အဖမ်းခံ လုပ်သားများအတွက် အလုပ်သမားအဖွဲ့များ ဆုတောင်းပွဲ ပြုလုပ်


2013.05.26
taiyi-victory-b305 ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်က ရန်ကုန်တိုင်း၊ လှိုင်သာယာစက်မှုဇုန် တိုင်ရီ ဖိနပ်စက်ရုံ အလုပ်သမားများ ဆန္ဒပြနေကြစဉ်။
RFA

ပိုင်နက်ကျူးကျော်မှုနဲ့  မကြာသေးခင် ရက်ပိုင်းအတွင်းက ဖမ်းဆီးခံထားရတဲ့ တော်ဝင်သစ်အချောထည်စက်ရုံက အလုပ်သမား ၁၂ ဦး လွတ်မြောက်ဖို့အတွက် ရန်ကုန်မြို့မှာရှိတဲ့ စက်မှုဇုန်တွေက အလုပ်သမားအဖွဲ့အစည်း ၁၅ ဖွဲ့ဟာ ရွှေတိဂုံဘုရားရဲ့ အောင်မြေမှာ ဒီကနေ့ မနက်ပိုင်းက ဆုတောင်းပွဲ ကျင်းပခဲ့ကြပါတယ်။

ပြီးခဲ့တဲ့ မေလ  ၁၄ ရက်နေ့က ပိုင်နက်ကျူးကျော်မှုနဲ့ တော်ဝင်အလုပ်သမားတွေကို အခုလို အလုပ်ရှင်ဘက်က အမှုဖွင့်တာဟာ တခြားအလုပ်သမားတွေအတွက်လည်း အခက်အခဲဖြစ်စေတယ်လို့ ဆုတောင်းပွဲမှာပါဝင်တဲ့ တိုင်ရီ ဖိနပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့ ဥက္ကဌ ဒေါ်မိုးဝေက RFA ကို ပြောပါတယ်။

အင်းစိန်ထောင်မှာ ဖမ်းဆီးခံထားရတဲ့ တော်ဝင်အလုပ်သမားတွေရဲ့ အမှုရုံးချိန်းကို လာမယ့်မေလ ၂၈ ရက်နေ့မှာ ရုံးထုတ်စစ်ဆေးမယ်လို့ သိရပါတယ်။

ဒီကနေ့ ဆုတောင်းပွဲကို တောင်ဒဂုံ(ဆိပ်ကမ်း)၊ လှိုင်သာယာ၊ မှော်ဘီ၊ ရွှေပြည်သာမှာရှိတဲ့ စက်မှုဇုန်တွေက အလုပ်သမားခေါင်းဆောင် ၄၀ လောက် ပူးပေါင်းလုပ်ဆောင်ကြတာဖြစ်ပါတယ်။

ဒါ့အပြင် အခြေခံလုပ်ခလစာ ဥပဒေပေါ်ပေါက်ဖို့အတွက်လည်း အလုပ်သမားအဖွဲ့အစည်းတွေ ပူးပေါင်းပြီး အစိုးရဆီကို တင်ပြတောင်းဆိုသွားမယ်လို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်ပြီး တိုင်ရီဖိနပ်စက်ရုံ အခြေခံအလုပ်သမားအဖွဲ့ ဥက္ကဌ ဒေါ်မိုးဝေကို RFA သတင်းထောက် မဇင်မာဝင်းက မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။