သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2013-05-28
ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် မင်းဓမ္မလမ်းပေါ်က ပန်းရောင်းတဲ့ ဆိုင်ခန်းတွေကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီက သာကေတမြို့နယ် ဘက် ပြောင်းရွှေ့ခိုင်းတာကို မကျေနပ်ကြတဲ့အတွက် ရာနဲ့ချီတဲ့ ဆိုင်ခန်းပိုင်ရှင်တွေ ဒီကနေ့ ဆန္ဒပြတောင်း ဆိုခဲ့ကြပါတယ်။
2013-05-28
ဝတိုင်းရင်းသားအဖွဲ့တွေက သူတို့ အတွက် အထူးကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသအဖြစ် ကနေ "ဝ" ပြည်နယ်အဖြစ် တိုးမြှင့်သတ် မှတ်ပေးဖို့ တောင်းဆိုလိုက်တယ်လို့ သတင်းရရှိပါတယ်။
2013-05-28
မြန်မာနိုင်ငံမှာ တိုင်းရင်းသားအားလုံးပါဝင် တဲ့ နိုင်ငံရေးဆွေးနွေးပွဲတစ်ခုကို လာမယ့်ဇွန်လ (သို့မဟုတ်) ဇူလိုင်လအတွင်းကျင်းပဖို့ အစိုးရက ကြိုးပမ်းနေတယ်လို့ ငြိမ်းချမ်းရေးအဖွဲ့ခေါင်းဆောင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းက ကချင်ပြည်နယ် မြစ် ကြီးနားမြို့မှာ ဒီကနေ့ကျင်းပတဲ့ အစိုးရနဲ့ ကေအိုင်အို ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ ကတိပြုပြောကြားလိုက်ပါတယ်။
2013-05-28
လက်ပံတောင်းဒေသမှာ ဧပြီလ ၂၅ ရက်နေ့က ဖမ်းဆီးခံခဲ့ရတဲ့ ဆည်တဲရွာသား ၂ ဦးရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘာမှ မသိရတာကြောင့် မိသားစုဝင်တွေက သက်ဆိုင်ရာအဆင့် ဆင့်ကိုစာတင်ပြီး မေးမြန်းဖို့စီစဉ်နေတယ်လို့ အဲဒီ ရွာသားနှစ်ဦးအတွက် လိုက်ပါဆောင်ရွက်ပေးနေသူ ရှေ့နေ ဦးစောကျော်ကျော်မင်းက ပြောပါတယ်။
2013-05-28
ပဲခူးတိုင်း(အနောက်ပိုင်း)၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့မှာ ဒေသခံလယ်သမား ၂၀၀ ဝန်းကျင်ဟာ စစ်တပ်ကသိမ်းယူခဲ့တဲ့ လယ်ယာမြေ ပြန် လည်ရရှိရေးအတွက် မနေ့မနက်ပိုင်းက တရားဝင်ခွင့်ပြုချက် နဲ့ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
2013-05-28
အမေရိကန်ပြည်ထောင်စု ကိုရောက်ရှိနေတဲ့ ၈၈ မျိုးဆက်ကျောင်း သားခေါင်းဆောင် ကိုမင်းကိုနိုင်နဲ့ ကိုကိုကြီးတို့ဟာ အင်ဒီယားနားပြည်နယ် ဖို့ဝိန်းမြို့မှာ မြန်မာမိသားစုတွေနဲ့ မနေ့ညနေပိုင်းက တွေ့ဆုံခဲ့ကြပါတယ်။
2013-05-27
ရခိုင်ပြည်နယ်အတွင်းက မွတ်ဆလင် ဘာသာဝင် အများစုနေထိုင်တဲ့ မြို့နယ်နှစ်ခုအတွင်းက ရိုဟင်ဂျာတွေအနေနဲ့ မိသားစုတစ်စု ကို ကလေး ၂ ဦးသာ မွေးဖွားနှုန်းရှိရမယ်လို့ ရခိုင်ပြည်နယ် အစိုးရက ကန့်သတ်လိုက်တာဟာ ခွဲခြားဆက်ဆံမှု တစ်ရပ်သာဖြစ်ကြောင်း၊ သူ့အနေနဲ့ အငြင်းပွားစရာ ဒီအမိန့် ထုတ်ပြန်ချက်ကို ကန့်ကွက်ကြောင်း အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ဒီကနေ့ ပြောကြားလိုက် ပါတယ်။
2013-05-27
