သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2021-12-30
စစ်ကောင်စီအနေနဲ့ အခုရက်ပိုင်းအတွင်း အာဏာသိမ်းတာကို ဆန့်ကျင်ခဲ့တဲ့ အနုပညာရှင်တွေကို ထောင်ဒဏ်ချတာတွေ ဆက်တိုက် လုပ်လာပါတယ်။ ဒါဟာ ပြည်သူကို အကြောက်တရားပေးဖို့ ပြည်သူချစ်တဲ့ အနုပညာရှင်တွေကို စံပြအနေနဲ့ အပြစ်ပေးပြနေတာလို့ သုံးသပ်သူတွေက ပြောပါတယ်။
2021-12-30
တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စပ်ရေးစာချုပ် NCA ပါ စည်းကမ်းချက် မလိုက်နာတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအပေါ် အရေးယူသွားမယ်လို့ ဒီဇင်ဘာ ၃၀ ရက်နေ့ နေ့စွဲနဲ့ အာဏာသိမ်းစစ်ကောင်စီဘက်က ထုတ်ပြန်ထားပါတယ်။
2021-12-30
မကြာခင်က ကယားပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှု တွေအတွင်း၊ လူသားချင်းစာနာမှု အကူအညီပေးရေး လုပ်သားတွေနဲ့ အရပ်သား ပြည်သူတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တာဟာ လူ့အခွင့်အရေးနဲ့ နိုင်ငံတကာ ဥပဒေတွေကို ပြောင်ပြောင် တင်းတင်း ချိုးဖောက်လိုက်တာဖြစ်ပြီး၊ လက်ခံနိုင်စရာမရှိဘူးလို့ ဥရောပသမဂ္ဂ (EU) ရဲ့ နိုင်ငံခြားရေးရာဌာန အဆင့်မြင့် ကိုယ်စားလှယ် ဂျိုးဆက် ဘောရဲလ်က မနေ့က ကြေငြာချက်ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
2021-12-30
ဒီ ၂၀၂၁ ခုနှစ်ဟာ မြန်မာပြည်သူတွေအဖို့တော့ ကံဆိုးမိုးမှောင်ကျခဲ့တဲ့ နှစ်တစ်နှစ်လို့ ဆိုရမှာပါ။
2021-12-30
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ် နှမ်းခါးရွာမှာ ဒီဇင်ဘာလ ၂၉ ရက်မနေ့ညပိုင်းက စစ်ကောင်စီတပ်သားတွေ ဝင်ရောက်ပစ်ခတ်မှုကြောင့် တစ်ဦး သေဆုံးပြီး နေအိမ်အချို့လည်း ဖျက်ဆီးခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2021-12-30
စစ်အာဏာသိမ်းမှု ၁၁ လ မြောက်ဖြစ်တဲ့ အခု ဒီဇင်ဘာတစ်လ တည်းမှာတင် RFA က သီးသန့်ကောက်ယူထားတဲ့ စာရင်းတွေအရ ကယားပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းတို့မှာ အနည်းဆုံး အရပ်သားပြည်သူ ၆၁ ဦး အစုအပြုံလိုက် အသတ်ခံခဲ့ရပြီး နှစ်ဖက်တိုက်ပွဲတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးရတဲ့ စစ်ဘေးဒုက္ခသည် ၄၀၀၀၀ ကျော်ရှိနေပါတယ်။
2021-12-30
မတရားလုယူခံထားရတဲ့ အခွင့်အရေးတွေနဲ့ နိုင်ငံရေးစနစ်ကို မမှိတ်မသုန် တွန်းလှန်တိုက်ဖျက်ကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး က ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၂ မှာ ကျရောက်မယ့် ၂၇၆၁ ခုနှစ် ကရင့်အမျိုးသားဆိုင်ရာ နှစ်သစ်ကူးနေ့ သဝဏ်လွှာမှာ တိုက်တွန်းလိုက်ပါတယ်။
2021-12-30
