ကျိုင်းတုံမှာ ကျပ်သိန်း ၁၄ဝဝဝ တန်ဖိုးရှိ မူးယစ်ဆေးမိ
2016.07.23
ရှမ်းပြည်နယ် ကျိုင်းတုံမြို့အဝင်မှာ ကျပ်သိန်း ၁၄၀၀၀ တန်ဖိုးရှိတဲ့ ICE အမျိုးအစား မူးယစ်ဆေးတွေ သယ်ဆောင်လာသူတွေကို မနေ့က ဖမ်းဆီးရမိခဲ့ပါတယ်။
မိုင်းခတ်- ကျိုင်းတုံကားလမ်းအတိုင်း သယ်ဆောင်လာတဲ့ကားကို နောင်ဖာရဲကင်းက ရှာဖွေစစ်ဆေးခဲ့တာမှာ ICE မူးယစ်ဆေး ၁ကီလိုပါ ၅၅ ထုတ်ကို သိမ်းဆည်းရမိခဲ့တာဖြစ်တယ်လို့ ရှမ်းပြည်နယ် ရဲချုပ် အောင်အောင် က ပြောပါတယ်။
"မိုင်းခတ်ဖက်ကနေ ကျိုင်းတုံဖက်ကိုလာတဲ့ ကားတစ်စီးကိုကျနော်တို့ရှာတာပေါ့၊ ကားဘော်ဒီအောက်ခန်းထဲမှာ နှစ်ထပ်အံဝှက်လုပ်ပြီးသယ်လာတာ၊ စုစုပေါင်း ၁ ကီလိုထုပ်၊ ၅၅ ထုပ်ပေါ့၊ ကားထဲမှာနှစ်ယောက်ပါတယ်၊ သူတို့က တဆင့်ခံသယ်ပေးတဲ့သဘောပေါ့"
မူးယစ်ဆေးဝါးတွေကို ကားကြမ်းခင်းအောက်မှာ ဝှက်ပြီး သယ်ဆောင်လာတာကို စစ်ဆေး တေ့ွရှိခဲ့တာဖြစ်ပါတယ်။
မူးယစ်ဆေးနဲ့အတူ ဖမ်းမိတဲ့ ယာဉ်မောင်းနဲ့ နောက်လိုက်တစ်ဦးကို ဖမ်းဆီးထားပြီး မူးယစ်ဆေး လွှဲပြောင်း၊ သယ်ယူ ပို့ဆောင် ရောင်းချတဲ့ ပုဒ်မတွေနဲ့ ကျိုင်းတုံရဲစခန်းက အမှုဖွင့်ထားပါတယ်။