သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-03-16
ခေတ်အဆက်ဆက် ဒီမိုကရေစီရေး အတွက် ပေးဆပ်ခဲ့ကြသူတွေကို ဂုဏ်ပြုမှတ်တမ်းတင်မှသာ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်နိုင် မှာဖြစ်တယ်လို့ တံတားနီ အရေးအခင်းမှာ ပါဝင်ခဲ့ကြ သူတွေက ဒီနေ့ကျရောက်တဲ့ ၂၆ နှစ်မြောက် နှစ်ပတ် လည်နေ့ အခမ်းအနားမှာ ပြောခဲ့ကြပါတယ်။
2014-03-16
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် ကျောက်စရစ်နဲ့ ရေနံ့သာ ရွာတွေမှာ အသိမ်းခံထားရတဲ့ လယ်မြေတွေထဲမှာ ထွန်ယက်စိုက်ပျိုးတာကြောင့် တရားစွဲ ခံထားရတဲ့ လယ်သမား ၁၉ ဦးရှိနေပေမယ့် ဆက်လက် ထွန်ယက်စိုက်ပျိုးသွားမယ်လို့ လယ်သမားတွေက ပြော ပါတယ်။
2014-03-16
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ အရေးကြီးကြောင်းနဲ့ တိုင်းရင်းသားအားလုံး ပူးပေါင်းပါဝင်ကြဖို့ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဒီနေ့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။
2014-03-16
တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုး ပွဲမှာ တပ်မတော်က ပါဝင်လက်မှတ်ရေးထိုးသွား မှာ ဖြစ်တယ်လို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်က RFA ကို ဒီနေ့ ပြောပါတယ်။
2014-03-16
ပြည်လုံးကျွတ် သန်းခေါင်စာရင်း ကောက်ခံ တဲ့အခါ သန်ခေါင်စာရင်းပုံစံမှာ အခြား လူမျိုးလို့ သတ်မှတ်ထားတဲ့နေရာမှာ ရိုဟင်ဂျာဆိုပြီး ထည့်သွင်းရေးသားခြင်းမပြုဖို့ စစ်တွေမြို့နဲ့ မြို့နယ် ၉ မြို့နယ်မှာ ရခိုင်တိုင်းရင်းသားတွေက ဒီကနေ့ ဆန္ဒပြကြပါတယ်။
2014-03-16
အခုတစ်ပတ် ဆွေးနွေးပွဲ စကားဝိုင်း အစီအစဉ်မှာ မြန်မာနိုင်ငံရဲ့ ပညာရေးမူဝါဒ ပြုပြင်ပြောင်းလဲရေး ကြိုးပမ်းချက်တွေ နောက်ဆုံးအခြေအနေတွေနဲ့ ပတ်သက်ပြီး ဦးခင်မောင်ညိန်းက ဆွေးနွေးတင်ပြထားပါတယ်။
2014-03-15
ဥရောပ ၄ နိုင်ငံက စာနယ်ဇင်းကျောင်းတွေ၊ ရုပ်သံလွှင့် အဖွဲ့အစည်းတွေရဲ့ အကူအညီနဲ့ မြန်မာနိင်ငံမှာ ပထမဆုံး နိုင်ငံတကာ အဆင့်မီ သတင်းပညာ သင်တန်းကျောင်းတစ်ခု စတင်တည်ထောင်တော့မယ်လို့ သိရပါတယ်။
2014-03-15
တပ်မတော်က သိမ်းဆည်းထားတဲ့ ရခိုင်ပြည်နယ် ဂွမြို့နယ် ကမ်းသာကမ်းခြေ တစ်လျှောက်က အုန်းခြံမြေတွေနဲ့ ကျိ န္တလီမြို့နယ်ခွဲ စက်ပစ်ကွင်းမှာရှိတဲ့ မြေယာတွေကို မူလပိုင်ရှင်ဖြစ်တဲ့ တောင်သူတွေလက်ထဲ မကြာခင် ပေးအပ် သွားမယ်လို့ ရခိုင်ပြည်နယ်အစိုးရအဖွဲ့ နယ်စပ်ရေးရာ လုံခြုံရေး ပြည်နယ်ဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း က ပြောလိုက်ပါတယ်။
2014-03-15
