သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2010-11-03
ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ အမြဲတမ်း အဖွဲ့ဝင်နိုင်ငံဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ မြန်မာ ရွေးကောက်ပွဲ အရေးနဲ့ ဆူဒန်နိုင်ငံအရေးတွေမှာ အကူအညီပေးဖို့ တရုတ်ပြည်ကို ရောက်နေတဲ့ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဒီနေ့ နိုဝင်ဘာ ၃ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
2010-11-03
ရွေးကောက်ပွဲ ကျင်းပမဲ့နေ့ မဲရုံတွေကို စောင့်ကြည့်မဲ့သူတွေရဲ့ ဓာတ်ပုံတွေကို မဲရုံမှာ မဖြစ်မနေ ကပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် နိုင်ငံရေးပါတီတွေအတွက် အခမဲ့ ကူညီသူတွေ ရရှိဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ဒီမိုကရက်တစ် (မြန်မာ) ပါတီ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက RFA ကို ပြောပါတယ်။
2010-11-03
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD မပါပဲ စစ်အစိုးရက ရွေးကောက်ပွဲကို တဖက်သတ် ကျင်းပတာကြောင့် အသိအမှတ်မပြုဖို့ အမေရိကန်သမတ အိုဘားမားကို ပန်ကြားတဲ့ အိတ်ဖွင့်ပေးစာ တစောင်ကို အမေရိကန်ပြည်ထောင်စု အနောက်တိုင်း ဗုဒ္ဓဘာသာ အသိုင်းအဝိုင်းက ရေးသား ပေးပို့လိုက်ကြပါတယ်။
2010-11-02
နယ်က NDF ပါတီဝင်တွေ မဲဆွယ်စည်းရုံးရာမှာ NLD ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဓာတ်ပုံနဲ့ မိန့်ခွန်းတွေ၊ ခမောက်တံဆိပ် အပါအဝင် NLD ပါတီရဲ့ နာမည်နဲ့ အမှတ်အသားတွေကို အသုံးပြုနေတယ်ဆိုတဲ့ ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ သက်သေ အထောက်အထား အခိုင်အလုံ မတွေ့သေးကြောင်း ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ပြောပါတယ်။
2010-11-02
လူမှုရေးအသင်းအဖြစ် ၁၉၉၅ ခုနှစ်က စစ်အစိုးရက စတင်ဖွဲ့စည်းခဲ့တဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးအသင်းကို ပါတီအသွင်ပြောင်းခဲ့တာနဲ့ ပတ်သက်တဲ့ အစီရင်ခံစာတစောင်ကို ထိုင်းအခြေစိုက် ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးရေး ကွန်ရက်အဖွဲ့ (NDD) က နိုဝင်ဘာ ၂ ရက် ဒီကနေ့ ထုတ်ပြန်လိုက်ပါတယ်။
2010-11-02
မြန်မာစစ်အစိုးရနဲ့ အပစ်အခတ် ရပ်စဲထားခဲ့ကြတဲ့ တိုင်းရင်းသား အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ အပါဝင် လူမျိုးစု တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက ခေါင်းဆောင်တွေဟာ ဖက်ဒရယ် ပြည်တောင်စု တည်ထောင်ရေး ကော်မတီတခု ဖွဲ့စည်းဖို့အတွက် ထိုင်း-မြန်မာနယ်စပ် တနေရာမှာ နိုဝင်ဘာ ၂ ရက် ဒီကနေ့ တွေ့ဆုံ ဆွေးနွေးနေကြပါတယ်။
2010-11-02
လာမဲ့ရွေးကောက်ပွဲမှာ ဥပဒေအရ မဲမပေးပဲနေနိုင်ခွင့်ရှိတယ်ဆိုတဲ့ ပညာပေး လက်ကမ်းစာစောင်တွေကို ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်နဲ့ ရွှေပြည်သာမြို့နယ်တွေမှာ NLD လူငယ်တွေနဲ့ တခြား လူငယ်တွေ နိုဝင်ဘာ ၂ ရက် ဒီကနေ့ ဖြန့်ဝေခဲ့ကြပါတယ်။
