မဲရုံများ စောင့်ကြည့်ရန် နိုင်ငံရေးပါတီများ ကိုယ်စားလှယ် ရှားပါး

ရွေးကောက်ပွဲ ကျင်းပမဲ့နေ့ မဲရုံတွေကို စောင့်ကြည့်မဲ့သူတွေရဲ့ ဓာတ်ပုံတွေကို မဲရုံမှာ မဖြစ်မနေ ကပ်ရမယ်ဆိုတဲ့ ကန့်သတ်ချက်ကြောင့် နိုင်ငံရေးပါတီတွေအတွက် အခမဲ့ ကူညီသူတွေ ရရှိဖို့ အခက်အခဲ ဖြစ်နေတယ်လို့ ဒီမိုကရက်တစ် (မြန်မာ) ပါတီ အတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုက RFA ကို ပြောပါတယ်။

2010.11.03
election_campaign_democratic_305_z.jpg စစ်အစိုးရက ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်မည့် ဒီမိုကရက်တစ် ပါတီ (မြန်မာ) မှ ကိုယ်စားလှယ်လောင်းတဦး အောက်တိုဘာ ၅ ရက်နေ့က ရန်ကုန်မြို့ ဆင်ခြေဖုံး တနေရာတွင် မဲဆွယ် စည်းရုံးနေပုံ ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

“ကျွန်မတို့က မဲရုံမှာ ကိုယ်စားလှယ် မရှိဘူး။ ကိုယ့် မဲရုံစောင့်ပေးမဲ့ ကိုယ်စားလှယ် မရှိဘူး။ ဟိုဒင်းပေါ့၊ အနည်းဆုံး တယောက်တော့ ထားဖို့ ကြိုးစားတယ်။ ဒါပေမဲ့၊ တော်တော်ခက်တယ်၊ ရဖို့ရာ။ သူတို့က အဲဒီ ပါတီ အများစုက အဲဒီ မဲရုံကိုယ်စားလှယ်ထားဖို့ ဓာတ်ပုံ ကပ်ရမယ်ဆိုတာ သူတို့က ကြောက်တယ်။ အဲဒီမှာ မှတ်ပုံတင်နံပါတ် ပေးရမယ်၊ လိပ်စာတွေ ဘာတွေ ပေးရတယ်။ အဲဒါဆို ကြောက်တယ်။ သူတို့ ရှင်းရှင်းပဲ ပြောတယ်၊ ကြောက်တယ်တဲ့၊ မလုပ်ရဲဘူးတဲ့။ ထောက်ခံတယ်၊ လုပ်ပေးချင်တယ်၊ ဒါပေမဲ့ မလုပ်ရဲဘူးဆိုတာ အဲလို ပြောတယ်။ ပြောတယ်ဆိုတော့ ကျွန်မတို့မှာ အဲဒီ မဲရုံ ကိုယ်စားလှယ် မရှိဘူးလို့တောင် ပြောနိုင်တယ်။”

ဒါပေမဲ့ မဲရုံအနီးတဝိုက် မလှမ်းးမကမ်းက ကူညီ စောင့်ကြည့်မဲ့သူတွေတော့ ရှိမယ်လို့ ဆိုပါတယ်။ ဒေါ်သန်းသန်းနုဟာ မန္တလေးတိုင်းဒေသကြီးရဲ့ အမျိုးသား လွှတ်တော် မဲဆန္ဒနယ်မြေအမှတ် (၄) ကနေ ဝင်ရောက်ယှဉ်ပြိုင်မှာပါ။

လေ့လာသူတွေကတော့ တရားဝင် ကိုယ်စားလှယ် မထားနိုင်တဲ့အတွက် နိုင်ငံရေးပါတီတွေအနေနဲ့ မဲနစ်နာမှုတွေ ရှိနိုင်တယ်လို့ သုံးသပ်ပါတယ်။

စစ်အစိုးရ ကျောထောက်နောက်ခံ ပေးထားတဲ့ ကြံ့ခိုင်ဖွံဖြိုးရေးနဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီတွေကတော့ မဲဆန္ဒနယ်မြေအလိုက် မဲရုံကိုယ်စားလှယ်တွေ အပြည့်ထားနိုင်တယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။