သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2022-09-21
ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြခဲ့တဲ့ အမျိုးသမီး ခုနစ်ဦးနဲ့ အမျိုးသားတစ်ဦး စုစုပေါင်း ရှစ်ဦးကို ဖားကန့်မြို့နယ် တရားရုံးကနေ စက်တင်ဘာ ၂၀ ရက် မနေ့က ထောင်ဒဏ်အသီးသီး ချမှတ်လိုက်တယ်လို့ သပိတ်ကော်မတီဝင်တစ်ဦးက RFA ကို ပြောပါတယ်။
2022-09-21
နေထိုင်ရေးအတွက် အဆင်ပြေပေမယ့် စားနပ်ရိက္ခာအတွက် ပြင်ပအလှူရှင်တွေနဲ့ အလှမ်းဝေးနေတာကြောင့် အခက်အခဲဖြစ်နေကြရတာလို့ ဒုက္ခသည်တွေက ပြောကြပါတယ်။
2022-09-21
စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာ အလယ်တန်းကျောင်းကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့အပေါ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယိုဂူတာရက်စ်က စက်တင်ဘာ ၂၀ ရက် မနေ့က ပြင်းပြန်းထန်ထန်ရှုတ်ချလိုက်ပါတယ်။
2022-09-21
စစ်ကိုင်းတိုင်းနဲ့ နယ်မြေချင်းထိစပ်နေတဲ့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ဝက်ခုတ်ရွာမှာ စက်တင်ဘာ ၁၉ ရက်နေ့က စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာပြီး ရွာသား နှစ်ဦး ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံတွေက RFA ကို ပြောပါတယ်။
2022-09-21
ပိတ်သိမ်းခံရတဲ့ ပုံနှိပ်လုပ်ငန်းနဲ့ ထုတ်ဝေရေးလုပ်ငန်းတွေအနေနဲ့ မီဒီယာအမျိုးအစားတစ်ခုခုကို အသုံးပြုပြီး ဒါမှမဟုတ် နည်းပညာတစ်ခုခုကိုအသုံးပြုပြီး ပုံနှိပ်ထုတ်ဝေတာတွေမလုပ်ဖို့လည်း သတိပေးထားပါတယ်။
2022-09-21
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ အရှေ့ဘက်ခြမ်းနဲ့ အနောက်ဘက်ခြမ်းရွာတွေကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေတာကြောင့် စက်တင်ဘာလ ၂၁ ရက် ဒီနေ့မနက်အစောပိုင်းကစလို့ ရွာပေါင်း ၁၀ ကျော်က ဒေသခံ တစ်သောင်းကျော်ခန့် ဘေးလွတ်ရာကို တိမ်းရှောင်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-09-20
မွေ့တုံရွာမှာ အိမ်ခြေ ၃၅၀ ကျော်ရှိပြီး၊ ဇန်နဝါရီလမှာ စစ်ကောင်စီတပ်သားတွေက ပထမဆုံးအကြိမ် မီးရှို့သွားလို့ အိမ် ၁၇၀ ကျော် မီးလောင်ပျက်စီးရပါတယ်။ ဧပြီလမှာတစ်ခါ ဒုတိယအကြိမ် မီးရှို့ခံရလို့ အိမ် ၃၀ ကျော် မီးလောင်ခဲ့တယ်လို့ ပြောကြပါတယ်။
2022-09-20
အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့ ကုလသမဂ္ဂဌာနချုပ်မှာ အထွေထွေညီလာခံ ကျင်းပနေချိန်မှာပဲ မြန်မာနိုင်ငံမှာတော့ စစ်ကောင်စီရဲ့လေကြောင်းသုံး တိုက်ခိုက်မှုကြောင့် ကလေးငယ် ခုနှစ်ဦး အပါအဝင် ၁၃ ဦးသေဆုံးသွားပါတယ်။
2022-09-20
မြန်မာနိုင်ငံတွင်းက လူ့အခွင့်အရေးချိုးဖောက်မှု သက်သေအထောက်အထားတွေ စုဆောင်းကောက်ယူမှတ်တမ်းပြုနိုင်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ မြန်မာဆိုင်ရာ လွတ်လပ်တဲ့စုံစမ်းစစ်ဆေးရေးယန္တရား(IIMM) ကို ဝိုင်းဝန်းပံ့ပိုးကြဖို့ ဗြိတိန်လူ့အခွင့်အရေးဆိုင်ရာ သံအမတ် Rita French က စက်တင်ဘာလ ၂ဝ ရက်နေ့ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့က ကုလလူ့အခွင့်အရေးညီလာခံမှာ တိုက်တွန်းပြောကြားလိုက်ပါတယ်။
2022-09-20
မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှာကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ကြိတင်သိရှိခဲ့တယ်လို့ လွတ်မြောက်နယ်မြေတစ်နေရာကို မကြာခင်ကရောက်ရှိလာခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၂၀၁၅ ရွေးကောက်ပွဲကာလ မဟာဗျူဟာရေးဆွဲရာမှာ ပါဝင်သူ ဦးနိုင်ကိုကိုက ထုတ်ဖော်ပြောကြားပါတယ်။
2022-09-20
ရခိုင်ပြည်နယ် မြောက်ဦးမြို့ပေါ်မှာနေထိုင်တဲ့ သတင်းထောက်ဟောင်း ကိုမြတ်သူထွန်း ခေါ် ဖိုးသီဟကို စက်တင်ဘာလ ၂၀ ရက် ဒီနေ့နေ့လယ်ပိုင်း စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ လာဖမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
2022-09-20
ပခုက္ကူထောင်က လွတ်မြောက်သွားသူတွေထဲမှာ 96 Solider တပ်ဖွဲ့ဝင် PDF နှစ်ဦးနဲ့ အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုကြောင့် အဖမ်းခံထားရတဲ့ အရပ်သားသုံးဦး ပါဝင်ပါတယ်။
2022-09-20
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်းရှင် ဦးမောင်ဝိတ်ဆီကနေ ဒေါ်လာတွေ လက်ခံရယူခဲ့တယ်ဆိုပြီး စွပ်စွဲထားတဲ့ အဂတိမှုနှစ်မှုကို အောက်တိုဘာ ၄ ရက် လာမယ့်ရုံးချိန်းမှာ အပြီးသတ်လျှောက်လဲဖို့ရှိတယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
2022-09-20
အမေရိကန်ရဲ့ စီးပွားရေးအပေါ် ပိတ်ဆို့မှုတွေ လုပ်ပြီးနောက်မှာတော့ စက်တင်ဘာလ ၁၉ ရက်နေ့မှာပဲ တူရကီနိုင်ငံက ဘဏ်နှစ်ခုဟာ ဒီ Mir ကတ်ကို လက်မခံတော့ဘူးလို့ Reuters သတင်းဌာနက မနေ့က ဖော်ပြထားပါတယ်။
2022-09-20
တိုက်ပွဲတွေပြင်းထန်နေတဲ့ ရှမ်းပြည်တောင်ပိုင်းက မိုးဗြဲမြို့မှာ စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်နဲ့ စက်တင်ဘာလ ၁၉ ရက် မနေ့မနက်ပိုင်းက ထိုးဖောက်ဝင်ရောက်ပြီး နေရာယူထားတာကြောင့် ဒေသခံ ၁၀၀ ကျော် ပိတ်မိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။