သခင်ကိုယ်တော်မှိုင်း နှစ်ပတ် လည် ရန်ကုန်မှာ ကျင်းပ


2016.07.23
thakhin-kotawhmine-52-anni-620.jpg ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၂ နှစ်ပြည့်နဲ့ ဂူဗိမာန်တည်ဆောက်ခြင်းနှစ် ၅၀ ပြည့် အခမ်းအနားကို ရန်ကုန်မြို့ ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်ရှေ့မှာ ကျင်းပနေစဉ်
Photo: RFA

ဆရာကြီးသခင်ကိုယ်တော်မှိုင်း ကွယ်လွန်ခြင်း ၅၂ နှစ်ပြည့်နဲ့ ဂူဗိမာန်တည်ဆောက်ခြင်းနှစ် ၅၀ ပြည့် အခမ်း အနားကို ရန်ကုန်မြို့က ဆရာကြီးရဲ့ ဂူဗိမာန်ရှေ့မှာ ဒီနေ့ကျင်းပကြပါတယ်။

သခင်ကိုယ်တော်မှိုင်းဟာ ပြည်တွင်းငြိမ်းချမ်းရေးလှုပ်ရှားမှုကို ကွယ်လွန်ချိန်အထိဆောင်ရွက်ခဲ့တဲ့အတွက် ဆရာကြီးရဲ့လမ်းစဉ် အတိုင်း မြန်မာပြည်ငြိမ်းချမ်းရေး ရအောင်ဆက်လက်ဆောင်ရွက်ဖို့နဲ့ အဲဒီလိုဆောင်ရွက်တဲ့ အခါမှာ နိုင်ငံရေးအင်အားစုအားလုံးပါဝင်ခွင့်ပြုဖို့ ငြိမ်းချမ်းရေးဖေါ်ဆောင်နေသူတွေ ကိုတိုက်တွန်းကြောင်း ကြေ ညာချက်တစ်စောင်ထုတ်ပြန်ပါတယ်။

အဲဒီတိုက်တွန်းချက်နဲ့ ပတ်သက်လို့ သခင်ကိုယ်တော်မှိုင်းငြိမ်းချမ်းရေးကွန်ယက်အဖွဲ့က ဦးထွန်းဝင်းငြိမ်းက အခုလို ပြောပါတယ်။

"နိုင်ငံရေးအင်အားစုအသီးသီးပါဝင်တဲ့ ညီလာခံကြီးကသာ ပြည်တွင်းငြိမ်းချမ်းရေးကိစ္စကို ဖြေရှင်း နိုင်မယ် လို့ ကျနော်တို့ယုံကြည်တယ်၊ အဲ့လိုအခြေအနေမျိုးမှာ ဟိုအဖွဲ့ကတော့ ဟိုဟာကြောင့် မပါဝင်ဖြစ်ဘူး၊ ဒီအဖွဲ့ ကတော့ ဒါကြောင့်မို့ချန်ထားခဲ့ဖို့လိုတယ်ဆိုတာမျိုးတွေမဖြစ်သင့်ဘူးလို့ ကျနော်တို့မြင်ပါတယ်၊ အမျိုးသား ညီညွတ်ရေး တည်ဆောက်တဲ့အခါမှာ တခြားနိုင်ငံတွေ ရဲ့ငြိမ်းချမ်းရေးဖြေရှင်းရေးလုပ်ငန်းစဉ်တွေနဲ့ မတူဘူးဆိုတာကို သတိပြုစေချင်ပါတယ်၊ လက်ရှိငြိမ်းချမ်းရေးကို ဆောင်ရွက်နေကြတဲ့အစိုးရရော၊ တပ်မတော်ရော ကျန်တဲ့ တိုင်းရင်းသားလက်နက်ကိုင် အင်အားစုတွေကို ကျနော်တို့နှိုးဆော်ထားတာ ရှိပါတယ်"

ဒါ့အပြင် တိုင်းရင်းသားတွေအားလုံးတန်းတူညီမျှရေးရှိလာမယ်ဆိုရင် လက်နက်ကိုင်တိုက်စရာ လိုတော့မှာ မဟုတ်ဘူးလို့ရှုမြင်သလို၊ လူမျိုးမရွေးပါဝင်တဲ့ နိုင်ငံတော်ကာကွယ်ရေးအောက်မှာ စနစ်တကျရှိကြဖို့လိုအပ်တယ် လို့လဲ ဆိုပါတယ်။

ဒါကြောင့် ပြည်တွင်းစစ်ကိုအသုံးချပြီး လူတစ်စုကြီးပွားရေးထူထောင်ထားသူတွေက ပြည်တွင်း ငြိမ်းချမ်းရေးကြိုး ပမ်းမှုပျက်ပြားအောင်လုပ်ဆောင်လာနိုင်တာတွေ ကို သတိပြုကြဖို့ကိုလဲ  သခင်ကိုယ်တော် မှိုင်းငြိမ်းချမ်းရေး ကွန်ယက်အဖွဲ့ရဲ့ကြေညာချက်မှာ တိုက်တွန်းနှိုးဆော်ထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။