တိုက်ပွဲတွေကြောင့် ပယင်းမှော်လုပ်သားတွေ ထွက်ပြေး
2018.01.29
ကချင်လွတ်မြောက်ရေးတပ်မတော် KIA အဖွဲ့တွေရဲ့ စခန်းတွေရှိနေတဲ့ ကချင်ပြည်နယ် တနိုင်းမြို့နယ်ထဲမှာ မြန်မာ့တပ်မတော်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ပွဲတွေကြောင့် အရပ်သားတချို့ ထိခိုက်သေဆုံးတာတွေရှိနေပြီး၊ ပယင်းမှော်လုပ်သား ၃၅၀၀ လောက်လဲ တောထဲကနေ ထွက်ပြေးလာနေတယ်လို့သိရပါတယ်။
အဲဒီအကြောင်းနဲ့ ပတ်သက်လို့ တနိုင်းမြို့နယ်က ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးဇော်ဝင်း ကို RFA ဝိုင်းတော်သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားပါတယ်။