သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-01-18
စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ် ကြာပင်ရွာက ကိုအောင်နိုင်ဝင်း ဟာ စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးတာ ခံလိုက်ရပါတယ်။
2022-01-18
တရုတ်-မြန်မာနယ်စပ် ကချင်ပြည်နယ်က လွယ်ဂျယ်-လိုင်းရင်းနယ်စပ်ဂိတ်ကို ဇန်နဝါရီလ ၁၇ ရက်နေ့က ပြန်ဖွင့်ပေးလိုက်ပါတယ်။
2022-01-18
ကလေး-တမူးလမ်းမှာ တမူး PDF က မိုင်းဆွဲ တိုက်ခိုက်တာကြောင့် ကားပေါ်ပါလာတဲ့ ရဲငါးဦး သေဆုံးခဲ့ပါတယ်။
2022-01-18
နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံရသူတွေကို အင်းစိန်ထောင်ကနေ နယ်ထောင်ခြောက်ခုဆီ ဒီရက်ပိုင်းအတွင်း ပြောင်းရွှေ့လိုက်ပါတယ်။
2022-01-18
ကယားပြည်နယ်မှာ စစ်လေယာဥ်နဲ့ တိုက်ခိုက်ခံရတာကြောင့် ဒုက္ခသည် ခြောက်ယောက် သေဆုံးခဲ့ပြီး နှစ်သောင်းကျော် ထွက်ပြေးနေရပါတယ်။
2022-01-18
စစ်တပ်ထုတ်ကုန် မရောင်းဝယ်ရေး လှုံ့ဆော်မှုဟာ ရှမ်းနဲ့ ကချင်လို တိုင်းရင်းသားပြည်နယ်တွေအထိပါ ကျယ်ပြန့်လာပါတယ်။
2022-01-18
မဝင်းစန္ဒာအောင်ဟာ တစ်ချိန်က ရန်ကုန်တိုင်း လှိုင်သာယာက အထည်ချုပ် စက်ရုံတစ်ခုမှာ စာရေးမအဖြစ် လုပ်ကိုင်ခဲ့သူပါ။
2022-01-18
နေပြည်တော် ဒုမြို့တော်ဝန် ဦးရဲမင်းဦး ခြေထောက် ကျိုးနေလို့ ဇန်နဝါရီ ၁၈ ရက် အချုပ်ထောင်ထဲက တရားရုံးချိန်းကို မတက်ရောက်နိုင်ခဲ့ပါဘူး။
2022-01-18
NLD အစိုးရရဲ့ ရှမ်းပြည်နယ် စီမံဘဏ္ဍာဝန်ကြီး ဦးစိုးညွန့်လွင်ဟာ အဂတိလိုက်စားမှု အမှုလေးခုနဲ့ ထပ်မံတရားရင်ဆိုင်နေရပါတယ်။
2022-01-18
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ် ပေါင်းတုတ်ရွာသစ်မှာ ဇန်နဝါရီ ၁၇ ရက်က ဗုံးသီးတစ်လုံး ပေါက်ကွဲခဲ့ရာ မွတ်စလင်ကလေး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။
2022-01-18
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းမှာ တိုက်ပွဲတွေကြောင့် စစ်ဘေးဒုက္ခသည် သုံးသိန်း နှစ်သောင်းကျော်ရှိလာပါတယ်။
2022-01-17
မန္တလေးတိုင်း ညောင်ဦးမြို့နယ် သာယာဝတီရပ်ကွက် အုပ်ချုပ်ရေးမှူး ကိုဌေးလွင် ဆိုသူဟာ ဇန်နဝါရီ ၁၇ ရက် မနေ့က နေ့လယ် ၂ နာရီကျော်က သူပိုင်တဲ့ လက်ဖက်ရည်ဆိုင်ထဲမှာ သေနတ်နဲ့ ပစ်သတ်ခံလိုက်ရပါတယ်။
2022-01-17
ဇန်နဝါရီ ၁၇ ရက်နေ့က စစ်ကိုင်းတိုင်း တမူးခရိုင် ဝိတုတ်ကျေးရွာနဲ့ ရန်လင်းဖိုင်ကျေးရွာအကြား ကလေး- တမူး အာရှလမ်းမကြီးပေါ်မှာ တမူး PDF တပ်ရင်း(၃) က တပ်ဖွဲ့ဝင်တွေက အာဏာသိမ်း စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေ လိုက်ပါစီးနင်းလာတဲ့ အိမ်စီးကားတစ်စီးကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက် ရဲအုပ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးသွားပြီး၊ ရဲတပ်ဖွဲ့ဝင်တွေရဲ့ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်း ရမိခဲ့ကြောင်း တမူး PDF တပ်ရင်း (၃) က ဗိုလ်ဇီးကွက်က ပြောပါတယ်။
2022-01-17
မြန်မာနိုင်ငံထဲကနေ တရားမဝင်နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာတဲ့ မြန်မာအလုပ်သမား ၁၅၃ ဦးကို ထိုင်းနိုင်ငံ၊ ကန်ချနဘူရီမြို့နယ်ထဲမှာ မနေ့က ဖမ်းဆီးမိခဲ့တယ်လို့ Migrant Times မီဒီယာရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။
2022-01-17
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် မစ္စ Noeleen Heyzer ဟာ ထိုင်းနိုင်ငံဝန်ကြီးချုပ် ပရာယွတ် ချန်အိုချာနဲ့ မနေ့က တွေ့ဆုံခဲ့ပြီး၊ ထိုင်းနိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ ပဋိပက္ခအခြေအနေတွေ ပိုဆိုးမလာအောင် ကူညီဖို့နဲ့ မြန်မာနိုင်ငံက ပဋိပက္ခဒေသတွေကနေ ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို အကာအကွယ်ပေးဖို့ ထိုင်းအစိုးရကို တောင်းဆိုခဲ့တဲ့ အကြောင်း ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။