ဒုက္ခသည် သုံးသိန်းနှစ်သောင်းကျော် ရှိနေပြီလို့ ကုလ ထုတ်ပြန်

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်ဝှမ်းက တိုက်ပွဲတွေကြောင့် စစ်ဘေး တိမ်းရှောင်နေရသူ သုံးသိန်းနှစ်သောင်းကျော် ရှိလာနေပြီလို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (OCHA) က ဇန်နဝါရီ ၁၇ ရက် မနေ့က ထုတ်ပြန်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်ကနေ ဒီဇင်ဘာ ၂၇ ရက်အတွင်း နိုင်ငံအနှံ့တိုက်ပွဲတွေကြောင့် ပြည် တွင်းမှာ စစ်ဘေးရှောင်နေရသူဟာ ၃၂၀,၉၀၀ ဦးခန့် ရှိနေသလို လူသားချင်းစာနာမှု အကူအညီတွေ ပေးနိုင်ဖို့လိုအပ်နေတယ်လို့ ဆိုထားပါတယ်။
ဒီရက်ပိုင်းအတွင်း ကယား (ကရင်နီ) ပြည်နယ်မှာ ကလေးငယ် လေးဦး၊ လူသားချင်းစာ နာမှု လုပ်ငန်းဆောင်ရွက်သူ နှစ်ဦး အပါအဝင် အရပ်သား ၃၅ ဦးလည်း မီးရှို့အသတ်ခံ ရမှုတွေလည်း ဖြစ်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ဒေသအများစုမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေလို့ အရပ်သား သေကြေဒဏ်ရာရတာတွေ၊ အရပ်သားပိုင် ပစ္စည်းတွေ ဖျက်ဆီးခံတာတွေ၊ နိုင်ငံတွင်းနဲ့ ပြည်ပကို ထွက်ပြေးရတာ တွေတိုးလာပြီး လူသားချင်းစာနာမှု အခြေအနေက စိုးရိမ်နေရတယ်လို့ ထုတ်ပြန်ထား ပါတယ်။