သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2011-10-09
မြန်မာပြည်သူလူထု တရပ်လုံးဆီကနေ သဘောထားလက်မှတ် ၁ သန်း ကောက်ခံပြီး တရုတ်အစိုးရနဲ့ ပြည်သူတွေဆီကို ပေးပို့သွားမယ်လို့ မန္တလေးအခြေစိုက် “စိမ်းရောင်စို” လှုပ်ရှားမှုအဖွဲ့က ပြောပါတယ်။
2011-10-09
တောင်သူလယ်သမားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေနဲ့ လယ်သမားတွေ ဆွေးနွေးပွဲကို ပဲခူးတိုင်း ညောင်လေးပင်မြို့မှာ ဒီကနေ့ ပြုလုပ်ခဲ့ပါတယ်။
2011-10-09
“မြန်မာပြည်ရဲ့ ကြောက်ရွံ့ခြင်းကင်းမဲ့ မှု-အဘယ” လို့ တိုက်ရိုက်အဓိပ္ပာယ် ရတဲ့ Abhaya: Burma’s Fearlessness အမည်ရှိ မြန်မာ့နိုင်ငံရေးအကျဉ်းသား တွေအကြောင်း ရေးသားဖော်ပြထားတဲ့ စာအုပ်တအုပ် ကို ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်တဲ့ တနှစ်ပြည့်ကာလ ဖြစ်တဲ့ နိုဝင်ဘာလ အတွင်းမှာ ထုတ်ဝေမယ်လို့ ထိုင်းနိုင်ငံ River Books စာအုပ်တိုက်က ဒီကနေ့ ကြေညာပါတယ်။
2011-10-09
မြစ်ဆုံ ရေအားလျှပ်စစ်စီမံကိန်းကို ယာယီ ရပ်ဆိုင်းထားတာမျိုး မဟုတ်ဘဲ လုံးဝ ဖျက်သိမ်းပစ်ဖို့ အမေရိကန် ရောက် မြန်မာမိသားစုဝင်တွေ ဝါရှင်တန်ဒီစီ မြို့တော်က တရုတ်သံရုံးရှေ့မှာ မနေ့က ဆန္ဒပြခဲ့ကြပါတယ်။
2011-10-09
မြန်မာနိုင်ငံမှာ ယုံကြည်ချက်ကြောင့် အကျဉ်းကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို ရက်ပိုင်းအတွင်း ပြန်လွှတ်ပေးဖို့ ရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးရွှေမန်းက မနေ့က ထုတ်ဖော် ပြောဆိုခဲ့ပါတယ်။
2011-10-09
အပြောင်းအလဲတွေ တွေ့လာနေရတယ် လို့ ပြောဆိုနေကြတဲ့ မြန်မာနိုင်ငံမှာ ပညာရေး ပြုပြင်ပြောင်းလဲမှု ဆိုင်ရာတွေမှာတော့ ပြောသံဆိုသံ သိပ်မကြားရသေးဘဲ ရှိနေပါတယ်။ မြန်မာပြည် ပြောင်းလဲချင်တယ်ဆိုရင် ပညာရေး ပြောင်းလဲမှုကို လည်း ဦးစားပေးအဆင့်မှာ ထားရှိသင့်တဲ့အကြောင်း အခုတပတ် တနင်္ဂနွေစကားဝိုင်း အစီအစဉ်မှာ ဦးသစ်ဆင်းက စီစဉ်ဆွေးနွေး တင်ပြထားပါတယ်။
2011-10-08
စာပေစိစစ်ရေးအဖွဲ့ မလိုအပ်တော့ဘူး လို့ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ ပြောလိုက်တဲ့အပေါ် ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားတွေအကြား အတော်လေး ရိုက်ခတ်သွားခဲ့ပါတယ်။ ဒီပြောဆိုချက်အပေါ်မှာ ကြိုဆိုကြသလို ဝေဖန်ထောက်ပြတာတွေလည်း ရှိပါတယ်။
2011-10-08
