ဒေါ်အောင်ဆန်းစုကြည်နဲ့ သူရ ဦးရွှေမန်း တွေ့ဆုံဆွေးနွေး

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းတို့ ဒီကနေ့ နေ့လည်ပိုင်း လွှတ်တော် အစည်းအဝေး ခေတ္တ ရပ်နားချိန်မှာ သီးသန့် တွေ့ဆုံ ဆွေးနွေးခဲ့ကြကြောင်း သိရပါတယ်။

2012.08.13
assk-parliament-081312-b305 ၂၀၁၂ ခုနှစ် သြဂုတ်လ ၁၃ ရက်က အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်အစည်းအဝေး တက်ရောက်နေစဉ်။
RFA

တွေ့ဆုံပွဲဟာ ၂ နာရီ နီးပါးခန့် ကြာမြင့်ခဲ့ပြီး ဆွေးနွေးချက်တွေကို သတင်းထုတ်ပြန်ဖို့ မရှိကြောင်း ပြန်ကြားရေးတာဝန်ခံ NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအုန်းကြိုင်က ပြောပါတယ်။

"နေ့ခင်း ၁၁ နာရီ ကျော်ကျော်လောက်မှာ အဲဒီကနေ တောက်လျှောက်တွေ့တာ နေ့လည် ၁၂ နာရီခွဲလောက်အထိ အဲဒီမှာတွေ့ပါတယ်။ သီးသန့်လာပြီးတော့ ဖိတ်ကြားပြီးတော့ အဲတာ ဆွေးနွေးတာ။ ဘာတွေဆွေးနွေးလဲ မပြောပါဘူး။ ဘာမှ ထပ်ပြီးထုတ်ပြန်ဖို့ မပြောဘူး။ မနေ့က ဆွေးနွေးချက်တွေလည်း မပြောဘူး"

လွှတ်တော်ဥက္ကဋ္ဌနဲ့ တွေ့ဆုံပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ လွှတ်တော်ရေးရာ ကော်မတီ ဥက္ကဋ္ဌတွေနဲ့ တွေ့ဆုံပြီး ဆွေးနွေးခဲ့ပါတယ်။ ဒီကနေ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းမှာ ပါဝင်တဲ့ တချို့ပုဒ်မတွေကို အတည်ပြုကြောင်းလည်း သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။