အပစ်ရပ်ပြီးနောက် ရခိုင်ဒုက္ခသည်တွေကို ပြန်လည်ကူညီနိုင်ဖို့မျှော်လင့်

ဝေမာထွန်း (ဝါရှင်တန်ဒီစီ)
2022.11.27
အပစ်ရပ်ပြီးနောက် ရခိုင်ဒုက္ခသည်တွေကို ပြန်လည်ကူညီနိုင်ဖို့မျှော်လင့်
Photo: RFA

 AA နဲ့စစ်ကောင်စီကြား အပစ်ရပ်ပြီးနောက် ရခိုင်ပြည်နယ်က ရသေ့တောင်၊ ဘူးသီးတောင်၊ မောင်တော မြို့နယ်တွေမှာ စစ်ကောင်စီက ပိတ်ဆို့ထားတဲ့ လမ်းတွေ၊ ရန်ကုန်-စစ်တွေကားလမ်းမ၊ စစ်တွေကနေ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦးသွားလမ်းတွေ ဒီရက်ပိုင်းထဲ ပြန်ဖွင့်မယ်လို့ ယာဉ်လိုင်း တချို့က အသိပေးထားကြောင်း ရခိုင်ပြည်နယ်က ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲတွေနဲ့စပ်ဆက်ပြီး ပြည်သူတွေရဲ့လွတ်လပ်စွာသွားလာခွင့်ကိုကန့်သတ်တာမျိုးကိုမလုပ်သင့်သလို ပြည်သူလူထုကိုနိုင်ငံရေးအရ အသုံးချတာမျိုးမလုပ်ဆောင်သင့်ဘူးလို့ ရခိုင်ပြည်နယ်အခြေစိုက် လူထုဘေးဒဏ်ခံနိုင်စွမ်းအတွက် တုံ့ပြန်ဆောင်ရွက်ရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးဇော်ဇော်ထွန်းက ပြောပါတယ်။

အပစ်ရပ်ပြီးနောက် ရခိုင်ပြည်နယ်က ဒုက္ခသည်တွေကို ကူညီရေးလုပ်ငန်းတွေပြန်စနိုင်ဖို့ မျှော်လင့်ကြောင်းလည်း သူကပြောပါတယ်။ ဦးဇော်ဇော်ထွန်းကို RFA သတင်းထောက် မဝေမာထွန်း ဆက်သွယ်မေးမြန်းထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။