NLD ပါတီရဲ့ အာဟာရဒါနအလှူ လှည်းကူးမြို့နယ်မှာ ပြုလုပ်

NLD အမျိုးသမီး အဖွဲ့နဲ့ လူငယ်ကွန်ယက်အဖွဲ့ဝင်တွေက ဒီကနေ့ မနက်ပိုင်းက လှည်းကူးမြို့နယ်မှာ အာဟာရဒါန ပြုလုပ်တဲ့ ပွဲတစ်ခု ပြုလုပ် ခဲ့ပါတယ်။

2011.10.07

ဒီကုသိုလ်ပွဲဟာ ဒုတိယအကြိမ်မြောက် ပြုလုပ်တဲ့ ပွဲဖြစ်ပြီး လှည်းကူ့းမြို့နယ် မရမ်းချောင်းရွာမှာ ရှိတဲ့ မေတ္တာ ပရဟိတ ကျွေးမွေး စောင့်ရှောက်ရေး ဂေဟာမှာ ပြုလုပ်ခဲ့တာပါ။

ဒီကနေ့ အလှူမှာ လူ ၂၀၀ ကျော်ကို မနက်စာ ကျွေးမွေးတာ ပါဝင်တယ်လို့ အဖွဲ့ ချုုပ် ပြန်ကြားရေးအဖွဲ့ ဝင် ဦးအုန်းကြိုင်က ပြောပြပါတယ်။

“အဲဒီဂေဟာမှာ ရောဂါသည် ၁၃၀ ရှိပါတယ်။ မရမ်းချောင်းကျေးရွာသူ ရွားသား ၇၀ ကျော်နဲ့ဆိုရင် လူ ၂၀၀ ကျော်ကို မုန့်မျိုးစုံ အထည်အလိပ်မျိုးစုံ ဆေးမျိုးစုံနဲ့ တစ်နေ့တာ ကျွေးမွေးစရိတ် ကျပ် ၃ သောင်း အပါအဝင် ငွေကြေးတွေ လှူဒန်းခဲ့တာ ဖြစ်ပါတယ်”

ဒီပွဲကို NLD ဗဟို အမျိုးသမီးအဖွဲ့က ဒေါက်တာဒေါ်မေဝင်းမြင့် ဦးစီးသွားရောက်ခဲ့တာ ဖြစ်ပြီး လူငယ်ကွန်ယက် အဖွဲ့ဝင်တွေလည်း လိုက်ပါ ကြပါတယ်။

ဒီကနေ့ မနက်ပိုင်းက လူနာတွေကို ကျွေးမွေး လှူဒါန်းခဲ့သလို စိတ်ဓာတ် မြှင့်တင်ရေးအတွက် လူငယ် ကွန်ယက် အဖွဲ့ဝင် တွေရဲ့ စီစဉ်ချက်အရ ကိုရဲလွင်ဦးဆောင်တဲ့ မဇ္ဈိမလှိုင်း အဖွဲ့ကလည်း တေးဂီတတွေနဲ့ ဖျော်ဖြေခဲ့ကြတယ်လို့ သိရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။