သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-10-31
ကုလသမဂ္ဂ တတိယကော်မတီအစည်းအဝေးက ဆွေးနွေးချက်တွေဟာ ဂုဏ်သရေညှိုးနွမ်းစေတဲ့ လုပ်ရပ်တွေလို့ စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာလ ၃၁ ရက် ဒီကနေ့ ကြေညာချက်ထုတ်ပြန်ပါတယ်။
2022-10-31
မန္တလေးတိုင်း၊ ရမည်းသင်းအကျဉ်းထောင်မှာ နိုင်ငံရေးပုဒ်မတွေနဲ့ အကျဉ်းကျခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်နှိပ်စက်တာတွေ လုပ်နေတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတွေက အောက်တိုဘာလ ၃၁ ရက် ဒီနေ့ RFA ကို ပြောပါတယ်။
2022-10-31
တစ်နေ့လုပ်အားခ ကျပ် ၄၈၀၀ ဟာ လက်ရှိတက်နေတဲ့ ကုန်ဈေးနှုန်းနဲ့ မကိုက်ညီလို့ သင့်တင့်မျှတတဲ့ အနည်းဆုံး လုပ်ခလစာ တစ်နေ့ ၄၈၀၀ ကျပ်ကနေ ၈၀၀၀ ကျပ် တိုးပေးဖို့ တောင်းဆိုခဲ့ကြတာပါ။
2022-10-31
ရန်ကုန်မြို့က အင်းစိန်အကျဉ်းထောင် ပေါက်ကွဲမှုဖြစ်ပြီးနောက်ပိုင်း တစ်နိုင်ငံလုံး ပိတ်ထားခဲ့တဲ့ ထောင်တွင်း အထူးတရားရုံးနဲ့ ထောင်ဝင်စာပို့ခွင့်ကို အောက်တိုဘာ ၃၁ ရက် ဒီနေ့မနက်ပိုင်း ပြန်စဖွင့်လိုက်တယ်လို့ အင်းစိန်ထောင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-10-30
သံဃသမဂ္ဂ(မန္တလေး)ရဲ့ ဦးဆောင်သံဃာတစ်ပါးဖြစ်တဲ့ ဆရာတော်ဦးကလျာဏကို စစ်ကောင်စီက အောက်တိုဘာလ ၃ဝ ရက်နေ့က ဖမ်းဆီးသွားပါတယ်။
2022-10-30
နိုင်ငံရေးအကျပ်အတည်းကို ကျော်လွှားနိုင်ဖို့ အင်အားစုအားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲဖြစ်မြောက်ဖို့ ကြိုးပမ်းသွားမယ်လို့ PPST က ကြေညာချက်ထုတ်ပြန်ပြောပါတယ်။
2022-10-30
ဧရာဝတီတိုင်း၊ ကျိုက်လတ်မြို့နယ်မှာ ပြီးခဲ့တဲ့အောက်တိုဘာ ၂၁ ရက်ကစလို့ ဒေသခံ ၁၀ ဦးထက်မနည်း စစ်ကောင်စီတပ်ဖွဲ့တွေက ဖမ်းဆီးထားတယ်လို့ ကျိုက်လတ်မြို့ခံတွေက RFA ကို ပြောပါတယ်။
2022-10-30
မကွေးတိုင်း၊ ထီးလင်းမြို့နယ် ထန်းပင်ကုန်းရွာကို ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၇ ရက်နေ့က စစ်ကောင်စီတပ်နဲ့ ပျူစောထီး အင်အား ၁၃၀ လောက် မီးရှို့ခဲ့လို့ အိမ်ခြေ ၇၀ နီးပါး မီးလောင်သွားခဲ့တယ်လို့ ယောဒေသကာကွယ်ရေးတပ် (YDF) ရဲ့ သတင်းပြန်ကြားရေး တာဝန်ခံက RFA ကို ပြောပါတယ်။
2022-10-30
ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်အစပ် မိုးဗြဲနဲ့ ဖယ်ခုံမြို့နယ်ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး လက်နက်ကြီးကြောင့် ဒေသခံသုံးဦးသေဆုံးခဲ့သလို ရွာပေါင်း ၁၀ ရွာက ဒေသခံနှစ်သောင်းကျော် နေရပ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ မိုးဗြဲဒေသခံတွေနဲ့ စစ်ဘေးဒုက္ခသည်အရေး ကူညီပေးနေသူတွေက ပြောပါတယ်။
2022-10-30
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက်မြို့ ရဲစခန်းကို အောက်တိုဘာလ ၂၉ ရက် မနေ့ ညနေ ၄ နာရီခွဲကျော်ခန့်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ် (PDF) အဖွဲ့စုံ ပူးပေါင်းပြီး ဝင်ရောက်တိုက်ခိုက်ခဲ့လို့ စခန်းမှူး အပါအဝင် ရဲ ၁၁ ဦး သေဆုံးသွားတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။
2022-10-30
မကွေးတိုင်း၊ ရေစကြိုမြို့နယ်ထဲက ရွာလေးရွာကို အောက်တိုဘာလ ၂၉ ရက် မနေ့က စစ်ကောင်စီတပ်သားတွေ မီးရှို့ခဲ့တာကြောင့် နေအိမ် နှစ်ရာနီးပါး ပျက်စီးခဲ့ပြီး အဲဒီရွာတွေက ဒေသခံ ငါးထောင်ထက်မနည်း ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-10-30
ကချင်ပြည်နယ် ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) တို့အကြား နေ့စဉ်နီးပါးတိုက်ပွဲဖြစ်နေပြီး အောက်တိုဘာလ ၂၉ ရက်မနေ့ကလည်း စစ်ကောင်စီတပ်က ပစ်လိုက်တဲ့ လက်နက်ကြီးကြောင့် ဒေသခံသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ မိုးမောက် ဒေသခံတွေက ပြောပါတယ်။
2022-10-30
ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) ရဲ့အထွေထွေအတွင်းရေးမှူးနေရာမှာ ဒုတိယဗိုလ်ချုပ်ကြီးဟောင်းလည်းဖြစ်၊ ပျော်ဘွယ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်းလည်းဖြစ်သူ ဦးသောင်းအေး ဖြစ်လာတယ်လို့ ပါတီသတင်းရင်းမြစ်တစ်ခုက RFA ကို ပြောပါတယ်။
2022-10-30
နိုင်ငံရေးအကျဉ်းသားဟောင်းနဲ့ မြန်မာနိုင်ငံ စာနယ်ဇင်းသမဂ္ဂ ဥက္ကဋ္ဌဟောင်း ဦးဇော်သက်ထွေးဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၁၈ ရက်နေ့ ညပိုင်းမှာ ဖမ်းဆီးခံခဲ့ရပြီးနောက် ၁၀ ရက်အကြာ မနေ့ညနေပိုင်းမှာ ပြန်လည်လွတ်မြောက်လာပြီလို့ မိသားစုနဲ့ နီးစပ်သူတစ်ဦးက RFA ကို ပြောပါတယ်။
2022-10-29
ထိုင်းနိုင်ငံကို အလုပ်ရှာဖို့ တရားမဝင် ဝင်လာတာကြောင့် ဖမ်းဆီးထိန်းသိမ်းခံရလို့ တရားဥပဒေအရ ပြစ်ဒဏ်ခံရပြီးနောက် လွတ်ရက်စေ့ မြန်မာလုပ်သား အမျိုးသား ၁၄၃ ဦးနဲ့ အမျိုးသမီး ၄၆ ဦးတို့ကို ထိုင်းနိုင်ငံတောင်ပိုင်း ရနောင်းမြို့ကနေ မြန်မာနိုင်ငံ ကော့သောင်းမြို့ကို ပို့ဆောင်လိုက်တယ်လို့ ဖော်ပြထားပါတယ်။