စာပေစိစစ်ရေး ဖျက်သိမ်းမယ့်သတင်း စာနယ်ဇင်းသမားတွေကြိုဆို
စာပေစိစစ်ရေးအဖွဲ့ မလိုအပ်တော့ဘူး လို့ စာပေစိစစ်ရေးနဲ့ မှတ်ပုံတင်ဌာန ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ ပြောလိုက်တဲ့အပေါ် ပြည်တွင်းပြည်ပ စာနယ်ဇင်းသမားတွေအကြား အတော်လေး ရိုက်ခတ်သွားခဲ့ပါတယ်။ ဒီပြောဆိုချက်အပေါ်မှာ ကြိုဆိုကြသလို ဝေဖန်ထောက်ပြတာတွေလည်း ရှိပါတယ်။
စာနယ်ဇင်းများကို ရောင်းချရန် ပြင်ဆင် ခင်းကျင်းနေသော ဈေးသည်တဦး ဖြစ်ပါသည်။ (AFP) ဒါနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ စာပေနှင့်စာနယ်ဇင်းအဖွဲ့ အတွင်းရေးမှူး ဦးကိုကို (စက်မှုတက္ကသိုလ်) နဲ့ ပြည်ပအခြေစိုက် Burma Media Association ခေါ် မြန်မာသတင်းသမဂ္ဂ ဥက္ကဋ္ဌ ဦးမောင်မောင်မြင့် တို့ကို ဆက်သွယ်မေးမြန်းပြီး ကိုနေရိန်ကျော်က တင်ပြထားပါတယ်။