ကမန်တိုင်းရင်းသားတွေနဲ့ နိုင်ငံသား စိစစ်ရေးကတ်ပြားအရေး မေးမြန်းချက်
2016.07.23
ရခိုင်ပြည်နယ် သံတွဲမြို့နယ်အတွင်းက ဒေသခံ ကမန်တိုင်းရင်းသားတွေကို N.V.C လို့ခေါ်တဲ့ အစိမ်းရောင်ကတ်တွေ ထုတ်ပေးတာတွေရပ်တန့်ပြီး နိုင်ငံသား စိစစ်ရေးကတ်တွေ အမြန်ဆုံးထုတ်ပေး နိုင်ရေးအတွက် ကမန်တိုင်းရင်းသား လူမှုကွန်ရက်က ဇူလိုင်လ ၁၈ ရက်နေ့ ရက်စွဲနဲ့ နိုင်ငံတော် သမ္မတဦးထင်ကျော် နဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ထံ တိုင်ကြားစာ ပေးပို့လိုက်ကြောင်း သိရပါတယ်။ ဒီတိုင်ကြားစာနဲ့ပတ်သက်ပြီး ကမန်တိုင်းရင်းသား လူမှုကွန်ရက် ဥက္ကဌ ဦးထွန်းငွေကို RFA အဖွဲ့သူ မခင်ခင်အိက ဆက်သွယ်မေးမြန်းထားပါတယ်။