လိင်တူချစ်သူများပွဲတော် သခင်မြပန်းခြံမှာ မနေ့ကကျင်းပ


2018.01.29
&proud-622.jpg လိင်တူချစ်သူများပွဲတော်ကို ရန်ကုန်မြို့က သခင်မြပန်းခြံမှာ ၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ညက ကျင်းပခဲ့စဉ်
.

မြန်မာနိုင်ငံမှာ လိင်တူချစ်သူများပွဲတော်ကို ပထမဦးဆုံးအကြိမ်အဖြစ် ရန်ကုန်မြို့ သခင်မြပန်းခြံမှာ မနေ့က ပြုလုပ်ခဲ့ပါတယ်။ "&Proud" လို့ နံမည်ပေးထားတဲ့ အဲဒီပွဲတော်မှာ အားကစားပြိုင်ပွဲတွေ၊ ဂိမ်းကစားနည်းတွေ ထည့်သွင်းကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဗြိတိသျှလက်ထက်က လိင်တူချစ်သူတွေကို ပုံမှန်မဟုတ်တဲ့ ရာဇဝတ်မှုအဖြစ် သတ်မှတ်ပြီး ပုဒ်မ ၃၇၇ နဲ့ ပြဌာန်းအရေးယူခဲ့ပါတယ်။ အခုအချိန်ထိလည်း လိင်တူချင်းအတူ နေထိုင်လက်ထပ်တာကို တရားဝင်ခွင့် မပြုသေးပါဘူး။

အခု မကြားသေးခင်နှစ်တွေမှာတော့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု အနည်းငယ်နဲ့အတူ လွတ်လပ်စွာထုတ်ဖော် ပြောဆိုခွင့်နဲ့ လူမှုအဖွဲ့အစည်းတွေအအတွက် နေရာအနည်းငယ်ရလာခဲ့ပေမဲ့ လူ့အခွင့်အရေးအဖွဲ့တွေကတော့ ခွဲခြားဆက်ဆံခံနေရဆဲလို့ ထောက်ပြနေကြပါတယ်။  

ဒီနှစ်ကျင်းပတဲ့ လိင်တူချစ်သူများပွဲတော်ကို မနေ့ကတနေ့ထဲမှာတင် လူ ၆ ထောင် တက်ရောက်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်က ပြင်သစ်ယဉ်ကျေးမှုစင်တာမှာ ကျင်းပခဲ့တဲ့ ပွဲတော်မှာတော့ လူပေါင်း ၂ သောင်း ၃ ထောင် ပူးပေါင်း ပါဝင်ခဲ့ပါတယ်။

လိင်တူချစ်သူပွဲတော်ကို လာမယ့်ဖေဖော်ဝါရီလ ၁ ရက်နေ့ကနေ ၄ ရက်နေ့ထိ ပြင်သစ်ယဉ်ကျေးမှု စင်တာမှာ ထပ်မံပြုလုပ်ဦးမှာဖြစ်တယ်လို့လည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။