KNU နယ်မြေ လေးကေ့ကော်မှာ စစ်ကောင်စီဘက်က ခုနှစ်ဦးအဖမ်းခံရ

2021.12.30
KNU နယ်မြေ လေးကေ့ကော်မှာ စစ်ကောင်စီဘက်က ခုနှစ်ဦးအဖမ်းခံရ လေးကေ့ကော်တိုက်ပွဲမှာ KNLA က ဖမ်းမိခဲ့တဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကို ၂၀၂၁ ဒီဇင်ဘာ ၃၀ ရက်နေ့က တွေ့ရစဉ်
Photo: CJ

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်က ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ထိန်းချုပ်နယ်မြေ လေးကေ့ကော်မှာဖြစ်ပွားတဲ့ ဒီဇင်ဘာလ ၃၀ ရက် ဒီနေ့ တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က တပ်ခွဲမှူး အဆင့်ရှိသူ အပါအဝင် ခုနှစ်ဦးကို လက်နက်ခဲယမ်းတွေနဲ့ ဖမ်းမိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်က ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အိမ်စီးကားကိုသုံးပြီး နေရာရွှေ့ပြောင်းချိန် ရသေ့ဂူရွာမှာ ဖမ်းဆီးရမိခဲ့တာဖြစ် တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံ ပြည်သူ့ကာကွယ် ရေးတပ်ရဲ့ ထိုင်း - မြန်မာ နယ်စပ် တောင်ပိုင်းစစ်ဌာနချုပ်အဖွဲ့ဝင် ဦးရဲမင်းက RFA ကို ပြောပါတယ်။

"ဟုတ်ပါတယ် ခုနှစ်ဦး ဖမ်းမိထားပါတယ်၊ တပ်ခွဲမှူး အဆင့်တစ်ဦးနဲ့ တပ်သားခြောက်ဦး ဖမ်းမိထားတယ်၊ ကားတစ်စီးနဲ့ လက်နက်လည်းပါပါတယ်၊ အခု သူတို့အကုန်လုံးကို သက်ဆိုင်ရာမှာ ထိန်းသိမ်းထားပါ တယ်"

ဒီနေ့ အဖမ်းခံလိုက်ရတဲ့ စစ်ကောင်စီတပ်သားတွေ အဖမ်းဆီးခံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ် ဇော်မင်းထွန်းက RFA ကို အခုလို ပြောပါတယ်။

"အဲ့ဒီခုနှစ်ယောက်က ဟိုဘက်စခန်းနဲ့ ဒီဘက်စခန်းကို ရိက္ခာသွားပို့တဲ့သူတွေ ဖြစ်ပါတယ်။ လမ်းကနေ ဖြတ်ပြီးဖမ်းလိုက်တာ ဖြစ်ပါတယ်။ KNU ဗဟိုနဲ့ JMC လမ်းကြောင်းအတိုင်း လှမ်းပြောနေတာရှိပါတယ်"

ဒီဇင်ဘာ ၁၆ ရက်နေ့ကလည်း လေးကေ့ကော်မှာ ဖြစ်ပွားခဲ့တဲ့ KNLA၊ ပြည်သူ့ကာကွယ်ရေးတပ်နဲ့ စစ် ကောင်စီတပ်တို့ရဲ့ တိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ ခမရ (၂၇၅) က တပ်ဖွဲ့ဝင် ခြောက်ဦးနဲ့ နယ်ခြားစောင့်တပ် (BGF) က နှစ်ဦးကို KNLA က ဖမ်းဆီးရမိခဲ့ပါတယ်။

လေးကေ့ကော်မြို့ကို စစ်ကောင်စီဘက်က ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတာပါ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။