သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2019-02-26
ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက် ၂ဦးကို သခင်စစ် သတ္တုတူးဖော်ရေး ကုမ္ပဏီဝန်ထမ်းတွေက ဒီနေ့မနက်မှာ ခေါ်ဆောင်ပြီး ခြိမ်းခြောက်ပြောဆိုတာတွေ ရှိခဲ့တဲ့အတွက် ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ အပါအဝင် ၆ဦးကို အရေးယူပေးဖို့ ကိုယ်ထိလက်ရောက်ပြုမူခံရတဲ့ သတင်းထောက် မွန်းမွန်းပန် က ဝိုင်းမော်မြို့မရဲစခန်းမှာ အမှုဖွင့်ခဲ့ပါတယ်။
2019-02-26
ကချင်ပြည်နယ် မြစ်ကြီးနားအခြေစိုက် မြစ်ကြီးနားသတင်းဂျာနယ်က သတင်းထောက် ၂ဦးကို ငှက်ပျောခြံနဲ့ သတ္တုတူးဖော်ရေး လုပ်ကိုင်တဲ့ သခင်စစ် ကုမ္ပဏီ ဝန်ထမ်းတွေဟာ ဒီနေ့မနက်မှာ ကုမ္ပဏီရုံးခန်းကို ခေါ်ဆောင် သွားပြီး ခြိမ်းခြောက်ပြောဆိုတာတွေ ရှိတယ်လို့ ကာယကံရှင်သတင်းထောက်နှစ်ဦးက ပြောပါတယ်။
2019-02-26
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက နေပြည်တော်မှာ ပါတီရုံး ဆောက်လုပ်ဖို့အတွက် အကျယ် ၁၆ ဧကရှိတဲ့ မြေနေရာကို ငွေကျပ်သိန်း နှစ်ထောင်ကျော်နဲ့ ဝယ်ယူထားတယ်လို့ သိရပါတယ်။
2019-02-26
ရခိုင်ပြည်နယ် ကျောက်တော်မြို့က ဆယ်တန်းကျောင်းသားတစ်ဦးကို ဖမ်းဆီးရိုက်နှက်မှုမှာ ပါဝင်တဲ့ အမှတ် ၅၃၉ တပ်ရင်းက တပ်မတော်သားတွေကို အရေးယူပေးဖို့ ဖခင်ဖြစ်သူက ကျောက်တော်မြို့မရဲစခန်းမှာ မနေ့က အမှုဖွင့်တိုင်ကြားလိုက်ပါတယ်။
2019-02-26
ကချင်လွတ်မြောက်ရေးအဖွဲ့ KIA ၊ AA ရခိုင်အဖွဲ့၊ ကိုးကန့် MNDAA နဲ့ တအာင်းပလောင် TNLA တို့ကို NCA စာချုပ်မှာ လက်မှတ်ထိုးဖို့ အစိုးရငြိမ်းချမ်းရေး ကော်မရှင်က တိုက်တွန်းလိုက်ပါတယ်။
2019-02-26
ငြိမ်းချမ်းရေးဖြစ်စဉ်မှာ အားလုံးပါဝင်ပြီး ဘယ်အဖွဲ့အစည်းမှမကျန်အောင် ဆောင်ရွက်ဖို့ တပ်မတော်ဘက်က သဘောထားရှိကြောင်း မနေ့က ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် SSPP ခေါင်းဆောင်တွေနဲ့ တွေ့ဆုံရာမှာ တပ်မတော်ညှိနှိုင်းဆွေးနွေးရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောလိုက်ပါတယ်။
2019-02-26
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေး လူထုထောက်ခံပွဲတွေ ပြုလုပ်ဖို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဗဟိုက ညွှန်ကြားထားတာမရှိကြောင်း ပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် က RFA ကို ပြောလိုက်ပါတယ်။
2019-02-26
RFA ကနေ ၂ ပတ်တစ်ကြိမ်ထုတ်လွှင့်မယ့် ဒေါက်တာ ဒေါ်ညိုညိုသင်းရဲ့ " နိုင်ငံတော်သစ်ဆီသို့ " အစီအစဉ်သစ် ဖြစ်ပါတယ်။
2019-02-25
ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ပူးပေါင်းကော်မတီဟာ လာမယ့် မတ်လ ၅ရက်နေ့မှာ ဖွဲ့စည်းပုံပါ အခန်း ၁ နိုင်ငံတော်အခြေခံမူ ၄၈ ချက်ကို စတင်ဆွေးနွေးဖို့ ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။
2019-02-25
ဂျပန်သတင်းဌာန အဆာဟိရှင်ဘွန်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တောင်းပန်စာ တိုက်ရိုက်ပို့လိုက်ပါတယ်။
2019-02-25
အစိုးရငြိမ်းချမ်းရေး ကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ကေအိုင်အေ၊ AA ၊ MNDAA နဲ့ TNLA တို့ ဒီနေ့ တရုတ်နိုင်ငံ ကူမင်းမြို့မှာ တွေ့ဆံုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
2019-02-25
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်လို့ ဥပဒေကို ကျော်လွန်ပြီး ဆောင်ရွက်မှာမဟုတ်ဘူးလို့ ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ ဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် က ဒီနေ့ ပြောလိုက်ပါတယ်။
2019-02-25
ပထမအကြိမ် လွှတ်တော်သက်တမ်းအတွင်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဆောင်ရွက်ချက်ကို တပ်မတော်က မကန့်ကွက်ဘဲ အခုချိန်မှာ NLD ပါတီကိုတော့ ကန့်ကွက်တယ်လို့ မနေ့က NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ ပြောကြားချက်ဟာ လွဲမှားတဲ့သုံးသပ်ချက်ဖြစ်ပြီး ပြည်သူကို မှိုင်းတိုက်မှုသာ ဖြစ်တယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ နန္ဒာလှမြင့် က ဒီနေ့ ပြောလိုက်ပါတယ်။
2019-02-25
တောင်ကိုရီးယားနိုင်ငံမှာရှိတဲ့ နေထိုင်ခွင့်သက်တမ်း လွန်နေသူတွေကို ဒီနေ့ကစပြီး မတ်လ ၃၁ ရက်နေ့အထိ ဖမ်းဆီးမယ်လို့ တောင်ကိုရီးယားအစိုးရက ထုတ်ပြန်ကြေညာလိုက်ပါတယ်။
2019-02-25
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ ဖေဖော်ဝါရီလ ၁၉ ရက်နေ့ကစပြီး အစိုးရတပ်မတော်နဲ့ ရက္ခိုင့်တပ်မတော် AA တို့ကြား တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဒေသခံတွေအပါအဝင် လူ ၁၁ ဦးခန့် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။