မြစ်ဆုံစီမံကိန်း အပြီးရပ်တန့်ရေး လက်မှတ် ၁ သန်း တရုတ်အစိုးရထံပို့ဖို့ စီစဉ်

မြန်မာပြည်သူလူထု တရပ်လုံးဆီကနေ သဘောထားလက်မှတ် ၁ သန်း ကောက်ခံပြီး တရုတ်အစိုးရနဲ့ ပြည်သူတွေဆီကို ပေးပို့သွားမယ်လို့ မန္တလေးအခြေစိုက် “စိမ်းရောင်စို” လှုပ်ရှားမှုအဖွဲ့က ပြောပါတယ်။

2011.10.09

မန္တလေး မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်၊ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက်မှာ “မပြီးဆုံးသေးသော မြစ်ဆုံ” အမည်နဲ့ ဧရာဝတီနဲ့ သဘာဝ ပတ်ဝန်းကျင်ရေးရာများ ဟောပြောပွဲတရပ်ကို ဒီကနေ့ နေ့လည်၁နာရီက ကျင်းပခဲ့ရာမှာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဟောပြောသူ ဦးဝင်းမျိုးသူရဲ့ ဆွေးနွေးတင်ပြချက်ကို ကိုးကားပြီး ဦးငြိမ်းချမ်းက အခုလိုပြောကြားလိုက်ခြင်း ဖြစ်ပါတယ်။

ဒီဟောပြောပွဲမှာ ဆရာဦးဝင်းမျိုးသူနဲ့ စာရေးဆရာ ကိုတာ တို့ ဟောပြောကြပြီး စိတ်ပါဝင်စားသူ လူ ၂ ရာကျော် တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

ဟောပြောပွဲမှာ ဆရာဦးဝင်းမျိုးသူက ကောက်ခံရရှိတဲ့ လက်မှတ်တွေနဲ့အတူ တရုပ်အစိုးရနဲ့ CPI ကုမ္ပဏီကို သွားရောက် ဆွေးနွေးပြီး မြန်မာပြည်သားတွေရဲ့ သဘောထားကို တင်ပြမယ့်အကြောင်း အကြံပြု ဆွေးနွေးသွားတယ်လို့ သိရပါတယ်။ စာရေးဆရာ ကိုတာ ကတော့ တရုတ်ကုမ္ပဏီတွေကို တိုင်းတာတဲ့ အခြေခံမူ (၆) ချက်နဲ့ ပတ်သက်လို့ ဆွေးနွေးတင်ပြသွားတယ်လို့ တက်ရောက်သူတွေက ပြောပါတယ်။

အခမ်းအနား အဖွင့်အမှာစကား ပြောကြားတဲ့ ကံတက်ကုန်း မစိုးရိမ်ကျောင်းတိုက် ပဓာနဆရာတော် အရှင် ဘဒ္ဒန္တ တေဇောဘာသက- ပြည်သူ့ဆန္ဒနဲ့ ညီညီညွတ်ညွတ်လုပ်ကြရင် ဘာမဆို အောင်မြင်ကြောင်း၊ ရေဘေးကို ရင်ဆိုင်ရာကအစ အခုနောက်ဆုံး ဖြစ်ပွားခဲ့တဲ့ အစာအဆိပ်သင့်မှုမှာလည်း အာဏာပိုင်တွေ အပါအဝင် ပြည်သူတွေ ညီညီညွတ်ညွတ် လုပ်ဆောင်တဲ့အတွက် အောင်မြင်ခဲ့တာ ဖြစ်ကြောင်း မိန့်ကြားသွားတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-10-10 01:15

တစ် နိုင်ငံလုံး ရောင်းစားလို့ ကုန်ပြီး..ဒါလေးတော့ ချမ်းသာပေးကြပါ လို့လက်ရှိ ကြံ့ဖွံ့ အစိုးရကိုပြောချင်ပါတယ်။ပြည်သူတွေ.စာပေအနုပညာရှင်တွေ ဝိုင်းပြီးတော့ ကန့်ကွက်ကြာတာ အားရစရာပဲ.တရုတ်ကတော့ရတာအကုန်ယူမှာပဲ။

Anonymous
2011-10-09 05:48

ကျနော် မြစ်ဆုံစီမံကိန်း လုံးဝရပ်ရန် ၁၀၀% သဘောတူပါသည်

Anonymous
2011-10-10 20:44

don't use china made

Anonymous
2011-10-11 01:29

တို့လဲ လိုက်မယ် ချန်မထားနဲ့ လက်မှတ်ထိုးပေးချင်တာကိုပြောတာပါ.......

Anonymous
2011-10-10 01:06

i dont want 100% this project

Anonymous
2011-10-10 01:13

I don't want myanmar public people nature problem.