သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-11-28
များပြားလှတဲ့ တော်လှန်ရေးတပ်သားတွေကို လက်နက်တပ်ဆင်ပေးဖို့နဲ့ သူတို့ရဲ့စားဝတ်နေရေးအတွက် ဆက်လက်ပြီး ဝိုင်းဝန်းကူညီပေးကြဖို့လည်း NUG သမ္မတက မေတ္တာရပ်ခံပါတယ်။
2022-11-28
လမ်းပိတ်ထားတဲ့ကာလအတွင်း ဝင်ထွက်သွားလာတာကို လုံးဝခွင့်ပြုမှာမဟုတ်ဘဲ သွားလာနိုင်မယ့်အချိန်ကို ပြန်လည်ထုတ်ပြန်ပေးမယ်လို့ ကရင်နီပြည်နယ်အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
2022-11-28
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီဘက်က စွပ်စွဲပြီး တရားစွဲဆိုထားတဲ့ အမှုတွေထဲက နောက်ဆုံးကျန်နေတဲ့ အဂတိအမှု ငါးမှုစလုံးအတွက် ကိုယ်တိုင်တရားရုံးမှာ ထွက်ဆိုမှုဟာ နိုဝင်ဘာလ ၂၈ ရက် ဒီနေ့ရုံးချိန်းမှာပဲ ပြီးစီးသွားပြီလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-11-28
စစ်တပ်အာဏာသိမ်းပြီး လပေါင်း ၂၀ အတွင်း တရုတ်-မြန်မာ စီးပွားရေးစင်္ကြံလမ်း ဖြတ်သန်းရာ မြန်မာနိုင်ငံက မြို့နယ် ၄၃ မြို့နယ်မှာ တိုက်ပွဲပေါင်း ၃၀၀ ကျော် ဖြစ်ပွားခဲ့တယ်လို့ မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒရေးရာ လေ့လာရေးအင်စတီကျု (ISP-Myanmar) က နိုဝင်ဘာလ ၂၅ ရက်နေ့က ထုတ်ပြန်ပါတယ်။
2022-11-28
တိုက်ပွဲရပ်စဲထားပေမယ့် ရက္ခိုင့်တပ်တော် (AA) က လက်ရှိ ခြေကုပ်ယူထားတဲ့ တပ်စခန်းတွေကနေ ဆုတ်ခွာသွားမှာမဟုတ်သလို ရက္ခိုင့်တပ်တော် (AA) ရဲ့ နိုင်ငံရေးရပ်တည်ချက်ကလည်း နဂိုအတိုင်းသာဖြစ်တယ်လို့လည်း ဆိုပါတယ်။
2022-11-28
ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲမြို့အထွက်မှာ နိုဝင်ဘာလ ၂၇ ရက် မနေ့နေ့လယ် ၁၂ နာရီခန့်က ကလေးငယ် သုံးဦး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒဏ်ရာရကလေးငယ်တွေကို ကူညီပေးခဲ့တဲ့ Mobye Rescue Team တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
2022-11-28
စစ်ကောင်စီရဲ့ အသင်းအဖွဲ့ဆိုင်ရာ ဥပဒေအသစ်ထဲမှာ အရပ်ဖက်ဆိုင်ရာ လွတ်လပ်ခွင့်နဲ့ လူအခွင့်အရေးအပေါ် ထိခိုက်မှုရှိလာမှာ အလွန်စိုးရိမ်တယ်လို့ အရှေ့တောင်အာရှဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံး (OHCHR) က နိုဝင်ဘာလ ၂၈ ရက် ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။
2022-11-28
ရန်ကုန်နဲ့ မန္တလေးတိုင်းတွေမှာ နိုဝင်ဘာလအတွင်း နေအိမ်နဲ့ ဆိုင်ခန်းပေါင်း တစ်သောင်းကျော်ကို စစ်ကောင်စီက အမိန့်ထုတ်ပြီး အင်အားသုံးဖယ်ရှားခဲ့ပါတယ်။
2022-11-28
နိုဝင်ဘာလ ၂၇ ရက်မနေ့က ဆူးပုတ်ချောင်ရွာကို ဝင်ရောက်မီးရှို့ခံခဲ့တဲ့ စစ်ကြောင်းကပဲ အခုလို ဆက်လက် မီးရှို့နေတာဖြစ်ပြီး လက်ရှိမှာတော့ မီးရှို့ခံရတဲ့ ရွာသုံးရွာအပါအဝင် ထီးချိုင့်ကားလမ်းဘေးမှာရှိတဲ့ ရွာတချို့က ဒေသခံ ငါးထောင်ခန့်ဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။
2022-11-28
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၆ ရက်နေ့ ည ၇ နာရီခန့်က ခရီးသည်တင်ယာဉ်တစ်စီးပေါ်ကနေ ဖမ်းမိတဲ့ စစ်ကောင်စီတပ်ရဲ့ ဗိုလ်မှူးအဆင့်ရှိသူ ဦးဝင်းဌေးနိုင်ကို ကာကွယ်ရေးအဖွဲ့တွေက ခေါ်ယူစစ်ဆေးမေးမြန်းနေချိန် သေနတ်လုပြီး ထွက်ပြေးတာကြောင့် ပစ်သတ်လိုက်တယ်လို့ ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
2022-11-28
မြောင်းမြမြို့နယ် NLD ပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝေလင်းအောင်ကို စစ်ကောင်စီရဲ့ မြဝတီခရိုင်တရားရုံးက နိုဝင်ဘာ ၂၈ ရက် ဒီနေ့မှာ အလုပ်နဲ့ ထောင်ဒဏ် ၂၆ နှစ် ချမှတ်လိုက်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-11-27
အပစ်ရပ်ပြီးနောက် ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို ကူညီရေးလုပ်ငန်းတွေပြန်စနိုင်ဖို့ မျှော်လင့်ကြောင်း ရခိုင်ပြည်နယ်အခြေစိုက် လူထုဘေးဒဏ်ခံနိုင်စွမ်းအတွက် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။
2022-11-27
စစ်တပ်က အာဏာသိမ်းပြီးနောက် အမျိုးသမီး သုံးရာကျော်အသတ်ခံရပြီး အမျိုးသမီးသုံးထောင့်လေးရာကျော် မတရားဖမ်းဆီးခံထားရတယ်လို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC )က နိုဝင်ဘာလ ၂၇ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြောပါတယ်။
2022-11-27
ရခိုင်ပြည်နယ်က ရေကြောင်းလိုင်းတစ်ခုဖြစ်တဲ့ ရွှေပြည်တန်အမြန်ရေကြောင်းက စစ်တွေ၊ ရသေ့တောင်နဲ့ ဘူးသီးတောင်မြို့နယ်တွေကို ပြေးဆွဲနေတဲ့ လိုင်းတွေကို နိုဝင်ဘာလ ၂၈ ရက်နေ့ မနက်ဖြန်ကစပြီး ပြန်လည်ပြေးဆွဲတော့မယ်လို့ ကြေညာထားပါတယ်။
2022-11-27
နိုဝင်ဘာလ တစ်လတည်းမှာတင် စစ်ကောင်စီတပ်သားတွေ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသူ အနည်းဆုံး ၁၀ ဦးနဲ့ PDF တပ်ဖွဲ့ဝင် ၁၀ ဦး၊ စုစုပေါင်း ၂၀ ခန့်ရှိသွားပြီလို့ ဒေသခံတွေက ပြောပါတယ်။