သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2012-08-13
မြန်မာနိုင်ငံမှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေအကြား စစ်မှန်တဲ့ ငြိမ်းချမ်းရေး အမြန်ဆုံး တည်ဆောက်နိုင်ဖို့ အဖြေရှာတဲ့ ဆွေနွေးပွဲ တစ်ရပ်ကို ရန်ကုန်မြို့ ပန်ဒါဟိုတယ်မှာ ဒီကနေ့ မနက်ပိုင်းက ကျင်းပခဲ့ပါတယ်။
2012-08-13
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ ဒီကနေ့ နေ့လည်ပိုင်း လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်မှာ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။
2012-08-13
ရန်ကုန်တိုင်း တွံတေးမြို့နယ်အတွင်းက ကျေးရွာတွေမှာ NLD ပါတီ ဆိုင်းဘုတ်တွေ ချိတ်ဆွဲရေးကို ရွေးကောက်ပွဲ ကော်မရှင်က တားဆီး ပိတ်ပင်နေတာဟာ လုပ်ပိုင်ခွင့်မရှိဘဲ NLD ပါတီရဲ့လုပ်ငန်းတွေကို ဟန့်တား နှောင့်ယှက်တာဆိုပြီး မြို့ခံ NLD ခေါင်းဆောင်တွေက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ကို ဒီကနေ့ တရားစွဲဆို လိုက်ပါတယ်။
2012-08-13
ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်အတွင်း အစိုးရမြေပေါ် ကျူးကျော်နေထိုင်သူတွေကို လျော်ကြေး တစ်သိန်းပေးပြီး အပြီးအပိုင် ဖယ်ရှားခိုင်းတဲ့အတွက် အဲဒီမှာနေထိုင်နေသူ (၁၅၀) လောက်က နေရာအစားပြန်ပေးဖို့ တောင်းဆိုတဲ့အနေနဲ့ ဒီကနေ့ မနက်ပိုင်းက တူညီဝတ်စုံဝတ်ပြီး စက်မှုဇုန် စီမံခန့်ခွဲရေးရုံးရှေ့မှာ စီတန်း လှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
2012-08-13
မြန်မာနိုင်ငံက ဘင်္ဂါလီ ရိုဟင်ဂျာတွေအတွက် ဆော်ဒီအာရေးဗီးယား ဘုရင် Abdullah က အမေရိကန်ဒေါ်လာ သန်း ၅၀ အကူအညီပေးဖို့ မနေ့က အမိန့်ထုတ်ပြန်လိုက်ပါတယ်။
2012-08-13
ရခိုင်ပြည်နယ် စစ်တွေမြို့နဲ့ ၅ မိုင်ကျော် ကွာဝေးတဲ့ ဘေဒူဖ ဘင်္ဂါလီ ရိုဟင်ဂျာ ဒုက္ခသည်စခန်းမှာ အစာအဟာရ ပြတ်လတ်မှုနဲ့ ကျန်းမာရေးအခြေအနေ ဆိုးရွာနေတာကြောင့် ကလေးသူငယ်နဲ့ လူကြီးတွေအပါအဝင် သေဆုံးသူတွေ ရှိနေတယ်လို့ စုံစမ်း သိရှိရပါတယ်။
2012-08-13
သြဂုတ် ၉ ရက် နေ့စွဲနဲ့ အစိုးရက ဖွ့ဲစည်းကြောင်း ကြေညာခဲ့တဲ့ အမြုတေ စာနယ်ဇင်းကောင်စီရဲ့ လုပ်ငန်းတွေကို မြန်မာနိုင်ငံ သတင်းစာဆရာများ အသင်း MJA ကိုယ်စားလှယ်များ မပါဝင်တော့သဖြင့် ဆိုင်းငံ့ထားမယ်လို့ ပြန်ကြားရေး ဝန်ကြီးက ပြောကြားကြောင်း သိရပါတယ်။
2012-08-13
မြန်မာနိုင်ငံမှာ ပထမဆုံးကျင်းပတဲ့ နိုင်ငံတကာ ကလေးပန်းချီပြပွဲကို မန္တလေးမြို့ ၆၉ လမ်းနဲ့ ၃ရ လမ်းထောင့်မှာရှိတဲ့ DREAMLAND ART STUDIO ပြခန်းမှာ ဒီကနေ့ စတင်ဖွင့်လှစ်လိုက်ပါတယ်။
2012-08-12