ကချင်ပြည်နယ်အတွင်း အကောင်အ ထည်ဖော်နေတဲ့ မြစ်ဆုံရေကာတာစီမံကိန်း အပါအဝင် ရေကာတာစီမံကိန်းတွေအားလုံး ရပ်တန့်ပေးဖို့နဲ့ လယ်ယာမြေ သိမ်းဆည်းမှုတွေ ရပ်တန့်ပေးဖို့ အချက် ၉ ချက်ပါ တောင်းဆိုချက်တွေကို ဒေသခံတွေက ဒီကနေ့ မှာ တောင်းဆိုလိုက်ပါတယ်။
2013-05-27
ပြည်သူလူထုနဲ့ နိုင်ငံအတွက် ခေတ်နဲ့ အညီ ပြုပြင်ပြောင်းလဲဖို့ လိုအပ်တာတွေကို NLD ပါတီအနေနဲ့ အဓိကထားလုပ်ဆောင်သွားမယ့်အပြင် ပါတီတွင်းမှာလည်း ခေတ်နဲ့လျော် ညီအောင် ပြုပြင်ပြောင်းလဲဖို့ လိုအပ်တာတွေကို ဆက်လက်လုပ်ဆောင်သွားမယ်လို့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် က ပြောကြားလိုက်ပါတယ်။
2013-05-27
လာမယ့် နှစ်နှစ်အတွင်း မြန်မာနိုင်ငံ ရဲ့ သောက်သုံးရေရှားပါးတဲ့ ဒေသတွေအတွက် ရေသန့်လီတာပေါင်း အနည်းဆုံး သန်း ၂၀၀ ကို အမေရိကန်နိုင်ငံ အခြေစိုက် ပီအမ်ဂျီ Procter & Gamble ကုမ္ပဏီနဲ့ အမေရိကန် ဖွံ့ဖြိုးတိုးတက်ရေးအေဂျင်စီ USAID တို့က ပူးပေါင်းကူညီ လှူဒါန်းသွားမယ်လို့ ပီအမ်ဂျီ နဲ့ USAID အဖွဲ့တို့က ဒီကနေ့ ကြေညာလိုက်ပါတယ်။
2013-05-27
အစိုးရနဲ့ ကေအိုင်အိုတို့ရဲ့ မေလ ၂၈ ရက်နေ့ မြစ်ကြီးနားမြို့မှာ ပြုလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ ဗိုလ်ချုပ် ဂွမ်မော် ဦးဆောင်တဲ့ ကချင်လွတ်မြောက်ရေး အဖွဲ့(KIO) ကိုယ်စာလှယ်အဖွဲ့ဟာ မြစ်ကြီးနားမြို့ကို ဒီကနေ့ နေ့လည်ပိုင်း က ရောက်ရှိလာပါတယ်။
2013-05-27
ဖားကန့်မြို့နယ် လုံးခင်းကျေးရွာ အနီးဝန်းကျင်မှာ လုပ်ကိုင်စားသောက်နေတဲ့ ရေမဆေး ကျောက်ရှာတဲ့လူတွေကို အာဏာပိုင်တွေက အခုရက်ပိုင်းအတွင်း ဖမ်းဆီးနေ တာကြောင့် ဒေသခံကျောက်ကုန်သည်တွေပါ အခက် အခဲတွေ့နေကြရတယ်လို့ သိရပါတယ်။
2013-05-26
ပိုင်နက်ကျူးကျော်မှုနဲ့ မကြာသေးခင် ရက်ပိုင်းအတွင်းက ဖမ်းဆီးခံထားရ တဲ့ တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမား ၁၂ ဦး လွတ်မြောက်ဖို့အတွက် ရန်ကုန်မြို့မှာရှိတဲ့ စက်မှုဇုန်တွေက အလုပ်သမားအဖွဲ့အစည်း ၁၅ ဖွဲ့ဟာ ရွှေတိဂုံဘုရား ရဲ့ အောင်မြေမှာ ဒီကနေ့ မနက်ပိုင်းက ဆုတောင်းပွဲ ကျင်းပ ခဲ့ကြပါတယ်။
2013-05-26
ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းရိုင်းခရိုင် အတွင်းမှာ မြန်မာနိုင်ငံဘက်ခြမ်းကနေ သယ်ဆောင်လာတဲ့ ထိုင်းဘတ်ငွေ သန်း ၂ဝဝ နီးပါးခန့် တန်ဖိုးရှိ ယာဘ (ခေါ်) အင်ဖက်တမင်း စိတ်ကြွဆေးပြား ၆ သိန်းနဲ့အတူ သယ်ဆောင်လာသူ ၄ ဦးကို ဒီကနေ့ မနက်က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းနယ်စပ် အာဏာပိုင်တွေက ပြော ပါတယ်။
2013-05-26
အစိုးရနဲ့ ကေအိုင်အိုတို့ရဲ့ မေလ၂၈ ရက်နေ့ မြစ်ကြီးနားမြို့မှာပြုလုပ်မယ့် ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တက်ရောက်ဖို့ သမ္မတရုံးဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့နဲ့ တိုင်းရင်း သားလက်နက်ကိုင် အဖွဲ့အစည်းတချို့ မြစ်ကြီးနားမြို့ ကို ရောက်ရှိနေပြီဖြစ်ပါတယ်။