သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2018-01-29
ရခိုင်ပြည်နယ် မြောက်ဦးမြို့မှာ ဖြစ်ပွားခဲ့တဲ့ လူသေဆုံးမှုဖြစ်စဉ်နဲ့ ပတ်သက်ပြီး ရခိုင်ပြည်နယ်လွှတ်တော်က ဖွဲ့စည်းလိုက်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ကို ဒီနေ့ကျင်းပတဲ့ ပြည်နယ်လွှတ်တော် အရေးပေါ်အစည်းအဝေးမှာ အတည်ပြုရာမှာ တပ်မတော်သားကိုယ်စားလှယ်တွေနဲ့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေက ကန့်ကွက်ခဲ့ကြပါတယ်။
2018-01-29
ပြည်တွင်းမှာ ထုတ်လုပ်ရောင်းချတဲ့ စာအုပ်စာပေ စာစောင်တွေ၊ ပြည်ပက တင်သွင်းတဲ့ စာအုပ်စာပေ စာစောင်တွေနဲ့ ဆက်နွယ်တဲ့ ဝန်ဆောင်မှု Supply Chain တစ်ခုလုံးကို ကုန်သွယ်လုပ်ငန်းခွန်ကင်းလွတ်ခွင့် ပြုပေးဖို့ အစီအစဉ်ရှိမရှိ ဇန်နဝါရီလ ၂၉ ရက်နေ့မှာကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ မေးမြန်းခဲ့ပါတယ်။
2018-01-29
မြန်မာအစိုးရဟာ ရိုဟင်ဂျာ ပြဿနာကို ဖြေရှင်းဖို့ ရည်ရွယ်ချက်မရှိဘူးလို့ ရခိုင် ရိုဟင်ဂျာ ကယ်တင်ရေးတပ် ARSA ခေါ် အကြမ်းဖက်အဖွဲ့က ပြောဆိုကြောင်း ဒါကာ ထရီဗြွန်း သတင်းစာက ဖေါ်ပြပါတယ်။
2018-01-29
ကချင်လွတ်မြောက်ရေးတပ်မတော် KIA အဖွဲ့တွေရဲ့ စခန်းတွေရှိနေတဲ့ ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲမှာ မြန်မာ့တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ပွဲတွေကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးတာတွေရှိနေပြီး၊ ပယင်းမှော်လုပ်သား ၃၅၀၀ လောက်လဲ တောထဲကနေ ထွက်ပြေးလာနေတယ်လို့သိရပါတယ်။
2018-01-29
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ် တရားရုံးမှာ ပထမဆုံး အကြိမ် ရုံးထုတ်ရာမှာ မိသားစုဝင်တွေ၊ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံခွင့်မပေးဘဲ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့ စာရေးဆရာ ကိုဝေဟင်အောင်ရဲ့ ရှေ့နေ ဒေါ်အေးနုစိန် က ပြောပါတယ်။
2018-01-29
ဗြိတိန်နိုင်ငံ Newcastle မြို့တော် ကောင်စီက ငြိမ်းချမ်းရေး နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ချီးမြှင့်ခဲ့တဲ့ နယူးကာဆယ် လွတ်မြောက်ရေးဆုကို ပြန်လည် ရုပ်သိမ်းဖွယ် ရှိနေပါတယ်။ အဲဒီဆုကို ၂၀၁၁ ခုနှစ်က ချီးမြှင့်ခဲ့တာပါ။
2018-01-29
မြန်မာနိုင်ငံမှာ လိင်တူချစ်သူများပွဲတော်ကို ပထမဦးဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ သခင်မြပန်းခြံမှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။ "&Proud" လို့ နံမည်ပေးထားတဲ့ အဲဒီပွဲတော်မှာ အားကစားပြိုင်ပွဲတွေ၊ ဂိမ်းကစားနည်းတွေ ထည့်သွင်းကျင်းပခဲ့ပါတယ်။
2018-01-29