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ အုံတုံပင်ကျေးရွာက တောင်သူ ၁၀၀ နီး ပါးလောက်ဟာ အသိမ်းခံထားရတဲ့ မြေ ယာတွေ ပြန်လည်ရရှိဖို့နဲ့ ဖျက်ဆီးခံရတဲ့ ထန်းပင်တွေ အတွက် လျော်ကြေးရရှိဖို့ ဒီနေ့ ယင်းမာပင်မြို့မှာ ဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
2014-03-15
ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD ပါတီကို အသရေပျက်အောင် ထိခိုက်ပုတ်ခတ်ပြောဆိုမှု နဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဦးလှဆွေကို လာမယ့် သီတင်းပတ် အတွင်း တရားစွဲဆိုဖို့ ပြင်ဆင်နေ တယ်လို့ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက RFA ကို ဒီကနေ့ ထုတ်ဖော်ပြောဆိုပါတယ်။
2014-03-14
ရန်ကုန်တိုင်း လှည်းကူးမြို့နယ်ထဲက သမီးလေးရွာနဲ့အတူ အဖျက်ခံထားရတဲ့ အင်းပတီးရွာသားတွေကို သူတို့ခေတ္တခိုလှုံနေတဲ့ ဝါးတောထဲကနေ ပြောင်းရွှေ့ဖို့ ရဲညွှန့်တပ်က ထပ်မံသတိပေးလိုက်ပြီး၊ လက်ရှိနေရာကနေ မြို့ပေါ်သွားတဲ့လမ်းကိုလည်း စစ်တပ်က ခြံစည်းရိုးတွေ ခတ်လိုက်တယ်လို့ ဆိုပါတယ်။
2014-03-14
EU ဥရောပသမဂ္ဂက အာဆီယံနိုင်ငံတွေနဲ့ ကုန်သွယ်ရေးတိုးမြှင့်ဖို့ ကြိုးပမ်းဆောင်ရွက်နေရာမှာ ကုန်သွယ်ရေးဆိုင်ရာ ဥရောပကော်မရှင်နာမင်းကြီး Karel De Gucht ဟာ လာမယ့် သီတင်းပတ်အတွင်း မြန်မာနိုင်ငံအပါအဝင် အာဆီယံနိုင်ငံတချို့ကို လာရောက်မယ်လို့ ဥရောပသမဂ္ဂက သတင်းထုတ်ပြန်ပါတယ်။
2014-03-14
အမေရိကန်ပြည်ထောင်စု အရှေ့ဘက်ခြမ်း ဘော့စတွန်မြို့ မှာ နှစ်စဉ်ကျင်းပတဲ့ Seafood Expo North America ဆိုတဲ့ မြောက်အမေရိက ရေထွက် ပစ္စည်းမျိုးစုံပြပွဲမှာ မြန်မာနိုင်ငံက ထွက်ကုန်တွေပြသ ဖို့ မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်က တာဝန်ရှိသူတွေနဲ့ ကုန်သည်တွေ အမေရိကန် ပြည်ထောင်စုကို ရောက်ရှိနေ ကြပါတယ်။
2014-03-14
မွန်ပြည်နယ် သံဖြူဇရပ်မြို့က "သေမင်းတမန် ရထားလမ်း" ပြတိုက်ကို လာမယ့် ဧပြီလမှာ စတင်ပြုပြင်သွားမယ်လို့ သမ္မတရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးသန့်ရှင်းက ဒီနေ့ ပြည်သူ့လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးရဲ့ မေးခွန်းကို ပြန်လည်ဖြေကြားခဲ့ပါတယ်။
2014-03-14
၂၀၁၄ ခုနှစ် ပြည်လုံးကျွတ် သန်းခေါင် စာရင်း ကောက်ခံရာမှာ ရခိုင်ပြည်နယ် အတွင်းနေထိုင်တဲ့ အစ္စလာမ် ဘာသာဝင်တွေအနေ နဲ့ ပြဿနာဖြစ်စေမယ့် နည်းလမ်းတွေကိုရှောင်ရှားပြီး အချက်အလက်တွေကို မှန်မှန်ကန်ကန် ထည့်သွင်းပေးဖို့ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီး ဦးခင်ရီက စစ်တွေမြို့ မွတ်စလင် ဘာသာရေးခေါင်းဆောင်တွေနဲ့ ဒီနေ့ တွေ့ဆုံစဉ်မှာ တိုက်တွန်းလိုက်တယ်လို့ သိရပါတယ်။