ဒေါက်တာအေးမောင် နဲ့ ကိုဝေဟင်အောင် ကို ရုံးထုတ်
2018.01.29
ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ အေးမောင်နဲ့ စာရေးဆရာ ကိုဝေဟင်အောင်တို့ကို ရသေ့တောင်မြို့နယ် တရားရုံးမှာ ပထမဆုံး အကြိမ် ရုံးထုတ်ရာမှာ မိသားစုဝင်တွေ၊ သတင်းမီဒီယာတွေနဲ့ တွေ့ဆုံခွင့်မပေးဘဲ လုံခြုံရေး တင်းတင်းကျပ်ကျပ် ချထားတယ်လို့ စာရေးဆရာ ကိုဝေဟင်အောင်ရဲ့ ရှေ့နေ ဒေါ်အေးနုစိန် က ပြောပါတယ်။
ရှေ့နေ ဒေါ်အေးနုစိန် ကို RFA သတင်းထောက် မဝေမာထွန်း က ဆက်သွယ်မေးမြန်းထားပါတယ်။