သတင်းနှင့် ဆောင်းပါးများ သိုမှီးရေးစနစ်
2014-09-19
မြင်းခြံမြို့က အမှတ် ၁၆ မူလတန်းကျောင်းမြေမှာ မန္တလေးတိုင်း အစိုးရအဖွဲ့ဝင် ဝန်ကြီးတစ်ဦးက လူနေအိမ်တွေဆောက်လုပ်နေတာကို ကန့်ကွက် ဆန္ဒပြခဲ့တဲ့ သူတွေထဲက ၄ ဦးကို ပုဒ်မ ၁၈ နဲ့ တရားစွဲထားပြီး ဒီနေ့ မှာတော့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၂ လဆီကျခံဖို့ မြင်းခြံ ခရိုင်တရားရုံးက အမိန့်ချလိုက်ပါတယ်။
2014-09-19
မလေးရှားနိုင်ငံမှာ အလုပ်လုပ်နေ တဲ့ မြန်မာနိုင်ငံဖွား တိုင်းရင်းသားတွေ အသတ်ခံနေရတာ တစ်နှစ်ကျော်အတွင်း အနည်းဆုံး အယောက် ၂၀ ကျော်ရှိနေပြီး၊ တရားခံကိုလည်း ဖေါ် ထုတ်ဖမ်းဆီးနိုင်တာ မရှိတဲ့အတွက် မြန်မာ အလုပ်သမားတွေ အထိတ်တလန့်ဖြစ်နေကြတယ်လို့ စုံစမ်းသိရှိရပါတယ်။
2014-09-19
မြန်မာနိုင်ငံမှာ ငွေကျပ် ၅၀၀၀ တန် အတုလုပ်နေတာတွေကို ကာကွယ်နိုင်ဖို့အတွက် ၅ ထောင်တန် ငွေစက္ကူအသစ်တွေကို လာမယ့် အောက်တိုဘာ ၁ ရက်နေ့မှာ စတင်ထုတ်ဝေမှာ ဖြစ်တယ်ဆိုပေမဲ့ အရင် ၅ ထောင်တန် အဟောင်းတွေကိုလည်း ဆက်သုံးခွင့်ရှိမယ်လို့ ဗဟိုဘဏ်ကပြောပါတယ်။
2014-09-19
ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာ စက်မှုဇုန်၂ မှာရှိတဲ့ ယီမင်ဖိနပ်စက်ရုံက အလုပ်သမား ၄၀၀ ကျော် တောင်းဆိုနေတဲ့ တစ်ရက်လုပ်ခ ကျပ် ၁၈၀ နဲ့ ရှားပါးစရိတ် တစ်လကျပ် ၁ သောင်းခွဲအထိ တိုးပေးဖို့ကို အလုပ်ရှင်က ဒီနေ့ သဘောတူလိုက်ပါတယ်။
2014-09-19
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့ နည်းပညာတက္ကသိုလ် မှာ ကျောင်းသားကျောင်းသူတွေရဲ့ စာမေးပွဲအဖြေ လွှာတွေ ပျောက်ဆုံးခဲ့တာကြောင့် ကျောင်းအုပ်ချုပ်ရေးက အားလုံးပြန်ဖြေဖို့ ညွှန်ကြားချက် ထုတ်ပြန်ခဲ့ရာမှာ ကျောင်း သူကျောင်းသားတွေက ကန့်ကွက်လိုက်ကြပါတယ်။
2014-09-19
စာနယ်ဇင်းကျင့်ဝတ်နဲ့ မညီတဲ့ သတင်း မီဒီယာတွေကို အများပြည်သူအကျိုးစီပွား အတွက် ကန့်ကွက်သွားမယ်လို့ ပြန်ကြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ဒီနေ့ ပြောလိုက် ပါတယ်။
2014-09-19
မြန်မာနိုင်ငံအနေနဲ့ ပြည်ပချေးငွေတွေကို လက်ခံရ မှာဖြစ်သလို အဲဒီချေးငွေတွေ အသုံးပြုမယ့် စီမံကိန်းတွေ ရွေးချယ်ရာမှာ လည်း မှန်ကန်ဖို့ လိုအပ်တယ်လို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