2010-11-02
ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရန် ရည်စူးပြီး ဝတ်ပြု ဆုတောင်းပွဲကို ရန်ကုန်မြို့နဲ့ ရေနံချောင်းမြို့တွေမှာ နိုဝင်ဘာ ၂ ရက် ဒီနေ့ ကျင်းပတယ်လို့ သတင်းရရှိပါတယ်။
2010-11-02
ကမ္ဘာ့ခေါင်းဆောင်တွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရင်ဆိုင် ခံစား နေရတာတွေအပေါ် အလေးဂရုပြု ထုတ်ဖော် ဆောင်ရွက်တာမျိုး မရှိကြဘူးလို့ ဗြိတိန် ဝန်ကြီးချုပ်ဟောင်း မစ္စတာ ဂေါ်ဒွန်ဘရောင်းက ပြစ်တင်လိုက်ပါတယ်။
2010-11-01
လာမဲ့ ရွေးကောက်ပွဲမှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီကို မဲထည့်ပေးကြဖို့ ပဲခူးတိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းမှာ ရှိတဲ့ အထက်အဆင့် အရာရှိတွေက လက်အောက် ဝန်ထမ်းတွေကို ခေါ်ယူ ပြောဆိုနေတယ်လို့ သိရပါတယ်။
2010-11-01
ကလေးမြို့မှာ အောက်တိုဘာလ ၂၄ ရက်နေ့ က ကျင်းပတဲ့ ၂၂ နှစ်မြောက် ဇိုမီး အမျိုးသားကွန်ဂရက် နှစ်ပတ်လည် အခမ်းအနားကနေ ထွက်ပေါ်လာတဲ့ ဒုတိယပင်လုံညီလာခံ ခေါ်ယူရေး ဆုံးဖြတ်ချက်အပေါ် ထောက်ခံ ကြိုဆိုကြောင်း ANC ရခိုင်ပြည် အမျိုးသားကောင်စီ က ဒီကနေ့ နိုဝင်ဘာ ၁ ရက် နေ့စွဲနဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ် ။
2010-11-01
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဗဟို အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးအုန်းကြိုင်နဲ့ စီအာပီပီ အတွင်းရေးမှူး ဦးအေးသာအောင်တို့ ဦးဆောင်တဲ့ အဖွဲ့ဟာ ရှမ်းပြည်နယ်အရှေ့ပိုင်း စည်းရုံးရေးခရီး အောင်မြင်ပြီးဆုံးသွားပြီး နိုဝင်ဘာ ၁ ရက် ဒီကနေ့တော့ တောင်ကြီးမြို့ကို ပြန်နေကြပြီလို့ သိရပါတယ်။
2010-11-01
ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ဖို့ ပြင်ဆင်နေတဲ့ အမျိုးသား ဒီမိုကရေစီအင်အားစု NDF ပါတီက ရန်ကုန်မြို့အတွင်း ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးမှုတွေမှာ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမည်နဲ့ NLD ပါတီ အမှတ်တံဆိပ်တွေ ဆက်လက် အသုံးပြုနေကြောင်း သိရပါတယ်။
2010-11-01
မြန်မာနိုင်ငံက ကမ္ဘာကျော် ရွှေတိဂုံစေတီတော်ကြီးရဲ့ ပုံတူအတိုင်း တည်ခဲ့တဲ့ စေတီတော်ကို အင်ဒိုနီးရှားနိုင်ငံ စုမာတြကျွန်း မြောက်ပိုင်းမှာ တနင်္ဂနွေနေ့ က တရားဝင်အခမ်းအနားနဲ့ ဖွင့်လှစ်ခဲ့ရာမှာ အာရှတိုက်တခွင့်က ဗုဒ္ဒဘာသာ ရဟန်းတော်တွေ တက်ရောက် ကြည်ညိုတော်မူခဲ့ကြပါတယ်။
2010-11-01
မန္တလေးနဲ့ ရခိုင်ပြည်နယ်က သဘာဝ ဘေးအန္တရာယ် ရင်ဆိုင်ခဲ့ရတဲ့ ဒုက္ခသည်တွေအတွက် အမေရိကန်ဒေါ်လာ တသောင်း ပေးပို့ လှူဒါန်းခဲ့တယ်လို့ အမေရိကန်ပြည်ထောင်စု အခြေစိုက် သာသာနာ့ဦးသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များအဖွဲ့ချုပ်က အောက်တိုဘာ ၃၁ ရက် မနေ့က သတင်းထုတ်ပြန်ပါတယ်။