ကိုမင်းကိုနိုင် ခေါင်းဆောင်တဲ့ (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့ဟာ မနေ့က ပခုက္ကူခရီးစဉ်မှာ ၂၀၀၇ ရွှေဝါရောင် သံဃာ့ တော်လှန်ရေး စတင်ချိန်က အရေးပါခဲ့တဲ့ အလယ်တိုက် ဘုန်းတော်ကြီးကျောင်းကို သွားရောက်ခဲ့ပါတယ်။ အဲဒီနောက် မြိုင်မြို့နယ်မှာ လူထုစည်းဝေးပွဲ ကျင်းပခဲ့တယ်လို့ ကျောင်းသား ခေါင်းဆောင် ကိုဂျင်မီက ပြောပါတယ်။
2012-08-12
အခုလ (၆) ရက်နေ့ ညက မန္တလေးမြို့ ကိုင်းတန်းညဈေး ဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ ကိုအေးသိန်းအပါအဝင် အဖမ်းခံခဲ့ရသူ (၃) ဦးကို ဒီကနေ့ သြဂုတ်လ (၁၃) ရက်နေ့မှာ ဆူပူလှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ)နဲ့ တရားရုံးမှာ စတင်စစ်ဆေးမှာ ဖြစ်တယ်လို့ အဲဒီအမှုအတွက် လိုက်ပါ ဆောင်ရွက်ပေးနေတဲ့ ရှေ့နေ ဦးမြင့်သွင်က RFA ကို ပြောပါတယ်။
2012-08-12
လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ အထူးအစည်းဝေးက မူလရှိပြီးသား နိုင်ငံရေး ဦးတည်ချက်တွေအပြင် အစဉ် ဖွံ့ဖြိုးတိုးတက်သော လူ့အဖွဲ့အစည်း တည်ဆောက်ရေးဆိုတဲ့ ဦးတည်ချက် အသစ်တစ်ခုကို ထပ်မံတိုးချဲ့လိုက်တယ်လို့ သိရပါတယ်။
2012-08-12
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဘာသာရေး ပဋိပက္ခ တွေကြောင့် ပျက်စီးခဲ့ရတဲ့ စာသင်ကျောင်းတွေ ပြန်လည် ဆောက်လုပ်နိုင်ဖို့ အတွက် ရန်ပုံငွေ ဂီတဖျော်ဖြေပွဲ တစ်ခုကို သြဂုတ် ၁၉ ရက်နေ့ ည ၆ နာရီကနေ ည ၁၁ နာရီထိ ရန်ကုန်မြို့ အမျိုးသားကဇာတ်ရုံမှာ ပြုလုပ်မယ်လို့ ရခိုင်အမျိုးသား ကွန်ရက်က ဦးတင်ထူးအောင်က RFA ကို ပြောပါတယ်။
2012-08-12
(၈၈) မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေဖြစ်တဲ့ ကိုမြအေးနဲ့ ကိုဌေးကြွယ်တို့ဟာ ကေအန်ယူ ကရင် အမျိုးသား အစည်းအရုံး ထိန်းချုပ်နယ်မြေမှာ ဒီကနေ့ ကျင်းပတဲ့ (၆၂) နှစ်မြောက် ကရင့်အာဇာနည်နေ့ အခမ်းအနားကို ပထမဆုံးအကြိမ် တက်ရောက်ခဲ့ပါတယ်။
2012-08-12
ကချင်ပြည်နယ်အတွင်း ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့ ဒီကနေ့ ထိ KIO ကချင်လွတ်မြောက်ရေးအဖွဲ့နဲ့ အဆက်အသွယ် ရှိတယ်ဆိုပြီး မတရားအသင်းနဲ့ ဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ဖမ်းဆီးခံထားရသူ အယောက် (၇၀) ကျော်ရှိနေပြီလို့ ပြည်နယ်တရားရုံးနဲ့ နီးစပ်သူတွေထံက စုံစမ်းသိရပါတယ်။
2012-08-12
တနင်္သာရီတိုင်း မြိတ်ခရိုင် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂကို သြဂုတ်လ ၁၁ ရက်နေ့က ဖွဲ့စည်းခဲ့ပြီးနောက် ဒီကနေ့ တနင်္ဂနွေနေ့ မနက်မှာ သက်ဆိုင်ရာ အာဏာပိုင်တွေက ကျောင်းသား ခေါင်းဆောင်တွေကို လိုက်လံစစ်ဆေး မေးမြန်းနေတယ်လို့ သိရပါတယ်။