သုံးနှစ်ကြာရပ်နားခဲ့ရတဲ့ အင်းလေးဖောင်တော်ဦးဘုရားပွဲ ပြန်လည်ကျင်းပ

RFA Burmese
2023.10.19
သုံးနှစ်ကြာရပ်နားခဲ့ရတဲ့ အင်းလေးဖောင်တော်ဦးဘုရားပွဲ ပြန်လည်ကျင်းပ ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ အင်းလေးကန်အနီးတစ်ဝိုက်ရွာများသို့ အင်းလေးဖောင်တော်ဦးဘုရား ကြွချီအပူဇော်ခံစဉ်။
Photo: RFA

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ အင်းလေးဖောင်တော်ဦးဘုရားဟာ အောက်တိုဘာလ ၁၉ ရက်မှာ ငါးဖယ်ချောင်းရွာကနေ ကြေးစားကျောင်းကို ကြွချီအပူဇော်ခံခဲ့ပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ အင်းလေးဖောင်တော်ဦးဘုရားကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ အင်းလေးဖောင်တော်ဦးဘုရားကို ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ကိုဗစ်ကာလနဲ့ စစ်အာဏာသိမ်းမှုနောက်ပိုင်း အင်းလေးဖောင်တော်ဦးဘုရားပွဲတော် မကျင်းပနိုင်တာ သုံးနှစ်ရှိပါပြီ။ ဒီနှစ်မှာတော့ ဘုရားပွဲကို ပြန်လည်ကျင်းပခဲ့ပြီး အောက်တိုဘာလ ၁၅ ရက် သတင်းကျွတ်လဆန်း ၁ ရက်ကစလို့ လှည့်လည်ပူဇော်ခံနေတာပါ။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ အင်းလေးကန်အနီးတစ်ဝိုက်ရွာများသို့  အင်းလေးဖောင်တော်ဦးဘုရား ကြွချီအပူဇော်ခံစဉ်။ (Photo: RFA)
၂၀၂၃ ခုနှစ်၊ အောက်တိုဘာလ ၁၉ ရက်နေ့က ရှမ်းပြည်နယ်တောင်ပိုင်း ညောင်ရွှေမြို့ အင်းလေးကန်အနီးတစ်ဝိုက်ရွာများသို့ အင်းလေးဖောင်တော်ဦးဘုရား ကြွချီအပူဇော်ခံစဉ်။ (Photo: RFA)

အင်းလေးကန်အတွင်းက ကျေးရွာတွေကို အောက်တိုဘာလ ၂၈ ရက်အထိ လှည့်လည်အပူဇော်ခံမှာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။