သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2016-07-24
ပဲခူးတိုင်းဒေသကြီး ပြည်မြို့မှာ ကူးစက်မြန်တဲ့ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွားသူ ၁၀၀ နီးပါး ရှိလာတာကြောင့် မြို့တွင်း ရပ်ကွက် ၁၀ ခုက မုန့်ဟင်းခါးဆိုင် ၊ အသုပ်ဆိုင်၊ ဝက်သား တုတ်ထိုးဆိုင်နဲ့ ဝမ်းပျက် ဝမ်းနူးစေတဲ့ အစားအစာအရောင်းဆိုင်တွေကို ယာယီပိတ်သိမ်းဖို့ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့က ဒီနေ့ ညွှန်ကြားလိုက် ပါတယ်။
2016-07-24
တယ်လီဖုန်းသုံးစွဲသူတွေကြား ဝေဖန်မှုတွေ ရှိနေတဲ့ အော်ရီဒူးမြန်မာရဲ့ "ခုဖြေခုထော" အစီအစဉ်ကို ယာယီရပ်ဆိုင်းဖို့ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနက မနေ့က ရက်စွဲ နဲ့ ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။
2016-07-23
ရခိုင်ပြည်နယ် စစ်တွေမြို့က ကျောင်းကြီးလမ်း ၊ မြောက်စံပြ၊ ပြည်တော်သာ၊ ပါဒလိတ် စတဲ့ ရပ်ကွက်တွေမှာ အရက်ထုတ်လုပ်တဲ့ စက်ရုံ ၄ ခုကို ဒေသခံရဲတပ်ဖွဲ့က ဒီနေ့ ဝင်ရောက်စစ်ဆေး ခဲ့ပါတယ်။
2016-07-23
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က စံပယ်တောင်၊ ကြေးစင်တောင်စီမံကိန်းကြောင့် သိမ်းဆည်းခံရတဲ့ လယ်ယာမြေဧက ၆ ထောင်ကျော်အတွက် မြေယာလျော်ကြေးပေးဖို့နဲ့ ဒေသခံနေ့စား အလုပ်သမားတွေကို မြန်မာယန်စီကုမ္ပဏီမှာ အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ပေးဖို့ တောင်သူနှစ်ရာလောက်က မြန်မာယန်စီကုမ္ပဏီ တာဝန်ရှိသူတွေကို ဒီနေ့ တောင်းဆိုလိုက်ပါတယ်။
2016-07-23
ရှမ်းပြည်နယ် ကျိုင်းတုံမြို့အဝင်မှာ ကျပ်သိန်း ၁၄၀၀၀ တန်ဖိုးရှိတဲ့ ICE အမျိုးအစား မူးယစ်ဆေးတွေ သယ်ဆောင် လာ သူတွေကို မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
2016-07-23
ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ် လွန်ခြင်း ၅၂ နှစ်ပြည့်နဲ့ ဂူဗိမာန် တည်ဆောက်ခြင်းနှစ် ၅၀ ပြည့် အခမ်း အနားကို ရန်ကုန်မြို့က ဆရာကြီးရဲ့ ဂူဗိမာန်ရှေ့မှာ ဒီနေ့ ကျင်းပကြပါတယ်။
2016-07-23
မွန်ပြည်နယ် ရေးမြို့နယ်က ရေလုပ် ငန်းတွေမှာ လူကုန်ကူးခံရတာတွေများ တာကြောင့် ရေလုပ်သားတွေကို ပွဲစားတွေ ဆီကနေ ခေါ်ယူတာတွေမလုပ်ဘဲ တရားဝင်အလုပ် သမားခေါ်ယူတဲ့ အေဂျင်စီ တွေကနေ ခန့်အပ်နိုင်ရေး အတွက် ရေလုပ်သားတွေ၊ ရေလုပ်ငန်းရှင်တွေနဲ့ အစိုးရ ဌာနဆိုင်ရာတွေက ဒီနေ့ ဆွေးနွေးကြပါတယ်။
2016-07-23
စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့ နယ်က စံပယ်တောင်၊ ကြေးစင်တောင် စီမံကိန်းကြောင့် မြေ ယာသိမ်းဆည်းခံထားရတဲ့ တောင်သူနှစ်ရာလောက် ဟာ မြန်မာယန်စီကုမ္ပဏီက တာဝန် ရှိသူတွေနဲ့ ဒီနေ့ တွေ့ဆုံပြီး မြေယာလျော်ကြေးပေးဖို့နဲ့ ဒေသ ခံ နေ့စားအလုပ်သမားတွေကို အမြဲတန်းဝန်ထမ်း အဖြစ် ခန့်အပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်။
2016-07-23
ရခိုင်ပြည်နယ် စစ်တွေမြို့က ကျောင်းကြီး လမ်း၊ မြောက်စံပြ၊ ပြည်တော်သာ၊ ပါဒလိတ် စတဲ့ ရပ်ကွက် ၄ ခုမှာရှိတဲ့ အရက်ချက်စက်ရုံ ၄ ရုံကို ဒေသခံရဲတပ်ဖွဲ့က ဒီနေ့ ရှောင် တခင် ဝင်ရောက်စစ်ဆေးပြီး အဲ့ဒီအရက်တွေကို သောက် သုံးဖို့သင့် မသင့် ဓာတ်ခွဲစမ်းသပ်စစ်ဆေးသွားမယ်လို့ စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး ဝင်းနောင် က ပြောပါတယ်။
2016-07-23
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် တိလောကရပ်ကွက်မှာ ကူးစက်မြန် အဆုတ်ရောဂါတစ်မျိုးဖြစ်တဲ့ ဆုံဆို့နာရော ဂါ ဖြစ်ပွားနေတဲ့အတွက် အဲ့ဒီရပ်ကွက်မှာ နေထိုင်သူ ၂ဝဝ လောက်ကို ကျန်းမာရေးဦးစီးဌာနက အပြင်သွားလာ ခွင့် ၁ဝ ရက် ပိတ်လိုက်ပါတယ်။
2016-07-23
မလေးရှားနိုင်ငံ ထိန်းသိမ်းရေးစခန်း ၁၁ ခုမှာ ရောက်ရှိနေတဲ့ မြန်မာနိုင်ငံသား ၇ဝဝ နီးပါးကို မလေးရှားနိုင်ငံ မြန်မာသံရုံး အစီအစဉ်နဲ့ သြဂုတ်လ ၃ ရက်နေ့ကစပြီး မြန်မာနိုင်ငံ ကို ပြန်လည်ပို့ဆောင်ဖို့ စီစဉ်နေပါတယ်။
2016-07-23
ချင်းတွင်းမြစ်ရေဟာ စစ်ကိုင်းတိုင်း ခန္တီးမြို့ရဲ့ စိုးရိမ်ရေမှတ်ထက်နှစ်ပေကျော် ကို ရောက်ရှိနေပြီး ခန္တီးမြို့ ရပ်ကွက် ၂ ခုလောက်က မြေနိမ့်ပိုင်းမှာရှိတဲ့ နေအိမ်တွေ ရေနစ်မြုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2016-07-23
ရခိုင်ပြည်နယ်အစိုးရက ရက် ၁၀၀ စီမံချက် ဆောင်ရွက်ချက်တွေကို စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ဒေသခံတွေကို ဒီနေ့ ရှင်းလင်းခဲ့ပါတယ်။
2016-07-23
ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကော်မတီ (မထသ) ကို ဖျက်သိမ်းပြီး ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ လက်အောက်မှာ အများပိုင် ကုမ္ပဏီတွေအဖြစ် တဆင့်ချင်း ဖွဲ့စည်းဆောင်ရွက်သွားဖို့ တိုက်တွန်းလိုက်ပါတယ်။
2016-07-23
ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းက ဒေသခံ ကမန်တိုင်းရင်းသားတွေကို N.V.C လို့ခေါ်တဲ့ အစိမ်းရောင်ကတ်တွေ ထုတ်ပေးတာတွေရပ်တန့် ပြီး နိုင်ငံသား စိစစ်ရေးကတ်တွေ အမြန်ဆုံး ထုတ်ပေး နိုင်ရေးအတွက် ကမန်တိုင်းရင်းသား လူမှု ကွန်ရက်က ဇူလိုင်လ ၁၈ ရက်နေ့ ရက်စွဲနဲ့ နိုင် ငံတော် သမ္မတဦးထင်ကျော်နဲ့ နိုင်ငံတော် အတိုင်ပင် ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ တိုင်ကြား စာ ပေးပို့လိုက်ကြောင်း သိရပါတယ်။