မြောက်ရေးတပ်၊ KNLA ခေါ် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်၊ KNLA-Peace Council ခေါ် ကရင်အမျိုးသား လွတ်မြောက်ရေးတပ်-ငြိမ်းချမ်းရေးကောင်စီ၊ ကရင်နီတပ်၊ SSA ရှမ်းပြည်နယ်တပ်-တောင်ပိုင်းနဲ့ UWSA ဝအမျိုးသားတပ်မတော်တို့ဟာ မြန်မာနိုင်ငံမှာ ကလေးစစ်သား စုဆောင်းအသုံးပြုနေတဲ့အဖွဲ့ ၈ ဖွဲ့ဖြစ်တယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။

အခုအစီအစဉ်သစ်အရ တပ်မတော်ကနေ ပြန်ပြီးလွတ်မြောက်လာမယ့် ကလေးတွေအတွက် ပြန်လည်ပြုစုပျိုးထောင်ရေးဟာ အရေးပါတဲ့ ရေရှည်လုပ်ငန်းဖြစ်တယ်လို့လည်း ကုလသမဂ္ဂကြေညာချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။