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှာ ပါဝင်တဲ့ ရခိုင် တိုင်းရင်းသားရေးရာ ဝန်ကြီး ဦးဇော်အေးမောင်က သူ့အနေနဲ့ အခုအချိန်အထိ လုပ်ပိုင်ခွင့် ဘာမှမရရှိဘဲ တကယ်လို့ နောက်ထပ် ၆ လ စောင့်ကြည့်လို့မှ ထူးခြားမှု မရှိရင် ဝန်ကြီးအဖြစ်က နုတ်ထွက်မယ်လို့ ဒီကနေ့ ပြောလိုက်ပါတယ်။
2011-10-08
ပြီးခဲ့တဲ့သောကြာနေ့ ညဦးပိုင်းက ဟိုပင်မြို့ ဘူတာရုံအနီးမှာ ဗုံးပေါက်ကွဲတဲ့အတွက် ရထားလမ်း အနည်းငယ် ပျက်စီးသွားတယ်လို့ သိရပါတယ်။
2011-10-08
မြန်မာနိုင်ငံမှာ တရုတ်အစိုးရရဲ့ ရင်းနှီးမြှပ်နှံမှုတွေ ရပ်ဆိုင်းဖို့နဲ့ ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည် တွေကို ကူညီဖို့ အမေရိကန်နိုင်ငံ ရောက် ကချင်နဲ့ တခြား တိုင်းရင်းသားတွေ မနေ့က စုပေါင်း ဆန္ဒပြခဲ့ကြပါတယ်။
2011-10-08
မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်တဲ့ သတင်း၊ ဆောင်းပါးနဲ့ ဓာတ်ပုံတွေကို အရင်ကလို တင်းကြပ်တဲ့ ကန့်သတ်ချက်တွေ မထားတော့ဘဲ ပြည်တွင်းထုတ် သတင်းစာစောင်တွေမှာ လွတ်လပ်စွာ ဖော်ပြခွင့်ပြုနေပြီဖြစ်ကြောင်း မြန်မာနိုင်ငံ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန အကြီးအကဲက ပြောကြားလိုက်ပါတယ်။
2011-10-07
လူ့အခွင့်အရေး ချိုးဖောက်ခံနေရတဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ နစ်နာမှုတွေကို ဖော်ထုတ် တင်ပြနိုင်ဖို့ အတွက် ရခိုင်လူ့အခွင့်အရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့ကို ထိုင်းနိုင်ငံမှာ ဖွဲ့စည်းလိုက်ကြောင်း သိရပါတယ်။
2011-10-07
NLD အမျိုးသမီး အဖွဲ့နဲ့ လူငယ်ကွန်ယက်အဖွဲ့ဝင်တွေက ဒီကနေ့ မနက်ပိုင်းက လှည်းကူးမြို့နယ်မှာ အာဟာရဒါန ပြုလုပ်တဲ့ ပွဲတစ်ခု ပြုလုပ် ခဲ့ပါတယ်။
2011-10-07
မြန်မာနိုင်ငံမှာ CPIC တရုတ် စွမ်းအင်ရင်းနှီးမြုပ်နှံမှု ကော်ပိုရေးရှင်းက တည်ဆောက်နေတဲ့ မြစ်ဆုံဆည် စီမံကိန်းကြောင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှု မရှိနိုင်ကြောင်း တရုတ်အစိုးရပိုင် People's Daily သတင်းစာက ဒီကနေ့ ရေးသားလိုက်ပါတယ်။
2011-10-07
နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ဖို့ သမ္မတ ဦးသိန်းစိန်က စီစဉ်နေတယ်ဆိုတဲ့ သတင်းတွေကြောင့် ထောင်တွင်း နိုင်ငံရေး အကျဉ်းသားတွေ အနေနဲ့ ပြန်လည် လွတ်မြောက်ရေး မျှော်လင့်နေကြတယ်လို့ သိရပါတယ်။