ရခိုင်ပြည်နယ်ဆိုင်ရာ အရေးကိစ္စတွေ အကြံပေးဖို့ရောက်နေတဲ့ နိုင်ငံတကာအကြံပေးအဖွဲ့ ဟာ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲ့ တရားစွဲဆိုထိန်းသိမ်းခံထားရတဲ့ ရိုက်တာစ် သတင်းထောက် နှစ်ယောက်ကိစ္စကို ဝင်ရောက်စွက်ဖက်မှာမဟုတ်ဘူးလို့ အကြံပေးအဖွဲ့ရဲ့ဥက္ကဌ ဆူရာကီယတ် က ဒီကနေ့ထုတ်ဝေတဲ့ သတင်းစာမေးမြန်းခန်းတခုမှာ ထည့်သွင်းပြောဆိုသွားပါတယ်။
2018-01-29
ရန်ကုန်တိုင်းအတွင်းမှာရှိတဲ့ အငှားယာဉ်တွေကို ငှားစီးရင်းကနေ မှုခင်းဖြစ်ပွားမှု မရှိအောင် လာမယ့် ဖေဖော်ဝါရီလကစပြီး အငှားယာဉ်တွေကို အထူးစီမံချက်နဲ့ စစ်ဆေးသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင် က ဒီနေ့ ပြောပါတယ်။
2018-01-29
ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ သေနတ်နဲ့ လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေ ဦးကိုနီနဲ့ သေနတ်သမားကို လိုက်လံဖမ်းဆီးရင်း ပစ်သတ်ခံလိုက်ရတဲ့ အငှားယာဉ်မောင်း ကိုနေဝင်းတို့အတွက် တစ်နှစ်ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို ဒီကနေ့ ရန်ကုန်မြို့ တော်ဝင်နှင်းဆီ ခန်းမမှာ ကျင်းပခဲ့ပါတယ်။
2018-01-29
ပညာရေး အသုံးစရိတ် တိုးမြှင့်ပေးဖို့ ဆန္ဒပြ တောင်းဆိုမှုကြောင့် ဒီနေ့အထိ ပညာသင်ခွင့် ရပ်နားခံရတဲ့ ကျောင်းသား ကျောင်းသူဦးရေ ၄၀အထိ ရှိနေပြီလို့ ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးရေး တိုက်ပွဲကော်မတီဝင် ကိုရဲမျိုးဆွေ က ဒီနေ့ ပြောပါတယ်။
2018-01-29
ပညာရေးအသုံးစရိတ် တိုးမြှင့်ပေးဖို့ ဆန္ဒပြတောင်းဆိုခဲ့တာကြောင့် ကျောင်းထုတ်ခံရတဲ့ ကျောင်း သား ကျောင်းသူတွေကို ကျောင်းပြန်တက်ခွင့်ပေးဖို့နဲ့ အဲဒီကိစ္စကို အစိုးရအနေနဲ့ အမြန်ဆုံးဖြေ ရှင်းပေးဖို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2018-01-29
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအေးမောင် နဲ့ စာရေးဆရာ ကိုဝေဟင်အောင် တို့ကို စစ်တွေ အကျဉ်းထောင်ကနေ ရသေ့တောင်မြို့နယ် တရားရုံးကို ဒီနေ့ ခေါ်ဆောင်လာရာမှာ ပင်လယ်ဘက်ကနေ စက်လှေငယ်နဲ့ ခေါ်ဆောင်လာခဲ့တဲ့အတွက် အသက်အန္တရာယ် မလုံခြုံတဲ့ အနေအထားရှိခဲ့တယ်လို့ စာရေးဆရာ ကိုဝေဟင်အောင်ရဲ့ ရှေ့နေ ဒေါ်အေးနုစိန် က ဒီနေ့ ပြောပါတယ်။
2018-01-29
ဧရာဝတီမြစ်ဆုံစီမံကိန်းကြောင့် မူလ ရပ်ရွာတွေကနေ ရွှေ့ပြောင်းနေထိုင်နေကြရတဲ့ ရွာသားတွေက စီမံကိန်းကြောင့် ဒေသခံပြည်သူတွေ လူမှုစီးပွား ဒုက္ခရောက်နေကြရတဲ့ အခြေအနေတွေ ကို အောင်မြင်သာရွာ ကက်သလစ် ဘုရားရှိခိုးကျောင်းမှာ ဒီကနေ့ ဆွေးနွေးခဲ့ ကြပါတယ်။
2018-01-29
ကချင်ပြည်နယ် တနိုင်းဒေသက ပယင်းမှော်တွေတဝိုက်မှာ တပ်မတော်နဲ့ ကေအိုင်အေ တပ်ဖွဲ့တွေ အကြား အခုရက်ပိုင်းအတွင်းဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ပိတ်မိနေသူခန့်မှန်း ၃ ထောင်ကျော် ကို တနိုင်းအခြေစိုက် ဒေသကွပ်ကဲရေးစစ်ဋ္ဌာနချုပ်က ဒီနေ့ သွားရောက်ခေါ်ဆောင်နေတယ်လို့ တနိုင်းမြို့ခံ ဦးစောမင်းအောင်က ပြောပါတယ်။