ကိုင်းတန်းညဈေး ဆန္ဒပြပွဲ ဦးဆောင်သူ ၃ ဦး ဆူပူလှုံ့ဆော်မှုနှင့် စစ်ဆေးမည်
2012.08.12
ကိုအေးသိန်းနဲ့အတူ ကိုင်းတန်း ဈေးသည်များအဖွဲ့ ခေါင်းဆောင် ဦးဝင်းဆွေမြင့်နဲ့ ဂျာနယ်ရောင်းချသူ ဦးစိန်အောင်တို့ အဖမ်းခံခဲ့ရပါတယ်။ ဒါပေမဲ့ ဦးဝင်းဆွေမြင့်ဟာ အဲဒီညက ဆန္ဒပြပွဲမှာ မပါဝင်ခဲ့ဘဲ ဈေးသည် ကိုယ်စားလှယ် တစ်ဦးအဖြစ် မြို့တော်ဝန်နဲ့ တွေဆုံဆွေးနွေးခဲ့ပြီး တရားဝင် ဆန္ဒပြဖို့အတွက် လျှောက်လွှာတင်ထားသူ ဖြစ်တယ်လို့ သိရပါတယ်။
အခုလို မိသားစုကို ရိုးရိုးသားသား ရှာဖွေကျွေးမွေးနေပြီး ဥပဒေအတိုင်း မှန်မှန်ကန်ကန် ဆောင်ရွက်ခဲ့တဲ့ ဖခင်ဖြစ်သူကို ဖမ်းဆီးသွားတာကြောင့် မိသားစုမှာ ဒုက္ခကြုံတွေ့ နေရကြောင်း ဦးဝင်းဆွေမြင့်ရဲ့သမီးဖြစ်သူ မမကြီးက ပြောပါတယ်။
"သမီးတို့ အဖေ အဲဒီလိုမျိုး ခေါ်သွားတဲ့အတွက် စားဝတ်နေရေးအတွက် မကဘူးပေါ့နော်။ သမီးတို့မှာ ညီအစ်မ လေးယောက်ရှိပါတယ်။ ကျောင်းသူတွေပါ။ အမှန်တရားအတိုင်း ရိုးသားစွာ စားဝတ်နေရေးကို ဖြေရှင်းနေတဲ့ လူတစ်ယောက်ကို ဒီလိုမတရား လုပ်သွားတာဟာ ဒီသမ္မတကြီး ပြောနေတဲ့ လူမှုရေး စီးပွားရေးမှာ နိုင်ငံတော် အစိုးရ တစ်ခုတည်းနဲ့ ဆောက်တည်လို့ မရဘူး။ ပြည်သူ ပြည်သားတွေ တတ်နိုင်တဲ့ဘက်က နေပြီးတော့ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်မှသာလျှင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မယ်ဆိုတဲ့ စကားက၊ စကားပဲလား ပြည်သူ ပြည်သားတွေကို တကယ်ပဲ ငြိမ်းချမ်းစွာ လုပ်ပေးချင်တယ်ဆိုတဲ့ ဆန္ဒနဲ့ လုပ်ပေးတာလား၊ အဲဒီလိုမျိုး လုပ်ပေးတယ်ဆိုရင် သမီးအဖေ ရိုးသားစွာနဲ့ ရှာဖွေ စားသောက်နေတဲ့ လူတစ်ဦးအပေါ်မှာ မှန်ကန်တဲ့ ဆုံးဖြတ် ချက်ကိုပဲ ချပေးစေချင်ပါတယ်။ မတရားမှုကို မလုပ်စေချင်ပါဘူး"
တရားစွဲဆိုခံရသူတွေကို ဒီကနေ့ ရုံးထုတ်တဲ့အခါ အာမခံရရေး ဆောင်ရွက်သွားမယ်လို့ ရှေ့နေ ဦးမြင့်သွင်က ပြောပါတယ်။