2014-09-18
လွန်ခဲ့တဲ့ ၂ဝဝ၇ ခုနှစ်က ပခုက္ကူ၊ မန္တလေးနဲ့ ရန်ကုန်မြို့တွေမှာ သံဃာတော်တွေ ဦးဆောင် ဆန္ဒပြခဲ့ ကြတဲ့ ရွှေဝါရောင်တော်လှန်ရေးနေ့ (၇) နှစ်ပြည့် အထိမ်းအမှတ်အခမ်းအနားကို ရန်ကုန်မြို့ ဓမ္မပီယ ကျောင်းတိုက်နဲ့၊ မန္တလေးမြို့ မဟာမင်းထင်ကျောင်းတိုက်တို့မှာ ဒီကနေ့ ကျင်းပ ခဲ့ပါတယ်။
2014-09-18
စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်မယ့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်မြို့မှာ ကဗျာရွတ်ဆိုပွဲတွေ ကျင်းပနေကြပါတယ်။
2014-09-18
မြန်မာ့သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြန်ကြားရေး ဝန်ကြီးဌာနနဲ့ ပြည်တွင်းပြည်ပ သတင်းမီဒီယာသမားတွေ ဆွေးနွေးပွဲကို ရန်ကုန်မြို့ ချက်ထရီယံဟိုတယ်မှာ ဒီကနေ့ စက်တင်ဘာလ ၁၈ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ၂ ရက်ကြာ ကျင်းပနေပါတယ်။
2014-09-18
အမေရိကန်ပြည်ထောင်စုကို ခေတ္တ ရောက်ရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးစိုးဝင်းကို ပါတီရဲ့ မူဝါဒသဘောထား တွေနဲ့ ပတ်သက်ပြီး RFA အဖွဲ့သား ကိုကျော်ကျော်အောင်က တွေ့ဆုံ မေးမြန်းထားပါတယ်။
2014-09-18
မြန်မာနိုင်ငံနဲ့သင့်လျော်မယ့် ရွေးကောက်ပွဲ စနစ် ၃ မျိုးတွေ့ရတယ်လို့ပြည်သူ့လွှတ်တော် ရွေးကောက်ပွဲစနစ် လေ့လာရေးကော်မရှင်က ဒီနေ့ကျင်းပတဲ့ နောက်ဆုံးအစည်းအဝေးကနေ ဆုံးဖြတ် လိုက်ပါတယ်။
2014-09-18
လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးမှာ ဒေသခံတွေနဲ့အတူ ဝမ်ပေါင် ကုမ္ပဏီက တရုတ်နိုင်ငံသား ၂ ဦး ကို ခေတ္တထိန်းသိမ်းရာမှာ ပါဝင်ခဲ့တဲ့အတွက် ဖမ်းဆီးခံ ထားရတဲ့ ကျောင်းသူ မဖြူနှင်းထွေး ကိုလွှတ်ပေးဖို့ ဗကသများအဖွဲ့ချုပ်က ဒီနေ့ သတင်းစာရှင်းလင်းပွဲ မှာ တောင်းဆိုလိုက်ပါတယ်။
2014-09-18
ကျန်းမာရေးဝန်ကြီးဌာနအတွက် ကမ္ဘာ့ဘဏ်ကနေ အမေရိကန်ဒေါ်လာ သန်းတစ်ရာ ချေးယူဖို့ ဒီနေ့ ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။
2014-09-18
ရခိုင်ပြည်နယ်မှာ ရခိုင်တိုင်းရင်းသားလူငယ်တွေ ဦးဆောင်တဲ့ "ရခိုင့်နိုင်ငံရေး မျိုးဆက်သစ် အင်အားစု" အမည်နဲ့ အဖွဲ့သစ်တစ်ဖွဲ့ကို စစ်တွေမြို့မှာ ဒီနေ့ ဖွဲ့စည်းခဲ့ပါတယ်။