သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2025-04-02
“မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကို ကိုယ်ကျိုးစွန့် တွန်းလှန်နေကြဆဲပါ။ BIMSTEC က ဒီပြည်သူတွေကို ထောက်ခံ ပံ့ပိုးရမယ့်အစား စစ်အစိုးရကို စင်မြင့်တခု ဖန်တီးပေးနေတယ်” လို့ APHR အဖွဲ့ဝင် ထိုင်းလွှတ်တော်အမတ် Rangsiman Rome က ပြောပါတယ်။
2025-04-02
ရှမ်းပြည်နယ်မြောက်ပိုင်းက တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) ထိန်းချုပ်ရာ နောင်ချိုမြို့နယ် တောင်လှနဲ့ ဂေါ်ရခါးရွာတွေကို စစ်ကောင်စီတပ်က ဧပြီလ ၁ ရက်နေ့က ဗုံးကြဲခဲ့တာကြောင့် အရပ်သား ငါးဦး ထိခိုက်ဒဏ်ရာရ သွားတယ်လို့ TNLA က မနေ့ညနေက ထုတ်ပြန်ပါတယ်။
2025-04-02
မြန်မာနိုင်ငံတစ်ဝန်းမှာ ပြင်းထန်ငလျင်ကြောင့် ဧပြီလ ၂ ရက် ဒီနေ့မနက် ၈ နာရီအထိ သေဆုံးသူ ၂၈၈၆ ဦးအထိရှိနေပြီလို့ စစ်ကောင်စီရဲ့ MRTV တယ်လီဂရမ်လူမှုကွန်ရက်မှာ ဒီနေ့မွန်းလွဲပိုင်းကဖော်ပြပါတယ်။
2025-04-02
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကလည်း စစ်ကောင်စီအနေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အကန့်အသတ်မရှိ လွတ်လွတ်လပ်လပ်သွားခွင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။
2025-04-02
ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာကတော့ စစ်ကောင်စီအနေနဲ့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေကို အကန့်အသတ်မရှိ လွတ်လွတ်လပ်လပ်သွားခွင့်ပေးဖို့ တောင်းဆိုနေကြပါတယ်။
2025-04-02
တရုတ်နိုင်ငံ ကြက်ခြေနီအသင်းက မြန်မာနိုင်ငံက ငလျင်ဘေးသင့်ပြည်သူတွေအတွက် ထောက်ပံ့ရေးပစ္စည်းတွေ သယ်ဆောင်လာတဲ့ မော်တော်ယာဉ် ကိုးစီးပါ ယာဉ်တန်းကို နောင်ချိုမြို့မှာ စစ်ကောင်စီတပ်က ပစ်ခတ်ခဲ့ပါတယ်။
2025-04-01
RFA အနေဖြင့် ရန်ပုံငွေ ဖြတ်တောက်ခံထားရသည့်အတွက် နောက်ဆုံးရသတင်းများအား အကန့်အသတ်ဖြင့်သာ တင်ပြနေရပါသည်။
2025-04-01
ဧပြီလ ၁ ရက်ကစလို့ ကိုယ့်ကိုယ်ကို ခုခံကာကွယ်တာကလွဲပြီး ထိုးစစ်ဆင် တိုက်ခိုက်မှုတွေပြုလုပ်မှာမဟုတ်ဘဲ ဧပြီလကုန်အထိ အပစ်ရပ်လိုက်တယ်လို့ ဆိုပါတယ်။
2025-04-01
နိုင်ငံတကာ အစိုးရတွေ အဖွဲ့အစည်းတွေအနေနဲ့ စစ်ကောင်စီကို ဖိအားပေးပြီး အသက်ရှင်ကျန်ရစ်သူတွေထံ လွတ်လွတ်လပ်လပ် အမြန်ဆုံးသွားရောက် ကူညီခွင့်ပြုဖို့ လိုအပ်ကြောင်း HRW က ပြောပါတယ်။
2025-04-01
မြန်မာနိုင်ငံမှာ စစ်မက်ဖြစ်ပွားမှုတွေ ချက်ချင်းရပ်ပြီး ကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို အာရုံစိုက်ဖို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ဂျူလီဘစ်ရှော့က ဧပြီလ ၁ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
2025-04-01
အကျဉ်းထောင်က အမျိုးသားအဆောင်အလုပ်ရုံ၊ အမျိုးသမီးဆောင်နှစ်ဆောင် ပြိုကျခဲ့ပြီး သေဆုံး၊ ထိခိုက်မှုတွေ ဖြစ်ပေါ်ခဲ့တာပါ။
2025-04-01
ငလျင်ဘေးကြုံနေရချိန်မှာပဲ စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်တာ၊ အရပ်သားတွေနေထိုင်တဲ့ နေရာတွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
2025-04-01
လမ်းပိတ်ဆို့မှုတွေကြောင့် ခုချိန်အထိ ကယ်ဆယ်ရေးမရောက်နိုင်တဲ့နေရာ အများအပြားရှိနေတယ်လို့ ကယ်ဆယ်ရေးလုပ်နေသူတစ်ဦးက ပြောပါတယ်။