ရှမ်းပြည်နယ် (မြောက်ပိုင်း) မြန်မာ - တရုတ်နယ်စပ် မူဆယ်မြို့က ငွေဆင်အိမ်ယာ အနားမှာ ဒီဇင်ဘာလ ၂၉ ရက် မနေ့ည ၁၀ နာရီလောက်က စစ်ကောင်စီလက် အောက်ခံ ပြည်သူ့စစ်အဖွဲ့ဝင်အချင်းချင်း ပစ်ခတ်မှုဖြစ်လို့ တစ်ဦး သေဆုံးပြီး ရဲ တပ်ဖွဲ့ တစ်ဦး အပါအဝင် သုံးဦး ဒဏ်ရာရခဲ့တယ်လို့ မူဆယ်ဒေသခံတွေက ပြောပါတယ်။
2021-12-30
လက်နက်မဲ့သူ ၄၀ ကို အစုလိုက်၊ အပြုံလိုက် သတ်ဖြတ်မှုနဲ့ တခြား ပြစ်မှုတွေ အတွက် မြန်မာစစ်တပ်က တာဝန်ခံ တာဝန်ယူဖို့ ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ကရင်နီ အဖွဲ့အစည်း ၆၇ ဖွဲ့က ဒီနေ့ တိုက်တွန်းလိုက်ပါတယ်။
2021-12-30
စစ်ကောင်စီက ဖမ်းဆီးထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (NLD) အစိုးရ လက်ထက် မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်ဟာ အိုးဘိုအကျဉ်း ထောင်ထဲမှာ အအေးပက်ဖျားပြီး ကျန်းမာရေးမကောင်းဖြစ်နေတယ်လို့ ရှေ့နေ အသိုင်းဝိုင်းက ပြောပါတယ်။
2021-12-30
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ လေး ကေ့ကော်မှာဖြစ်ပွားတဲ့ ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က တပ်ခွဲမှူးအဆင့်ရှိသူ အပါအဝင် ခုနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိတယ် လို့ ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။
2021-12-30
ရခိုင်နဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ အင်တာနက်လိုင်းပြန်ဖွင့်ပေးဖို့ တောင်းဆို တာကြောင့် ဖမ်းဆီးတရားစွဲခံထားရတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က လူငယ် နှစ်ဦးကို ကျောက်ဖြူမြို့နယ်တရားရုံးက ဒီဇင်ဘာ ၃၀ ရက် ဒီနေ့မှာ ငွေဒဏ်ချလိုက်ပါတယ်။
2021-12-30
အဖမ်းခံထားရတဲ့ မဇ္ဈိမသတင်းဌာနရဲ့ နေပြည်တော်အခြေစိုက် သတင်းအယ်ဒီတာ ကိုသန်းထိုက်အောင်ကို ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့ နေပြည်တော် ဇဗ္ဗူသီရိမြို့နယ် တရားရုံးမှာ လူကိုယ်တိုင် ရုံးထုတ်ခဲ့ပါတယ်။
2021-12-30
ပဲခူးတိုင်း (အနောက်ခြမ်း) ပြည်မြို့ အကျဉ်းထောင်မှာ ဖမ်ဆီးထိန်းသိမ်းခံထားရတဲ့ NLD ပါတီ လွှတ်တော် ကိုယ်စားလှယ်နဲ့ ပါတီဝင်၊ သတင်းထောက်၊ နိုင်ငံရေး တက် ကြွလှုပ်ရှားသူနဲ့ ပရဟိတသမား ၄၀ ဦးကို ဒီဇင်ဘာလ ၂၉ ရက် မနေ့က ထောင်ဒဏ်တွေအသီးသီး ချမှတ်လိုက်တယ် လို့ တရားရုံးနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
2021-12-30
အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးထားတဲ့ အနုပညာရှင်တွေထဲက သရုပ်ဆောင် အကယ်ဒမီ လူမင်းနဲ့ ရဲတိုက် တို့ကို ဒီဇင်ဘာ ၃၀ ရက် ဒီကနေ့မှာပဲ အင်းစိန်ထောင် အတွင်း တရားရုံးက အလုပ်ကြမ်းနဲ့ ထောင်ဒဏ် (၃) နှစ်ချလိုက်ပါတယ်။