မြန်မာနိုင်ငံက တရုတ်ရင်းနှီးမြှုပ်နှံမှုများ အမေရိကန် မြို့ကြီး သုံးမြို့မှာ ဆန္ဒပြ

မြန်မာနိုင်ငံမှာ တရုတ်အစိုးရရဲ့ ရင်းနှီးမြှပ်နှံမှုတွေ ရပ်ဆိုင်းဖို့နဲ့ ကချင်တိုင်းရင်းသား စစ်ပြေးဒုက္ခသည် တွေကို ကူညီဖို့ အမေရိကန်နိုင်ငံ ရောက် ကချင်နဲ့ တခြား တိုင်းရင်းသားတွေ မနေ့က စုပေါင်း ဆန္ဒပြခဲ့ကြပါတယ်။

2011.10.08
dc-china-protest-305 မြန်မာနိုင်ငံအတွင်း တရုတ် ရင်းနှီးမြှပ်နှံမှုများ ရပ်ဆိုင်းရေးအတွက် အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမြို့တော်ရှိ တရုတ်သံရုံးရှေ့တွင် ၂ဝ၁၁ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့က ဆန္ဒပြခဲ့ကြသည့် အမေရိကန်ရောက် မြန်မာတိုင်းရင်းသားများ။
RFA

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီ မြို့တော်က တရုတ်အစိုးရ သံရုံးရှေ့အပြင် တက်ဆက်စ် ပြည်နယ် ဟူစတန်မြို့နဲ့ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိမ်ဂျလိစ်မြို့က တရုတ်အစိုးရ ကောင်စစ်ဝန်ရုံးတွေရှေ့မှာ ဆန္ဒပြခဲ့ကြတာပါ။

ဒီ ဆန္ဒပြပွဲတွေကို အမေရိကန်နိုင်ငံရောက် ကချင်၊ ကရင်နဲ့ ချင်းတိုင်းရင်းသား လူမှုအဖွဲ့အစည်းတွေ စုပေါင်း ကျင်းပခဲ့တာဖြစ်ပြီး မြို့ကြီး ၃ ခုမှာ တပြိုင်နက်တည်း ကျင်းပခဲ့တာပါ။ ဝါရှင်တန်ဒီစီမြို့က ဆန္ဒပြပွဲမှာတော့ ဆန္ဒပြသူ အင်အား ၆ဝ ခန့် ရှိခဲ့ပါတယ်။

ဆန္ဒပြသူတွေရဲ့ တောင်းဆိုချက် ၂ ခုကတော့ မြန်မာနိုင်ငံက မြစ်ဆုံ ရေအားလျှပ်စစ် စီမံကိန်း အပါအဝင် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို လုံးဝ ရပ်ဆိုင်းထားဖို့နဲ့ ကချင်ပြည်နယ်အတွင်း အစိုးရရဲ့ ထိုးစစ်ကြောင့် စစ်ပြေးဒုက္ခသည်တွေ ထွက်ပြေး ပုန်းရှောင်နေရတာကို ကူညီဖို့ ဖြစ်တယ်လို့ ဝါရှင်တန်ဒီစီ တရုတ်သံရုံးရှေ့က ဆန္ဒပြပွဲကို ဦးဆောင်သူတဦး ဖြစ်တဲ့ ကိုဂွမ်ဆန်မောင်က ပြောပါတယ်။

ကချင်ပြည်နယ်အတွင်း ဆက်တိုက် ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကြောင့် ထွက်ပြေး ပုန်းရှောင်နေရတဲ့ စစ်ပြေးဒုက္ခသည် ၂ သောင်းကျော် ရှိနေတယ်လို့ ဆန္ဒပြသူတွေက ပြောပါတယ်။ လောလောဆယ် KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့ အပါအဝင် အနီးပတ်ဝန်းကျင်မှာ စစ်ပြေး ဒုက္ခသည်စခန်း ၇ ခု ရှိတယ်လို့လည်း သိရပါတယ်။

ဒီ ဆန္ဒပြပွဲ အကြောင်းနဲ့ ကချင် စစ်ပြေးဒုက္ခသည်တွေရဲ့ အခြေအနေကို အာအက်ဖ်အေ အဖွဲ့သား ကိုဝင်းနိုင်က စုစည်း တင်ပြထားပါတယ်။

စုစည်းတင်ပြချက်။
အသံဖိုင်ယူရန်။
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

Anonymous
2011-10-08 00:16

Barking the wrong trees.