သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2023-10-20
ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မှာ နေထိုင်တဲ့ အိမ်ထောင်စု သုံးထောင်ကျော်ဟာ ရေဘေးဒဏ်ကြုံနေရပြီး အရေးပေါ် စားနပ်ရိက္ခာတွေလည်း လိုအပ်နေတယ်လို့ ပြောပါတယ်။
2023-10-20
ဝက်လက်မြို့နယ် နတ်ကုန်းတောင်ရွာကို စစ်ကောင်စီတပ်က စီးနင်းဝင်ရောက်ပြီးနောက် ရွာသားနှစ်ဦး သတ်ဖြတ်ခံခဲ့ရပါတယ်။
2023-10-19
ဒီပဲယင်းမြို့နယ်၊ ပျော်ဘွယ်ရွာကနေ စစ်ကောင်စီတပ်စစ်ကြောင်းပြန်ထွက်စဉ် အောက်တိုဘာ ၁၉ ရက်က ရွာထဲဝင်ပြီး မီးရှို့ခံထားရတဲ့အိမ်တွေကိုရှင်းလင်းတဲ့ ဒေသခံတွေ မိုင်းထိတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာတွေကြောင့် တစ်ဦး သေဆုံးပြီး၊ ရှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
2023-10-19
ရိုဟင်ဂျာ ဒုက္ခသည် စခန်းတွေမှာ အခြေအနေ အလွန်ဆိုးနေတာကို မျက်မြင်ကြုံခဲ့ရတယ်လို့ အမေရိကန် ဒုလက်ထောက် နိုင်ငံခြားရေးဝန်ကြီး Afreen Akhter က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဘဇားရှိ ဒုက္ခသည်ကယ်ဆယ်ရေးနှင့် နေရပ်ပြန်ပို့ရေးရုံးရှေ့တွင် သတင်းထောက်တွေနဲ့ တွေ့ဆုံရာမှာ ပြောသွားပါတယ်။
2023-10-19
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ဌာနချုပ်အနီးက မုန်လိုင်ခက်စစ်ဘေးဒုက္ခသည်စခန်း အောက်တိုဘာ ၉ ရက်နေ့က တိုက်ခိုက်ခံရပြီး ကလေးငယ်တွေအပါအဝင် အများအပြား သေဆုံးဒဏ်ရာရခဲ့တာဟာ ဗုံးကြဲတိုက်ခိုက်မှုကြောင့်လို့ အာဆီယံက ပြောထားပါတယ်။
2023-10-19
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ အင်းလေးဖောင်တော်ဦးဘုရားဟာ အောက်တိုဘာလ ၁၉ ရက်မှာ ငါးဖယ်ချောင်းရွာကနေ ကြေးစားကျောင်းကို ကြွချီအပူဇော်ခံခဲ့ပါတယ်။
2023-10-19
ဗန်းမော်မြို့မှာ ကေအိုင်အို အရာရှိဟောင်း ဦးဒရှီလဒွယ်နဲ့ ဇနီးကို စစ်ကောင်စီတပ်က နေအိမ်ကနေ ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
2023-10-19
မယဉ်ယဉ်ချိုကို စစ်ကောင်စီတရားရုံးက ထောင် ၃၂ နှစ်နဲ့ သပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန်ကို ထောင် ၁၁ နှစ် ထပ်တိုးချလိုက်တယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2023-10-19
ဖားကန့်မြို့နယ်၊ တာမခန်ကျေးရွာမှာ အောက်တိုဘာ ၁၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကျည် ထိမှန်ပြီး အသက် ၁၂ နှစ်အရွယ် မိန်းကလေးတစ်ဦး သေဆုံးခဲ့တယ်လို့ ပြောပါတယ်။
2023-10-19
ယင်းမာပင်မြို့နယ်မှာ စစ်ကြောင်းက အရပ်သားတစ်ဦးကို သတ်ဖြတ်ပြီး နောက်ထပ်နှစ်ဦးကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားပါတယ်။
2023-10-19
ကျန်ခဲ့တဲ့အထဲက ရိတ်ခါနီးစပါးတွေလည်း မိုးဒဏ်လေဒဏ်တွေကြောင့် တစ်ဧကကို စပါးတင်း ငါးဆယ် ထွက်မယ့်လယ်ဟာ တင်း နှစ်ဆယ်ကျော်လောက်ပဲ ထွက်နှုန်းရှိတော့မယ်။
2023-10-19
ဖားကန့်မြို့၊ ဆန်ခါရွာရှိ လုပ်ကွက်ဟောင်းတစ်ခုမှာ အောက်တိုဘာ ၁၈ ရက် ညက မြေစာပုံပြိုကျတာကြောင့် ရေမဆေးသမား တစ်ဦး သေဆုံးကာ နှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ပြောပါတယ်။
2023-10-19
ကိုးကန့်နဲ့ “ဝ”ဒေသက တရုတ်ရာဇဝတ်ဂိုဏ်းတွေကို နှိမ်နင်းပေးဖို့ ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင် (SHRF) က တိုက်တွန်းလိုက်ပါတယ်။
2023-10-19
နိုင်ငံတစ်ဝန်းက အကျဉ်းထောင်တွေမှာ ထောင်ဝင်စာပစ္စည်းတွေကို လျှော့ချကန့်သတ်လိုက်တယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။
2023-10-18
ထိုင်းနိုင်ငံနဲ့နယ်စပ် ကရင်ပြည်နယ်ထဲက ကျောက်ခက်ကာစီနိုနဲ့ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေကနေ ထွက်ပြေးလာတဲ့ လာအိုနိုင်ငံသား ၁၆ ယောက်ကို မြဝတီရဲစခန်းမှာ လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ ဖမ်းဆီးချုပ်နှောင်ထားတယ်လို့ RFA က စုံစမ်းသိရှိရပါတယ်။