မြန်မာ့အရေး ကူညီဖို့ ကုလအတွင်းရေးမှူးချုပ်က တရုတ်ကို တောင်းဆို
2010.11.03

တရုတ်အစိုးရဟာ မြန်မာစစ်အစိုးရအပေါ် သြဇာလွှမ်းမိုးမှု ရှိတဲ့အတွက် လာမဲ့ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံမှာ တိုးတက်တဲ့ ပြောင်းလဲမှုမျိုး ဖြစ်အောင် ကူညီဖို့ တရုတ်ကွန်မြူနစ်ပါတီ ဗဟို လေ့ကျင့်ရေးသိပ္ပံမှာ တရုတ်အစိုးရကို အခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက လာမဲ့ တနင်္ဂနွေနေ့ ရွေးကောက်ပွဲဟာ အရေးကြီးတဲ့ နိုင်ငံရေးစမ်းသပ်မှု တခုဖြစ်တယ်။ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရေးဇာတ်ခုံအတွက် ဘာမှမပြောင်းလဲပဲ ဒီအတိုင်း သွားမှာလား၊ ဒါမှမဟုတ် ပိုပြီးပွင့်လင်းတဲ့ ဒီမိုကရေစီ စနစ်မှာ အားလုံး ပါဝင်လာအောင် အထောက်အကူ ဖြစ်မဲ့ ရွေးကောက်ပွဲလား ဆိုတာကို မေးခွန်း ထုတ်ရပါလိမ့်မယ်လို့ မစ္စတာ ဘန်ကီမွန်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ နိုင်ငံရေးအရ တိုးတက်မှုဖြစ်လာဖို့ တရုတ်အစိုးရရဲ့ အကူအညီ အများကြီး လိုအပ်ပါတယ်လို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်က ပြောပါတယ်။
မစ္စတာဘန်ကီမွန်းဟာ တရုတ်သမတ မစ္စတာ ဟူကျင်းတောင်နဲ့ တွေ့ဆုံစဉ် အကျဉ်းကျခံနေရတဲ့ တရုတ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် မစ္စတာ Liu Xibabo အရေး ဆွေးနွေးတာ မရှိတဲ့အပြင် တရုတ် အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ပြောဆိုဆွေးနွေးဖို့ ပျက်ကွက်ခဲ့တဲ့အတွက် လူ့အခွင့်အရေးအဖွဲ့တွေက မစ္စတာ ဘန်ကီမွန်းကို ဝေဖန်မှုတွေ ရှိနေပါတယ်။